ဒီရှုံးပွဲအတွက် ဖြေရှင်းချက် မပေးနိုင်လောက်အောင် စကားလုံးပျောက်ဆုံးခဲ့တယ် -ဘာနာဒိုဆေးလ်ဗား

အိမ်ကွင်းမှာ ဆားဘီးယားကို ၁-၂ နဲ့ ရှုံးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလား

တိုက်ရိုက်ခြေစစ်ပွဲအောင်ခွင့်လွဲချော်သွားတဲ့ ပေါ်တူဂီနဲ့ ပတ်သက်ပြီး

ပရိသတ်တွေက လူမှုကွန်ရက်တွေကတစ်ဆင့် ပြင်းထန်စွာ

ဝေဖန်နေကြပါတယ်။ အထူးသဖြင့် အဲ့ဒိ ဆားဘီးယားပွဲမှာ

ခြေစွမ်းမပြနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို အဓိကထားပြီးလည်း ပရိသတ်တွေက

ဝေဖန်ပြစ်တင်နေကြပါတယ်။ ပေါ်တူဂီဟာ ဆာဘီးယားကို

သရေကစားနိင်ရုံနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့်

နောက်ကျဂိုးပေးခဲ့ရပြီး ရှုံးနိမ့်တဲ့အထိ ဖြစ်သွားခဲ့ရတာပါ။

ပေါ်တူဂီအတွက် ရီနာတိုဆန်းချက်စ်က ပွဲအစ ၂ မိနစ်ကတည်းက

ဉီးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဆားဘီးယားအတွက် တာဒစ်က

(၃၃)မိနစ်မှာ ချေပဂိုးသွင်းပြီး မီထရိုဗစ်က မိနစ် (၉ဝ)မှာ

အနိင်ဂိုးသွင်းသွားခဲ့တာပါ။ ဒီအနိုင်ပွဲ‌ကြောင့် ဆာဘီးယားအသင်းဟာ

အုပ်စု(A)မှာ ပထမနေရာရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့ပေမယ့်

ပေါ်တူဂီကတော့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ မတ်လအတွင်းမှာ Playoff

ဆက်လက်ယှဉ်ပြိုင်ရတော့မှာပါ။

ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်အစား

လူစားဝင်ကစားခဲ့တဲ့ မန်စီးတီကစားသမား ဘာနာဒိုဆေးလ်ဗားကတော့

ဒီရှုံးပွဲအတွက် ဖြေရှင်းချက် မပေးနိုင်လောက်အောင် စကားလုံး

ပျောက်ဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ” ပေါ်တူဂီပရိသတ်တိုင်းကို

ကျွန်တော် တောင်းပန်ပါတယ်။ ဒီပွဲကို သူတို့ မကြည့်ခဲ့သင့်ပါဘူး။

ဆားဘီးယားကပဲ အလုံးစုံ လွမ်းမိုးအသာစီးရခဲ့တာပါ။ ဒီကနေ့ပွဲက

ပေါ်တူဂီကစားသမားတွေရဲ့ စွမ်းဆောင်မှုက လက်ခံနိုင်စရာ မရှိဘူး” လို့လည်း

ဆေးလ်ဗားက ဝန်ခံခဲ့ပါတယ်။

zawgyi

ဒီရႈံးပြဲအတြက္ ေျဖရွင္းခ်က္ မေပးႏိုင္ေလာက္ေအာင္ စကားလုံးေပ်ာက္ဆုံးခဲ့တယ္ -ဘာနာဒိုေဆးလ္ဗား

အိမ္ကြင္းမွာ ဆားဘီးယားကို ၁-၂ နဲ႔ ရႈံးနိမ့္ခဲ့လို႔ ကမာၻ႔ဖလား

တိုက္႐ိုက္ေျခစစ္ပြဲေအာင္ခြင့္လြဲေခ်ာ္သြားတဲ့ ေပၚတူဂီနဲ႔ ပတ္သက္ၿပီး

ပရိသတ္ေတြက လူမႈကြန္ရက္ေတြကတစ္ဆင့္ ျပင္းထန္စြာ
ေဝဖန္ေနၾကပါတယ္။ အထူးသျဖင့္ အဲ့ဒိ ဆားဘီးယားပြဲမွာ

ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ေရာ္နယ္ဒိုကို အဓိကထားၿပီးလည္း ပရိသတ္ေတြက

ေဝဖန္ျပစ္တင္ေနၾကပါတယ္။ ေပၚတူဂီဟာ ဆာဘီးယားကို

သေရကစားနိင္႐ုံနဲ႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္မွာျဖစ္ေပမယ့္

ေနာက္က်ဂိုးေပးခဲ့ရၿပီး ရႈံးနိမ့္တဲ့အထိ ျဖစ္သြားခဲ့ရတာပါ။

ေပၚတူဂီအတြက္ ရီနာတိုဆန္းခ်က္စ္က ပြဲအစ ၂ မိနစ္ကတည္းက

ဉီးေဆာင္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဆားဘီးယားအတြက္ တာဒစ္က

(၃၃)မိနစ္မွာ ေခ်ပဂိုးသြင္းၿပီး မီထ႐ိုဗစ္က မိနစ္ (၉ဝ)မွာ

အနိင္ဂိုးသြင္းသြားခဲ့တာပါ။ ဒီအႏိုင္ပြဲ‌ေၾကာင့္ ဆာဘီးယားအသင္းဟာ

အုပ္စု(A)မွာ ပထမေနရာရခဲ့ၿပီး ကမာၻ႔ဖလားေျခစစ္ပြဲ ေအာင္ျမင္သြားခဲ့ေပမယ့္

ေပၚတူဂီကေတာ့ ကမာၻ႔ဖလားဝင္ခြင့္ရဖို႔ မတ္လအတြင္းမွာ Playoff

ဆက္လက္ယွဥ္ၿပိဳင္ရေတာ့မွာပါ။ ဒုတိယပိုင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္အစား

လူစားဝင္ကစားခဲ့တဲ့ မန္စီးတီကစားသမား ဘာနာဒိုေဆးလ္ဗားကေတာ့

ဒီရႈံးပြဲအတြက္ ေျဖရွင္းခ်က္ မေပးႏိုင္ေလာက္ေအာင္ စကားလုံး

ေပ်ာက္ဆုံးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ” ေပၚတူဂီပရိသတ္တိုင္းကို

ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ဒီပြဲကို သူတို႔ မၾကည့္ခဲ့သင့္ပါဘူး။

ဆားဘီးယားကပဲ အလုံးစုံ လြမ္းမိုးအသာစီးရခဲ့တာပါ။ ဒီကေန႔ပြဲက

ေပၚတူဂီကစားသမားေတြရဲ႕ စြမ္းေဆာင္မႈက လက္ခံႏိုင္စရာ မရွိဘူး” လို႔လည္း

ေဆးလ္ဗားက ဝန္ခံခဲ့ပါတယ္။