ဒီလအကုန်မှာ အသင်းသား ၁၁ ဦးအထိ ထွက်ခွာမယ်လို့ ယူနိုက်တက် အတည်ပြု

ယူနိုက်တက်အသင်းက ကစားသမား ၁၁ ဦးအနေနဲ့

စာချုပ်သက်တမ်းကုန်ဆုံးမယ့် ယခုလအကုန်မှာ
အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း
ထုတ်ပြန်ကြေညာပါတယ်။
အသင်းကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပြီးဖြစ်တဲ့
လင်ဂတ်၊ ပေါ့ဂ်ဘာ၊ မာတာ၊ မာတစ်တို့နဲ့အတူ

ကာဗာနီနဲ့ လီဂရန့်တို့လည်း အသင်းနဲ့
လမ်းခွဲတော့မှာဖြစ်ပြီး အကယ်ဒမီကစားသမား ၅ဦးလည်း
အသင်းကနေ ထွက်ခွာမယ်လို့ သိရပါတယ်။
ကစားသမားဘဝကနေ အနားယူလိုက်တဲ့
ပေါလ်မက်ရှိန်းက အသင်းရဲ့ပရော်ဖက်ရှင်နယ်

ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့မှာ နည်းပြတစ်ဦးအဖြစ်
ဆက်လက်တာဝန်ယူမှာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ရှိ
ဂိုးသမား ပေါလ်ဝူလ်စတန်ကတော့ ပြင်းထန်တဲ့
တင်ပါးဒဏ်ရာကြောင့် ကစားသမားဘဝကနေ
စောစောစီးစီး အနားယူလိုက်ရပါတယ်။

သူဟာ ဧပြီလက အဲဒီဒဏ်ရာရခဲ့တာဖြစ်ပြီး
တကယ်လို့ ဆက်ကစားမယ်ဆိုရင် လမ်းတောင်
လျှောက်နိုင်မှာမဟုတ်တော့ဘူးလို့ ဆရာဝန်တွေက သတိပေးခဲ့ရပါတယ်။
ယူနိုက်တက်စီနီယာဂိုးသမားတွေဖြစ်တဲ့
ဒဟေးယားနဲ့ ဒင်းဟန်ဒါဆန်တို့က ဝူလ်စတန်ကို

အားပေးစကား ပြောခဲ့ပါတယ်။
ပေါ့ဂ်ဘာဟာ လွန်ခဲ့တဲ့ ၆ နှစ်က
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး (ထိုစဉ်က)
ပေါင် ၈၉သန်းနဲ့ ရောက်လာခဲ့ပြီးနောက်
ယခုတော့ ဂျူဗင်တပ်စ်ကိုပဲ အလွတ်နဲ့

ပြန်ရောက်ဖို့ ရာခိုင်နှုန်းများနေပါတယ်။
ယူနိုက်တက်မှာ ၈ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့
မာတာက ပရီးမီးယားလိဂ်မှာ ဆက်ကစားလိုတယ်လို့
ဖွင့်ဟခဲ့ပြီး ၂၀၂၀-၂၁ ဒုတိယရာသီဝက်က
လင်ဂတ်ကို အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဝက်စ်ဟမ်းက

အင်္ဂလန်လက်ရွေးစင်ကို အလွတ်နဲ့
ထပ်မံခေါ်ယူဖို့ နီးစပ်နေပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ မာတစ်က
ဆရာဟေင်း မော်ရင်ညိုရှိရာ ရိုးမားကို
ပြောင်းရွှေ့ဖို့ သဘောတူညီမှု

ရထားသလို ကာဗာနီကလည်း ရီးရဲလ်နဲ့
စာချုပ်ချုပ်ဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi

ဒီလအကုန္မွာ အသင္းသား ၁၁ ဦးအထိ ထြက္ခြာမယ္လို႔ ယူႏိုက္တက္ အတည္ျပဳ
ယူႏိုက္တက္အသင္းက ကစားသမား ၁၁ ဦးအေနနဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ယခုလအကုန္မွာ
အသင္းကေန ထြက္ခြာမွာျဖစ္ေၾကာင္း
ထုတ္ျပန္ေၾကညာပါတယ္။

အသင္းကေန ထြက္ခြာမယ္လို႔ အတည္ျပဳထားၿပီးျဖစ္တဲ့
လင္ဂတ္၊ ေပါ့ဂ္ဘာ၊ မာတာ၊ မာတစ္တို႔နဲ႔အတူ
ကာဗာနီနဲ႔ လီဂရန္႔တို႔လည္း အသင္းနဲ႔
လမ္းခြဲေတာ့မွာျဖစ္ၿပီး အကယ္ဒမီကစားသမား ၅ဦးလည္း
အသင္းကေန ထြက္ခြာမယ္လို႔ သိရပါတယ္။

ကစားသမားဘ၀ကေန အနားယူလိုက္တဲ့
ေပါလ္မက္ရွိန္းက အသင္းရဲ႕ပေရာ္ဖက္ရွင္နယ္
ဖြံ႕ၿဖိဳးတိုးတက္မႈအဖဲြ႕မွာ နည္းျပတစ္ဦးအျဖစ္
ဆက္လက္တာ၀န္ယူမွာျဖစ္ၿပီး အသက္ ၂၃ ႏွစ္အရြယ္ရွိ
ဂိုးသမား ေပါလ္ဝူလ္စတန္ကေတာ့ ျပင္းထန္တဲ့

တင္ပါးဒဏ္ရာေၾကာင့္ ကစားသမားဘ၀ကေန
ေစာေစာစီးစီး အနားယူလိုက္ရပါတယ္။
သူဟာ ဧၿပီလက အဲဒီဒဏ္ရာရခဲ့တာျဖစ္ၿပီး
တကယ္လို႔ ဆက္ကစားမယ္ဆိုရင္ လမ္းေတာင္
ေလွ်ာက္ႏိုင္မွာမဟုတ္ေတာ့ဘူးလို႔ ဆရာ၀န္ေတြက သတိေပးခဲ့ရပါတယ္။

ယူႏိုက္တက္စီနီယာဂိုးသမားေတြျဖစ္တဲ့
ဒေဟးယားနဲ႔ ဒင္းဟန္ဒါဆန္တို႔က ဝူလ္စတန္ကို
အားေပးစကား ေျပာခဲ့ပါတယ္။
ေပါ့ဂ္ဘာဟာ လြန္ခဲ့တဲ့ ၆ ႏွစ္က
ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး (ထိုစဥ္က)

ေပါင္ ၈၉သန္းနဲ႔ ေရာက္လာခဲ့ၿပီးေနာက္
ယခုေတာ့ ဂ်ဴဗင္တပ္စ္ကိုပဲ အလြတ္နဲ႔
ျပန္ေရာက္ဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။
ယူႏိုက္တက္မွာ ၈ ႏွစ္ၾကာ ျဖတ္သန္းခဲ့တဲ့
မာတာက ပရီးမီးယားလိဂ္မွာ ဆက္ကစားလိုတယ္လို႔

ဖြင့္ဟခဲ့ၿပီး ၂၀၂၀-၂၁ ဒုတိယရာသီ၀က္က
လင္ဂတ္ကို အငွားနဲ႔ ေခၚယူခဲ့ဖူးတဲ့ ၀က္စ္ဟမ္းက
အဂၤလန္လက္ေရြးစင္ကို အလြတ္နဲ႔
ထပ္မံေခၚယူဖို႔ နီးစပ္ေနပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ မာတစ္က

ဆရာေဟင္း ေမာ္ရင္ညိဳရွိရာ ႐ိုးမားကို
ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ
ရထားသလို ကာဗာနီကလည္း ရီးရဲလ္နဲ႔
စာခ်ဳပ္ခ်ဳပ္ဆိုဖြယ္ရွိေနတယ္လို႔ သိရပါတယ္။