
ပြီးခဲ့တဲ့ဗုဒ္ဓဟူးညမှာ ပေါ်တူဂီကလပ်စပို့တင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့လို့ ဒေါ့မန်ရဲ့
နောက်တစ်ဆင့်မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အုပ်စုဇယားအောက်ဆုံးက တစ်မှတ်မှမရသေးတဲ့
ဘီဆစ်တက်ထက် ၆ မှတ်သာထားလို့ ယူရိုပါလိဂ်ကစားခွင့်ရမယ့်
အုပ်စုတတိယနေရာတော့ သေချာသွားပါတယ်။
တစ်နည်းအားဖြင့် ဒေါ့မန်ရဲ့ဂိုးသွင်းစက်ဟာလန်းဟာ
ယူရိုပါလိဂ်ဆင်းကစားရတော့မှာပါ။
အဲဒီနော်ဝေသားဟာ ဒဏ်ရာကြောင့် ဒေါ့မန်ရဲ့နောက်ပိုင်းပွဲတွေမှာ
မပါဝင်နိုင်ခဲ့ဘဲ သူဒဏ်ရာပြန်ကောင်းချိန်မှာ ချန်ပီယံလိဂ်အစား
ယူရိုပါလိဂ်သာ ကစားရတော့မှာပါ။ ချန်ပီယံလိဂ်မှာ သွင်းဂိုးတွေနဲ့
စံချိန်တင်တွေတင်ထားတဲ့ ဟာလန်းလို ကစားသမားတစ်ယောက်အတွက်
ခံရခက်စေတဲ့အနေအထားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီကဆိုရင် ဟာလန်းဟာ စုစုပေါင်း ၁၀ ဂိုးနဲ့ ချန်ပီယံလိဂ်ရဲ့
ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့တာပါ။ အဲဒီခြေစွမ်းကြောင့်လည်း
ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှုးအဖြစ်
ရွေးချယ်ဆုချီးမြှင့်ခံခဲ့ရပါတယ်။ သူဟာ ဒီရာသီမှာတော့
ဒဏ်ရာမကြာခဏရနေပြီး အဲဒီအတွက် ချန်ပီယံလိဂ်မှာလည်း ၁ ဂိုးသာ
သွင်းထားနိုင်ပေမယ့် ကစားသမားဘဝတစ်လျှောက်
ချန်ပီယံလိဂ် ၁၇ ပွဲမှာ ၂၁ ဂိုးတောင်သွင်းထားတာပါ။
ဆွာရက်ဇ်ဆိုရင် ချန်ပီယံလိဂ် ၆၇ ပွဲမှာ ၂၆ ဂိုးသာသွင်းနိုင်ခဲ့ပြီး
မန်ယူဂန္ထဝင်ဟောင်းရွန်နီဆိုရင်လည်း ချန်ပီယံလိဂ် ၈၅ ပွဲမှာမှ ဂိုး ၃၀ သာသွင်းနိုင်ခဲ့တာပါ။
ဒါကြောင့် ဟာလန်းရဲ့ချန်ပီယံလိဂ်ဂိုးသွင်းနှုန်းက ကြောက်စရာကောင်းပါတယ်။
ဒါပေမဲ့လည်း ဟာလန်းဟာ လက်ကျန်ရာသီမှာ သူ့အောင်မြေလိုဖြစ်နေတဲ့
ချန်ပီယံလိဂ်အစား ဥရောပရဲ့ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့
ယူရိုပါလိဂ်နဲ့သာ စခန်းသွားရတော့မှာပါ။
zawgyi
ဒီရာသီေတာ့ ယူ႐ိုပါလိဂ္သာ ကစားပါေတာ့ ဟာလန္း
ၿပီးခဲ့တဲ့ဗုဒၶဟူးညမွာ ေပၚတူဂီကလပ္စပို႔တင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့လို႔ ေဒါ့မန္ရဲ႕
ေနာက္တစ္ဆင့္ေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားခဲ့ပါတယ္။
ဒါေပမဲ့ သူတို႔ဟာ အုပ္စုဇယားေအာက္ဆုံးက တစ္မွတ္မွမရေသးတဲ့
ဘီဆစ္တက္ထက္ ၆ မွတ္သာထားလို႔ ယူ႐ိုပါလိဂ္ကစားခြင့္ရမယ့္
အုပ္စုတတိယေနရာေတာ့ ေသခ်ာသြားပါတယ္။
တစ္နည္းအားျဖင့္ ေဒါ့မန္ရဲ႕ဂိုးသြင္းစက္ဟာလန္းဟာ
ယူ႐ိုပါလိဂ္ဆင္းကစားရေတာ့မွာပါ။
အဲဒီေနာ္ေဝသားဟာ ဒဏ္ရာေၾကာင့္ ေဒါ့မန္ရဲ႕ေနာက္ပိုင္းပြဲေတြမွာ
မပါဝင္ႏိုင္ခဲ့ဘဲ သူဒဏ္ရာျပန္ေကာင္းခ်ိန္မွာ ခ်န္ပီယံလိဂ္အစား
ယူ႐ိုပါလိဂ္သာ ကစားရေတာ့မွာပါ။ ခ်န္ပီယံလိဂ္မွာ သြင္းဂိုးေတြနဲ႔
စံခ်ိန္တင္ေတြတင္ထားတဲ့ ဟာလန္းလို ကစားသမားတစ္ေယာက္အတြက္
ခံရခက္ေစတဲ့အေနအထားလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီကဆိုရင္ ဟာလန္းဟာ စုစုေပါင္း ၁၀ ဂိုးနဲ႔ ခ်န္ပီယံလိဂ္ရဲ႕
ဂိုးအမ်ားဆုံးသြင္းသူျဖစ္ခဲ့တာပါ။ အဲဒီေျခစြမ္းေၾကာင့္လည္း
ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္မႈးအျဖစ္
ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္ခံခဲ့ရပါတယ္။ သူဟာ ဒီရာသီမွာေတာ့
ဒဏ္ရာမၾကာခဏရေနၿပီး အဲဒီအတြက္ ခ်န္ပီယံလိဂ္မွာလည္း ၁ ဂိုးသာ
သြင္းထားႏိုင္ေပမယ့္ ကစားသမားဘဝတစ္ေလွ်ာက္
ခ်န္ပီယံလိဂ္ ၁၇ ပြဲမွာ ၂၁ ဂိုးေတာင္သြင္းထားတာပါ။
ဆြာရက္ဇ္ဆိုရင္ ခ်န္ပီယံလိဂ္ ၆၇ ပြဲမွာ ၂၆ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး
မန္ယူဂႏၴဝင္ေဟာင္း႐ြန္နီဆိုရင္လည္း ခ်န္ပီယံလိဂ္ ၈၅ ပြဲမွာမွ ဂိုး ၃၀ သာသြင္းႏိုင္ခဲ့တာပါ။
ဒါေၾကာင့္ ဟာလန္းရဲ႕ခ်န္ပီယံလိဂ္ဂိုးသြင္းႏႈန္းက ေၾကာက္စရာေကာင္းပါတယ္။
ဒါေပမဲ့လည္း ဟာလန္းဟာ လက္က်န္ရာသီမွာ သူ႔ေအာင္ေျမလိုျဖစ္ေနတဲ့
ခ်န္ပီယံလိဂ္အစား ဥေရာပရဲ႕ဒုတိယတန္းစားၿပိဳင္ပြဲျဖစ္တဲ့
ယူ႐ိုပါလိဂ္နဲ႔သာ စခန္းသြားရေတာ့မွာပါ။