ဒီရာသီ ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမား ၂ဦးကို ထုတ်ပြောလာတဲ့ ကာဗာနီ

ယူနိုက်တက်အသင်းတိုက်စစ်မှူး ကာဗာနီက

ယခုရာသီမှာ အသင်းက ခြေစွမ်း
တစ်သမတ်တည်းရဖို့ ရုန်းကန်ခဲ့ရပေမယ့်
တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဂိုးသမား ဒဟေးယားတို့က
အသင်းရဲ့အကောင်းဆုံးကစားသမားတွေဖြစ်တယ်လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက်

ပရီးမီးယားလိဂ်မှာ ရမှတ်အနည်းဆုံးရာသီနဲ့
ရင်ဆိုင်ခဲ့ရပြီး အခုဆိုရင်
၅ရာသီဆက် ဖလားလက်မဲ့ဖြစ်နေရပါတယ်။
ယူနိုက်တက်ဟာ နည်းပြဟောင်း ဆိုးလ်ရှားနဲ့
ယာယီနည်းပြဟောင်း ရန်းနစ်တို့ရဲ့လက်အောက်မှာ

ရုန်းကန်ခဲ့ရပြီး အခုတော့ အမြဲတမ်းနည်းပြအဖြစ်
တန်ဟတ်ကို ခန့်အပ်ထားပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ကာဗာနီလည်း
ဆိုးရွားတဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး
ဒဏ်ရာပြဿနာတွေကြောင့်

ပြိုင်ပွဲစုံပွဲ ၂၀ မှာ ၂ဂိုးပဲသွင်းယူကာ
ဂိုးဖန်တီးမှု ၂ကြိမ်ပဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဇွန်လကုန်မှာ အသင်းနဲ့ စာချုပ်
သက်တမ်းကုန်ဆုံးတော့မယ့်
ကာဗာနီက ”ဒီရာသီမှာ ခြေစွမ်း

တစ်သမတ်တည်းနဲ့ ကောင်းကောင်း
ကစားနိုင်သူက ရော်နယ်ဒိုပါ။
တိုက်စစ်မှူးတစ်ယောက်အတွက်
ဖြစ်လေ့ဖြစ်ထရှိတဲ့ ဂိုးပေါက်ပျောက်ခဲ့တဲ့
ကာလတိုလေးကလွဲလို့ ရော်နယ်ဒိုဟာ

ကျွန်တော်တို့အသင်းမှာ ခြေစွမ်း
အမှန်ဆုံးကစားသမားဖြစ်ပါတယ်။
သူပြီးရင်တော့ ဒဟေးယားပါ။
သူတို့နှစ်ယောက်ဟာ အသင်းရဲ့
စွမ်းဆောင်ရည် တစ်သမတ်တည်းအရှိဆုံး

ကစားသမားတွေဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ ယခုရာသီမှာ
အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ်
ပြိုင်ပွဲစုံ ၃၈ပွဲမှာ ၂၄ ဂိုးအထိ
သွင်းယူခဲ့ပြီး အသက် ၃၇ နှစ်အရွယ်ရှိ

ရော်နယ်ဒိုအနေနဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးဖို့ တစ်နှစ်ကျန်နေသေးတာကြောင့်
ရာသီသစ်ကျရင် နည်းပြသစ် တန်ဟတ်ရဲ့
ဦးဆောင်မှုနဲ့အတူ အသင်းကို
ဆက်လက်ဦးဆောင်ကစားဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီ
ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၇ဂိုး၊
ပေးဂိုး ၅၇ ဂိုးရှိခဲ့ပြီး ခံစစ်ပိုင်းက
ဂိုးတွေအများအပြားပေးခဲ့ရပေမယ့်
ဒဟေးယားကတော့ အထူးလက်စွမ်းပြနိုင်ခဲ့ပြီး

ဒီလိုလက်စွမ်းပြနိုင်ခဲ့လို့လည်း
အသင်းဘက်က သူ့ကို ၂၀၂၅ အထိ
ရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့
ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Zawgyi

ဒီရာသီ ယူႏုိက္တက္ရဲ႕အေကာင္းဆုံးကစားသမား ၂ဦးကို ထုတ္ေျပာလာတဲ့ ကာဗာနီ
ယူႏုိက္တက္အသင္းတုိက္စစ္မွဴး ကာဗာနီက
ယခုရာသီမွာ အသင္းက ေျခစြမ္း

တစ္သမတ္တည္းရဖို႔ ရုန္းကန္ခဲ့ရေပမယ့္
တုိက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ ဂိုးသမား ဒေဟးယားတို႔က
အသင္းရဲ႕အေကာင္းဆုံးကစားသမားေတြျဖစ္တယ္လုိ႔ ေျပာပါတယ္။
ယူႏုိက္တက္ဟာ အသင္းသမုိင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္မွာ ရမွတ္အနည္းဆုံးရာသီနဲ႔

ရင္ဆုိင္ခဲ့ရၿပီး အခုဆုိရင္
၅ရာသီဆက္ ဖလားလက္မဲ့ျဖစ္ေနရပါတယ္။
ယူႏုိက္တက္ဟာ နည္းျပေဟာင္း ဆုိးလ္ရွားနဲ႔
ယာယီနည္းျပေဟာင္း ရန္းနစ္တို႔ရဲ႕လက္ေအာက္မွာ
ရုန္းကန္ခဲ့ရၿပီး အခုေတာ့ အၿမဲတမ္းနည္းျပအျဖစ္

တန္ဟတ္ကို ခန္႔အပ္ထားပါတယ္။
အသက္ ၃၅ ႏွစ္အရြယ္ရွိ ကာဗာနီလည္း
ဆုိးရြားတဲ့ရာသီနဲ႔ ရင္ဆုိင္ခဲ့ရၿပီး
ဒဏ္ရာျပႆနာေတြေၾကာင့္
ၿပိဳင္ပြဲစုံပြဲ ၂၀ မွာ ၂ဂိုးပဲသြင္းယူကာ

ဂိုးဖန္တီးမႈ ၂ႀကိမ္ပဲ ျပဳလုပ္ေပးႏုိင္ခဲ့ပါတယ္။
ဇြန္လကုန္မွာ အသင္းနဲ႔ စာခ်ဳပ္
သက္တမ္းကုန္ဆုံးေတာ့မယ့္
ကာဗာနီက ”ဒီရာသီမွာ ေျခစြမ္း
တစ္သမတ္တည္းနဲ႔ ေကာင္းေကာင္း

ကစားႏုိင္သူက ေရာ္နယ္ဒိုပါ။
တုိက္စစ္မွဴးတစ္ေယာက္အတြက္
ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့
ကာလတိုေလးကလြဲလို႔ ေရာ္နယ္ဒိုဟာ
ကၽြန္ေတာ္တုိ႔အသင္းမွာ ေျခစြမ္း

အမွန္ဆုံးကစားသမားျဖစ္ပါတယ္။
သူၿပီးရင္ေတာ့ ဒေဟးယားပါ။
သူတုိ႔ႏွစ္ေယာက္ဟာ အသင္းရဲ႕
စြမ္းေဆာင္ရည္ တစ္သမတ္တည္းအရွိဆုံး
ကစားသမားေတြျဖစ္ပါတယ္”လုိ႔ ေျပာပါတယ္။

ေရာ္နယ္ဒိုဟာ ယခုရာသီမွာ
အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္
ၿပိဳင္ပြဲစုံ ၃၈ပြဲမွာ ၂၄ ဂိုးအထိ
သြင္းယူခဲ့ၿပီး အသက္ ၃၇ ႏွစ္အရြယ္ရွိ
ေရာ္နယ္ဒိုအေနနဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးဖုိ႔ တစ္ႏွစ္က်န္ေနေသးတာေၾကာင့္
ရာသီသစ္က်ရင္ နည္းျပသစ္ တန္ဟတ္ရဲ႕
ဦးေဆာင္မႈနဲ႔အတူ အသင္းကို
ဆက္လက္ဦးေဆာင္ကစားဖြယ္ရွိေနပါတယ္။
ယူႏုိက္တက္ဟာ ယခုရာသီ

ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၅၇ဂုိး၊
ေပးဂိုး ၅၇ ဂိုးရွိခဲ့ၿပီး ခံစစ္ပိုင္းက
ဂိုးေတြအမ်ားအျပားေပးခဲ့ရေပမယ့္
ဒေဟးယားကေတာ့ အထူးလက္စြမ္းျပႏိုင္ခဲ့ၿပီး
ဒီလုိလက္စြမ္းျပႏိုင္ခဲ့လုိ႔လည္း

အသင္းဘက္က သူ႕ကို ၂၀၂၅ အထိ
ရွိမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔
ကမ္းလွမ္းဖြယ္ရွိေနတယ္လုိ႔ သတင္းထြက္ေပၚေနပါတယ္။