ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်လိုတောင် ဖြစ်နေပြီလို့ အာတီတာ ပြော

လက်ရှိ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဟာဆိုရင် တစ်ခါမှ မကြုံဖူးတဲ့ အခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကိုတို့လို အသင်းမျိုးတွေ

ပါဝင်လာနေတာကြောင့် ပိုပြီးခက်ခဲမှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပီအက်စ်ဗွီနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုလိုက်ပါတယ်။

ကြာသပတေးည အစောပိုင်းက ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ဟာ ပီအက်စ်ဗွီကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုပထမနေရာ ရဖို့အတွက် စိတ်မချရသေးတဲ့ အနေအထားကို

ရောက်သွားစေပါတယ်။ ဒီအတွက် အာဆင်နယ်ဟာ တကယ်လို့များ အုပ်စုဒုတိယနေရာနဲ့သာ နောက်တစ်ဆင့်တက်ခဲ့မယ်ဆိုရင် ရှုံးထွက်ပွဲစဉ်တွေမှာ ချန်ပီယံလိဂ်က ပြုတ်ကျလာတဲ့

အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာ၊ ဂျူဗင် တပ်၊ အက်သလက်တီကို၊ အေဂျက်ဇ်တို့အပြင် အေစီမီလန်၊ ဆဲလ်ဘတ်၊ ဆီဗီလာတို့လို အသင်းမျိုးတွေဟာလည်း ထပ်ပြီး

ရောက်လာနိုင်သေးတာကြောင့် အာဆင်နယ်အနေနဲ့ ဒီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြတ်ကျော်သွားနိုင်ဖို့ လိုအပ်ချက်တွေ ရှိနေပြီဖြစ်တယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ကနေပြီး ယူရိုပါလိဂ်ဆီ ပြုတ်ကျလာတဲ့ အသင်းတွေအကြောင်း မေးမြန်းခဲ့ရာမှာတော့ အာတီတာက ‘’ဟုတ်တယ်၊ အဲဒါကို ကျွန်တော်တို့ သိထားတယ်။ အရှင်းဆုံး ပြောရရင်တော့

ရလဒ်တွေ၊ ဖြစ်ပျက်နေ ခဲ့တာတွေနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲကတော့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အဆင့်အတန်းမျိုး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

အဲဒါက ကျွန်တော်တို့အတွက် တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ’’ လို့ BT Sport ကို ပြောဆိုသွားခဲ့ပါ တယ်။ နောက်ပြီး အခုလိုမျိုး ချန်ပီယံလိဂ်က ပြုတ်ကျလာတဲ့

အသင်းတွေကို နောက်တစ်ဆင့်မှာ ရှောင်ရှားနိုင်ဖို့အတွက်လည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရဖို့ ပြင်ဆင်သွားမှာဖြစ်တယ်လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဒီရာသီယူ႐ိုပါလိဂ္ၿပိဳင္ပြဲက ခ်န္ပီယံလိဂ္လိုေတာင္ ျဖစ္ေနၿပီလို႔ အာတီတာ ေျပာ

လက္ရွိ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္ေတြဟာဆိုရင္ တစ္ခါမွ မႀကဳံဖူးတဲ့ အခက္အခဲမ်ိဳးေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ အက္ သလက္တီကိုတို႔လို

အသင္းမ်ိဳးေတြ ပါဝင္လာေနတာေၾကာင့္ ပိုၿပီး ခက္ခဲမွာ ျဖစ္တယ္လို႔ အာဆင္နယ္နည္းျပ အာတီတာက ပီအက္စ္ဗြီနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုလိုက္ပါတယ္။ ၾကာသပေတးည

အေစာပိုင္းက ကစားခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္ဟာ ပီအက္စ္ဗြီကို ၂-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ အုပ္စုပထမေန ရာ ရဖို႔အတြက္ စိတ္မခ်ရေသးတဲ့ အေနအထားကို ေရာက္သြားေစပါတယ္။

ဒီအတြက္ အာဆင္နယ္ဟာ တကယ္လို႔မ်ား အုပ္စုဒုတိယေနရာနဲ႔သာ ေနာက္ တစ္ဆင့္တက္ခဲ့မယ္ဆိုရင္ ရႈံးထြက္ပြဲစဥ္ေတြမွာ ခ်န္ပီယံလိဂ္က ျပဳတ္က် လာတဲ့ အသင္းမ်ိဳးေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာ၊ ဂ်ဴဗင္ တပ္၊ အက္သလက္တီကို၊ ေအဂ်က္ဇ္တို႔အျပင္ ေအစီမီလန္၊ ဆဲလ္ဘတ္၊ ဆီဗီလာတို႔လို အသင္းမ်ိဳးေတြဟာလည္း ထပ္ၿပီး ေရာက္လာႏိုင္ေသးတာ ေၾကာင့္ အာဆင္နယ္အေနနဲ႔

ဒီလို အသင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့အခါ ျဖတ္ေက်ာ္ သြားႏိုင္ဖို႔ လိုအပ္ခ်က္ေတြ ရွိေနၿပီျဖစ္တယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါ တယ္။ ခ်န္ပီယံလိဂ္ကေနၿပီး ယူ႐ိုပါလိဂ္ဆီ ျပဳတ္က်လာတဲ့

အသင္းေတြ အေၾကာင္း ေမးျမန္းခဲ့ရာမွာေတာ့ အာတီတာက ‘’ဟုတ္တယ္၊ အဲဒါကို ကြၽန္ ေတာ္တို႔ သိထားတယ္။ အရွင္းဆုံး ေျပာရရင္ေတာ့ ရလဒ္ေတြ၊ ျဖစ္ပ်က္ေန

ခဲ့တာေတြနဲ႔အတူ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေတာ့ ဘယ္တုန္းကမွ မႀကဳံဖူးတဲ့ အ ဆင့္အတန္းမ်ိဳး ျဖစ္ေကာင္း ျဖစ္လာႏိုင္ပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔အ တြက္ တကယ့္ကို စိန္ေခၚမႈတစ္ရပ္ပါပဲ’’

လို႔ BT Sport ကို ေျပာဆိုသြားခဲ့ပါ တယ္။ ေနာက္ၿပီး အခုလိုမ်ိဳး ခ်န္ပီယံလိဂ္က ျပဳတ္က်လာတဲ့ အသင္းေတြကို ေနာက္တစ္ဆင့္မွာ ေရွာင္ရွားႏိုင္ဖို႔အတြက္လည္း အုပ္စုေနာက္ဆုံးပြဲစဥ္မွာ

အႏိုင္ရဖို႔ ျပင္ဆင္သြားမွာျဖစ္တယ္လို႔ အာတီတာက ေျပာဆိုသြားခဲ့ပါတယ္။