ဒီရာသီပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့တဲ့ နော်ဝစ်ချ်

သောကြာညကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ

နော်ဝစ်ချ်ဟာ ကြီးမားတဲ့နိုင်ပွဲရရှိခဲ့ပြီး ဒီရာသီပထမဆုံးအကြိမ်အဖြစ်

တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့ပါတယ်။

အဝေးကွင်းမှာ တန်းဆင်းဇုန်တိုက်ပွဲနွှဲခဲ့ရတာဖြစ်ပေမယ့်

အိမ်ရှင်အသင်းကို ဒုတိယပိုင်းတွေနဲ့ ၃ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဒါကြောင့်လည်း နော်ဝစ်ချ်ဟာ တန်းဆင်းဇုန်ထဲမှာ

ပရီးမီးယားလိဂ် ၅၂ ပွဲဆက်ရောက်ရှိနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဟာ ၂၀၁၉ အောက်တိုဘာ ၁၉ နောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ

အဆင့် ၁၇ နေရာရပ်တည်နိုင်ခဲ့တာပါ။

ဒါဟာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်လိုတဲ့သူတို့အတွက်

ကြီးမားတဲ့တွန်းအားလည်းဖြစ်စေမှာပါ။

သူတို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းကလည်း အဲဗာတန်ကိုအနိုင်ရခဲ့သေးပြီး

အဲဒီရှုံးပွဲကြောင့် ဘင်နီတက်ဇ်တောင် ရာထူးက အထုတ်ခံခဲ့ရတာပါ။

နော်ဝစ်ချ်ဟာ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ မန်စီးတီး၊

လီဗာပူးတို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့

နော်ဝစ်ချ်ဟာ ၂၀၀၉ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်နဲ့ချန်ပီယံရှစ်ကို

အသွားအပြန်လုပ်သလို ဖြစ်နေခဲ့ပါတယ်။

သူတို့ဟာ ဒီရာသီမှာ နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမယ့်

ဗီလာနည်းပြဟောင်းဒင်းစမစ်လက်ထက်မှာ

ခြေစွမ်းရော ရလဒ်ပါ တိုးတက်မှုရှိလာခဲ့တာပါ။

zawgyi

ဒီရာသီပထမဆုံးအႀကိမ္အျဖစ္ တန္းဆင္းဇုန္ထဲက ႐ုန္းထြက္ႏိုင္ခဲ့တဲ့ ေနာ္ဝစ္ခ်္

ေသာၾကာညကစားခဲ့တဲ့ ဝက္ဖို႔ဒ္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ

ေနာ္ဝစ္ခ်္ဟာ ႀကီးမားတဲ့ႏိုင္ပြဲရရွိခဲ့ၿပီး ဒီရာသီပထမဆုံးအႀကိမ္အျဖစ္

တန္းဆင္းဇုန္ထဲက ႐ုန္းထြက္ႏိုင္ခဲ့ပါတယ္။

အေဝးကြင္းမွာ တန္းဆင္းဇုန္တိုက္ပြဲႏႊဲခဲ့ရတာျဖစ္ေပမယ့္

အိမ္ရွင္အသင္းကို ဒုတိယပိုင္းေတြနဲ႔ ၃ ဂိုးျပတ္အႏိုင္ရခဲ့တာပါ။

ဒါေၾကာင့္လည္း ေနာ္ဝစ္ခ်္ဟာ တန္းဆင္းဇုန္ထဲမွာ

ပရီးမီးယားလိဂ္ ၅၂ ပြဲဆက္ေရာက္ရွိေနမႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ သူတို႔ဟာ ၂၀၁၉ ေအာက္တိုဘာ ၁၉ ေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ

အဆင့္ ၁၇ ေနရာရပ္တည္ႏိုင္ခဲ့တာပါ။

ဒါဟာ ပရီးမီးယားလိဂ္မွာ ဆက္လက္ရွင္သန္လိုတဲ့သူတို႔အတြက္

ႀကီးမားတဲ့တြန္းအားလည္းျဖစ္ေစမွာပါ။

သူတို႔ဟာ ၿပီးခဲ့တဲ့အပတ္တုန္းကလည္း အဲဗာတန္ကိုအႏိုင္ရခဲ့ေသးၿပီး

အဲဒီရႈံးပြဲေၾကာင့္ ဘင္နီတက္ဇ္ေတာင္ ရာထူးက အထုတ္ခံခဲ့ရတာပါ။

ေနာ္ဝစ္ခ်္ဟာ လာမယ့္ေဖေဖာ္ဝါရီလအတြင္းမွာ မန္စီးတီး၊

လီဗာပူးတို႔နဲ႔ ဆက္တိုက္ကစားရဖို႔ ရွိပါတယ္။

ပရီးမီးယားလိဂ္သမိုင္းမွာ အဆိုးဆုံးအသင္းအျဖစ္ သတ္မွတ္ခံထားရတဲ့

ေနာ္ဝစ္ခ်္ဟာ ၂၀၀၉ ေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္နဲ႔ခ်န္ပီယံရွစ္ကို

အသြားအျပန္လုပ္သလို ျဖစ္ေနခဲ့ပါတယ္။

သူတို႔ဟာ ဒီရာသီမွာ နည္းျပအေျပာင္းအလဲလုပ္ခဲ့ေပမယ့္

ဗီလာနည္းျပေဟာင္းဒင္းစမစ္လက္ထက္မွာ

ေျခစြမ္းေရာ ရလဒ္ပါ တိုးတက္မႈရွိလာခဲ့တာပါ။