ဒီရာသီမှာ သူ့ကို ချောင်ထိုးထားလို့ တန်ဟတ်ကို တင်းနေတဲ့ စီရော် နယ်ဒို

နည်းပြတန်ဟတ်အနေနဲ့ သူ့အပေါ်မှာ အပြန်အလှန် လေးစားမှု မပေးဘူးဆို ရင် သူ့အနေနဲ့လည်း ဘာမှပိုပြီး လေးစားနေစရာ အကြောင်းမရှိဘူးလို့ မန်ယူ တိုက်စစ်မှူး စီရော်နယ်ဒိုက

အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောဆိုခဲ့ပါ ပါတယ်။ ဗြိတိန် ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ပီးယာ့စ် မော်ဂန်နဲ့ သီးသန့် အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပေါ်တူဂီ တိုက်စစ်မှူးက

တန်ဟတ်ကို အားရပါးရ ပြစ်တင်ပြောဆိုခဲ့တာဖြစ်ပြီး မထူးဇာတ်ခင်းမယ့် ပုံစံမျိုး ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရာသီမှာ နည်းပြတန်ဟတ်ဟာ စီ ရော်နယ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ရဲ့

အရန်ခုံတန်းလျားမှာသာ အချိန်ကုန်စေခဲ့ တာကြောင့် စီရော်နယ်ဒိုက ညစ်တွန်းတွန်းပြီး ပြောသွားခဲ့ပုံ ရပါတယ်။ ‘’ကျွန်တော်သူ့ကို မလေးစားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကမှ

ကျွန်တော့်ကို မလေးစားတာလေ။ ကျွန်တော့်ကို မလေးစားဘူးဆိုရင် ကျွန်တော်ကလည်း ခင်ဗျားလို လူမျိုးကို ဘယ်တော့မှ လေးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့် အပေါ် လေးစားမှု

မရှိဘူးဆိုရင် ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ဘယ် သောအခါမှ လေးစားမှု ရှိတော့မှာ မဟုတ်ပါဘူး။ သူက နည်းပြကောင်းတစ်ယောက်မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး

မန်ယူအသင်းရဲ့ ဦးဆောင် သူတစ်ယောက် ဖြစ်နိုင်မှာလဲ။ သူ့အကြောင်း ကျွန်တော် ဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး’’ လို့ စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန် သီးသန့် အင်တာဗျူး အစီအစဉ်မှာ

ပြောသွားခဲ့တာပါ။ နောက်ပြီး ဒီရာသီမှာ သူ့ရဲ့ လက်ရှိခြေစွမ်း နဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်နေးကိုလည်း ရော်နယ်ဒိုက ပြန်ကစ်လိုက်ပါသေးတယ်။

‘’သူက ကျွန်တော့်ကို ဘာကြောင့်များ ဆိုးဆိုးရွားရွားတွေ ဝေဖန်နေလဲတော့ မသိပါဘူး။ ကျွန်တော်က မြင့်မားတဲ့ အဆင့်တစ်ဆင့်မှာ ကစားနေပြီး သူက ကစားသမားဘဝကနေ

အနားယူထား ခဲ့ရလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်က သူ့ထက် ပိုပြီး လန်းနေ တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ဗျာ။ ဒါက အမှန်တရားပဲလေ’’ လို့

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ရထားတဲ့ စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ဒီရာသီမွာ သူ႔ကို ေခ်ာင္ထိုးထားလို႔ တန္ဟတ္ကို တင္းေနတဲ့ စီေရာ္ နယ္ဒို

နည္းျပတန္ဟတ္အေနနဲ႔ သူ႔အေပၚမွာ အျပန္အလွန္ ေလးစားမႈ မေပးဘူးဆို ရင္ သူ႔အေနနဲ႔လည္း ဘာမွပိုၿပီး ေလးစားေနစရာ အေၾကာင္းမရွိဘူးလို႔

မန္ယူ တိုက္စစ္မႉး စီေရာ္နယ္ဒိုက အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ ေျပာဆိုခဲ့ပါ ပါတယ္။ ၿဗိတိန္ ႐ုပ္သံအစီအစဥ္ တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ ပီးယာ့စ္ ေမာ္ဂန္နဲ႔ သီးသန႔္

အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ ေပၚတူဂီ တိုက္စစ္မႉးက တန္ဟတ္ကို အားရပါးရ ျပစ္တင္ေျပာဆိုခဲ့တာျဖစ္ၿပီး မထူးဇာတ္ခင္းမယ့္ ပုံစံမ်ိဳး ေျပာသြားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီရာသီမွာ နည္းျပတန္ဟတ္ဟာ စီ ေရာ္နယ္ဒိုကို အိုးလ္ထရက္ဖို႔ဒ္ရဲ႕ အရန္ခုံတန္းလ်ားမွာသာ အခ်ိန္ကုန္ေစခဲ့ တာေၾကာင့္ စီေရာ္နယ္ဒိုက ညစ္တြန္းတြန္းၿပီး ေျပာသြားခဲ့ပုံ ရပါတယ္။

‘’ကြၽန္ ေတာ္သူ႔ကို မေလးစားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူကမွ ကြၽန္ေတာ့္ကို မေလးစားတာေလ။ ကြၽန္ေတာ့္ကို မေလးစားဘူးဆိုရင္ ကြၽန္ေတာ္ကလည္း

ခင္ဗ်ားလို လူမ်ိဳးကို ဘယ္ေတာ့မွ ေလးစားမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ အေပၚ ေလးစားမႈ မရွိဘူးဆိုရင္ ကြၽန္ေတာ္ဆိုတဲ့ ေကာင္ကလည္း ဘယ္ ေသာအခါမွ ေလးစားမႈ ရွိေတာ့မွာ မဟုတ္ပါဘူး။

သူက နည္းျပေကာင္း တစ္ေယာက္မဟုတ္ဘူးဆိုရင္ ဘယ္လိုလုပ္ၿပီး မန္ယူအသင္းရဲ႕ ဦးေဆာင္ သူတစ္ေယာက္ ျဖစ္ႏိုင္မွာလဲ။ သူ႔အေၾကာင္း ကြၽန္ေတာ္ ဘယ္တုန္းကမွ မၾကားခဲ့ဖူးပါဘူး’’ လို႔

စီေရာ္နယ္ဒိုက ပီးယာ့စ္ေမာ္ဂန္ သီးသန႔္ အင္တာဗ်ဴး အစီအစဥ္မွာ ေျပာသြားခဲ့တာပါ။ ေနာက္ၿပီး ဒီရာသီမွာ သူ႔ရဲ႕ လက္ရွိေျခစြမ္း နဲ႔ ပတ္သက္ၿပီး ေဝဖန္ေနတဲ့ အသင္းေဖာ္ေဟာင္း

ဝိန္း႐ြန္ေနးကိုလည္း ေရာ္ နယ္ဒိုက ျပန္ကစ္လိုက္ပါေသးတယ္။ ‘’သူက ကြၽန္ေတာ့္ကို ဘာေၾကာင့္မ်ား ဆိုးဆိုး႐ြား႐ြားေတြ ေဝဖန္ေနလဲေတာ့ မသိပါဘူး။ ကြၽန္ေတာ္က ျမင့္မားတဲ့

အဆင့္တစ္ဆင့္မွာ ကစားေနၿပီး သူက ကစားသမားဘဝကေန အနားယူထား ခဲ့ရလို႔ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္က သူ႔ထက္ ပိုၿပီး လန္းေန တယ္လို႔ေတာ့ မေျပာခ်င္ပါဘူး။

ဒါေပမဲ့ဗ်ာ။ ဒါက အမွန္တရားပဲေလ’’ လို႔ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုကို ၅ ႀကိမ္ ရထားတဲ့ စီေရာ္နယ္ဒိုက ေျပာဆိုသြားခဲ့ပါတယ္။