ဒီရာသီ ဆီဗီလာမှာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ တဲလက်စ်ဟာ အငှား စာချုပ်ပြည့်ခဲ့ရင်လည်း အိုးလ်ထရက်ဖို့ဒ်ကို ပြန်မလာချင်တော့ဘူးလို့ ပြောလာ…

နည်းပြဆိုးလ်ရှားလက်ထက် ၂၀၂၀ ခုနှစ်က ယူနိုက်တက်အသင်းဆီကို ပေါ်တိုကနေ

ပါင်(၁၅.၄)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်ဘယ်နောက်ခံလူ တဲလက်စ်ဟာ

ယူနိုက်တက် ကစားသမားဘ၀ (၂)ရာသီအတွင်း ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို

လုခ်ရှောရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားခဲ့ရပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တဲလက်စ်ဟာ ပြီးခဲ့တဲ့(၂)ရာသီအတွင်း

ပြိုင်ပွဲစုံပွဲပေါင်း(၅၀)သာကစားခဲ့ရသလို ဂိုးဖန်တီးနိုင်မှုနဲ့ ဖြတ်တင်ဘောတွေဟာလည်း

ပေါ်တိုတုန်းက စွမ်းဆောင်ခဲ့တာတွေလိုမျိုးမလုပ်နိုင်ခဲ့ပါဘူး။

(၂)ရာသီ အတွင်း သွင်းဂိုး (၁)ဂိုး သာရရှိခဲ့တဲ့ တဲလက်စ်ဟာ ဒီရာသီအစပိုင်းမှာကတည်းက

ဆီဗီလာ အသင်းဆီကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

အငှားစာချုပ် ပြည့်တဲ့အချိန်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့ သဘောတူညီချက် မပါဝင်ပေမယ့်

အဲလက်စ် တဲလက်စ်ကတော့ မန်ချက်စတာယူနိုက်တက်ကို

သူ ပြန်လာဖို့ မသေချာတော့ဘူးလို့ ဝန်ခံပြောဆိုလာပါတယ်။

တဲလက်စ်ရဲ့ ယူနိုက်တက်အသင်းနဲ့စာချုပ်ကလည်း ၂၀၂၄၊

နွေရာသီကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူက ဆီဗီလာနဲ့ပဲ

အငှားစာချုပ်သက်တမ်းတိုးဖို့သာ ဆန္ဒရှိနေတာပါ။

ဒီရာသီမှာ ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲကစားခဲ့တဲ့

တဲလက်စ်က “ဆီဗီလာအသင်းမှာကစားရတာ ကျွန်တော်

အရမ်းကျေနပ်မိပါတယ်။ အသင်းနဲ့ ပရိသတ်တွေဟာ ကျွန်တော့်ကို

ယုံကြည်မှုရှိလာအောင် ကူညီပေးနိုင်ကြပါတယ်။

အသင်းအတွက် ကစားရတဲ့အချိန်အတွင်း အကောင်းဆုံးပေးဆပ်သွားမှာဖြစ်ပြီး

ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ နောက်ရာသီကျရင်

စောင့်ကြည့်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ဒီရာသီ ဆီဗီလာမွာ အငွားနဲ႔သြားေရာက္ကစားခဲ့တဲ့ တဲလက္စ္ဟာ

အငွား စာခ်ဳပ္ျပည့္ခဲ့ရင္လည္း အိုးလ္ထရက္ဖို႔ဒ္ကို ျပန္မလာခ်င္ေတာ့ဘူးလို႔ ေျပာလာ…

နည္းျပဆိုးလ္ရွားလက္ထက္ ၂၀၂၀ ခုႏွစ္က ယူႏိုက္တက္အသင္းဆီကို ေပၚတိုကေန

ပါင္(၁၅.၄)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဘရာဇီးလ္ဘယ္ေနာက္ခံလူ တဲလက္စ္ဟာ

ယူႏိုက္တက္ ကစားသမားဘ၀ (၂)ရာသီအတြင္း ပုံမွန္ကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရသလို

လုခ္ေရွာရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္သာ ကစားခဲ့ရပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ တဲလက္စ္ဟာ ၿပီးခဲ့တဲ့(၂)ရာသီအတြင္း

ၿပိဳင္ပြဲစုံပြဲေပါင္း(၅၀)သာကစားခဲ့ရသလို ဂိုးဖန္တီးႏိုင္မႈနဲ႔ ျဖတ္တင္ေဘာေတြဟာလည္း

ေပၚတိုတုန္းက စြမ္းေဆာင္ခဲ့တာေတြလိုမ်ိဳးမလုပ္ႏိုင္ခဲ့ပါဘူး။

(၂)ရာသီ အတြင္း သြင္းဂိုး (၁)ဂိုး သာရရွိခဲ့တဲ့ တဲလက္စ္ဟာ ဒီရာသီအစပိုင္းမွာကတည္းက

ဆီဗီလာ အသင္းဆီကို တစ္ရာသီအငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အငွားစာခ်ဳပ္ ျပည့္တဲ့အခ်ိန္မွာ အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခ်က္ မပါဝင္ေပမယ့္

အဲလက္စ္ တဲလက္စ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို

သူ ျပန္လာဖို႔ မေသခ်ာေတာ့ဘူးလို႔ ဝန္ခံေျပာဆိုလာပါတယ္။

တဲလက္စ္ရဲ႕ ယူႏိုက္တက္အသင္းနဲ႔စာခ်ဳပ္ကလည္း ၂၀၂၄၊

ေႏြရာသီက်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး သူက ဆီဗီလာနဲ႔ပဲ

အငွားစာခ်ဳပ္သက္တမ္းတိုးဖို႔သာ ဆႏၵရွိေနတာပါ။

ဒီရာသီမွာ ဆီဗီလာအသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၄)ပြဲကစားခဲ့တဲ့

တဲလက္စ္က “ဆီဗီလာအသင္းမွာကစားရတာ ကြၽန္ေတာ္

အရမ္းေက်နပ္မိပါတယ္။ အသင္းနဲ႔ ပရိသတ္ေတြဟာ ကြၽန္ေတာ့္ကို

ယုံၾကည္မႈရွိလာေအာင္ ကူညီေပးႏိုင္ၾကပါတယ္။ အသင္းအတြက္

ကစားရတဲ့အခ်ိန္အတြင္း အေကာင္းဆုံးေပးဆပ္သြားမွာျဖစ္ၿပီး

ဘာေတြ ဆက္ျဖစ္မလဲဆိုတာေတာ့ ေနာက္ရာသီက်ရင္

ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။