ဒီလစ်နဲ့ ပိုက်ဆံရှာဖို့ လုပ်နေတဲ့ ရွိုင်အိုလာ

စူပါအေးဂျင့်ရွိုင်အိုလာကမားသီးယပ်စ်ဒီလစ်မှာဂျူဗင်တပ်စ်အသင်းမှ

ထွက်ခွာရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၂နှစ်အရွယ်ရှိဒတ်ချ်လက်ရွေးစင်နောက်ခံလူဟာဂျူဗင်တပ်စ်တွင်

တစ်နှစ်လုပ်ခယူရို၈သန်းအထိရရှိနေပြီးဂျူဗင်တပ်စ်ရဲ့

လုပ်ခအမြင့်မားဆုံးကစားသမားလည်းဖြစ်ပါတယ်။

နောက်ခံလူ ဒီလစ်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်အသင်း ကနေ

ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး

အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးကာ

သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး

ယူရို ၈၀သန်း ဝန်းကျင် ပေးချေရနိုင်ပါတယ်။

ပွဲစားကြီး ရွိုင်အိုလာဟာလွန်ခဲ့တဲ့တစ်ပတ်ကျော်တုန်းက

ဂျူဗင်တပ်စ်ဒုဥက္ကဌနက်ဗက်နှင့်တွေ့ဆုံကာဒီလစ်ရဲ့အနာဂတ်နှင့်

ပတ်သက်ပြီးဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ရွိုင်အိုလာက “ဒီလစ်ကနောက်ထပ်ခြေလှမ်းသစ်တစ်ခုအတွက်အဆင်သင့်ဖြစ်နေပါပြီ။

သူကိုယ်တိုင်ကလည်းအဲဒီလိုပဲတွေးပါတယ်”လို့ပြောကြားပါတယ်။

ဒီလစ် ၊ ဟာလန်း ၊ ပေါ့ဘာ ၊ အီဘရာဟီမိုဗစ်တို့လို နာမည်ကျော် ကစားသမားတွေရဲ့

အေးဂျင့်ဖြစ်သူ ရွိုင်အိုလာဟာ အေးဂျင့်ခ မြောက်မြားစွာ တောင်းခံလေ့ ရှိသလို

သူ့ရဲ့ ကစားသမားတွေကို မကြာခဏ အသင်းပြောင်းအောင်

လုပ်ဆောင်လေ့ ရှိတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့

ရင်ဆိုင်နေရတဲ့ အေးဂျင့် တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရွိုင်အိုလာကတော့ သူ့အပေါ် ဝေဖန်မှုတွေကို ဂရုစိုက်ခြင်း မရှိဘဲ

သူ့ရဲ့ ကစားသမားတွေကို မကြာခဏ ဆိုသလို အသင်းပြောင်းအောင်

စည်းရုံးလေ့ ရှိသလို သက်ဆိုင်ရာ အသင်းတွေရဲ့ ခွင့်ပြုချက်တွေ မရပဲ

ကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကိုလည်း သူ့သဘောနဲ့သူ ထုတ်ပြောလေ့ ရှိပါတယ်။

zawgyi

ဒီလစ္နဲ႔ ပိုက္ဆံရွာဖို႔ လုပ္ေနတဲ့ ႐ြိဳင္အိုလာ

စူပါေအးဂ်င့္႐ြိဳင္အိုလာကမားသီးယပ္စ္ဒီလစ္မွာဂ်ဴဗင္တပ္စ္အသင္းမွ

ထြက္ခြာရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၂ႏွစ္အ႐ြယ္ရွိဒတ္ခ်္လက္ေ႐ြးစင္ေနာက္ခံလူဟာဂ်ဴဗင္တပ္စ္တြင္

တစ္ႏွစ္လုပ္ခယူ႐ို၈သန္းအထိရရွိေနၿပီးဂ်ဴဗင္တပ္စ္ရဲ႕

လုပ္ခအျမင့္မားဆုံးကစားသမားလည္းျဖစ္ပါတယ္။

ေနာက္ခံလူ ဒီလစ္ဟာ ၂၀၁၉ခုႏွစ္ကမွ ေအဂ်က္အသင္း ကေန

ဂ်ဴဗင္တပ္စ္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၅သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး

အသင္းနဲ႔ ၂၀၂၄ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးကာ

သူ႔ကို ေခၚယူခ်င္တဲ့ အသင္းေတြဟာ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး

ယူ႐ို ၈၀သန္း ဝန္းက်င္ ေပးေခ်ရႏိုင္ပါတယ္။

ပြဲစားႀကီး ႐ြိဳင္အိုလာဟာလြန္ခဲ့တဲ့တစ္ပတ္ေက်ာ္တုန္းက

ဂ်ဴဗင္တပ္စ္ဒုဥကၠဌနက္ဗက္ႏွင့္ေတြ႕ဆုံကာဒီလစ္ရဲ႕အနာဂတ္ႏွင့္

ပတ္သက္ၿပီးေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

႐ြိဳင္အိုလာက “ဒီလစ္ကေနာက္ထပ္ေျခလွမ္းသစ္တစ္ခုအတြက္အဆင္သင့္ျဖစ္ေနပါၿပီ။

သူကိုယ္တိုင္ကလည္းအဲဒီလိုပဲေတြးပါတယ္”လို႔ေျပာၾကားပါတယ္။

ဒီလစ္ ၊ ဟာလန္း ၊ ေပါ့ဘာ ၊ အီဘရာဟီမိုဗစ္တို႔လို နာမည္ေက်ာ္ ကစားသမားေတြရဲ႕

ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာဟာ ေအးဂ်င့္ခ ေျမာက္ျမားစြာ ေတာင္းခံေလ့ ရွိသလို

သူ႔ရဲ႕ ကစားသမားေတြကို မၾကာခဏ အသင္းေျပာင္းေအာင္

လုပ္ေဆာင္ေလ့ ရွိတာေၾကာင့္ ျပင္းထန္တဲ့ ေဝဖန္မႈေတြနဲ႔

ရင္ဆိုင္ေနရတဲ့ ေအးဂ်င့္ တစ္ဦးပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ႐ြိဳင္အိုလာကေတာ့ သူ႔အေပၚ ေဝဖန္မႈေတြကို ဂ႐ုစိုက္ျခင္း မရွိဘဲ

သူ႔ရဲ႕ ကစားသမားေတြကို မၾကာခဏ ဆိုသလို အသင္းေျပာင္းေအာင္

စည္း႐ုံးေလ့ ရွိသလို သက္ဆိုင္ရာ အသင္းေတြရဲ႕ ခြင့္ျပဳခ်က္ေတြ မရပဲ

ကစားသမားေတြရဲ႕ အေျပာင္းအေ႐ႊ႕ေတြကိုလည္း သူ႔သေဘာနဲ႔သူ ထုတ္ေျပာေလ့ ရွိပါတယ္။