ဒီယွန်းအတွက် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေး လျှော့ချပေးလိမ့်မယ်လို့ ယူနိုက်တက် ယုံကြည်နေ

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ

ကွင်းလယ်လူ ဖရန်ကီဒီယွန်းအတွက် ဒုတိယမြောက်
ကမ်းလှမ်းမှုမပြုလုပ်ခင် သူ့ရဲ့ကလပ် ဘာစီလိုနာက
သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို
လျှော့ချပေးလိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး

ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်
နယ်သာလန်လက်ရွေးစင် ဒီယွန်းကို
ရောင်းချဖို့ တွေဝေနေပြီး
အနာဂတ်နဲ့ပတ်သက်လို့
မသေမချာဖြစ်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စပိန်မီဒီယာတွေကတော့
ဘာစီလိုနာအနေနဲ့ ဒီယွန်းကို
ရောင်းချဖို့ ပြင်ဆင်နေဆဲဖြစ်ကြောင်း
ရေးသားဖော်ပြနေပြီး Telegraph Sport
သတင်းဌာနရဲ့ဖော်ပြချက်အရ

ဘာစီလိုနာအနေနဲ့ ဒီယွန်းအတွက်
သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးအပေါ်
ယူရိုသန်း ၂၀ ဝန်းကျင် လျှော့ချလိမ့်မယ်လို့
ယူနိုက်တက်ဘက်က ယုံကြည်နေကြောင်း သိရပါတယ်။
ဘာစီလိုနာက အေဂျက်စ်ကနေ

ဒီယွန်းကို ခေါ်ယူခဲ့စဉ်က ကနဦး
ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းပေးချေခဲ့ရကာ
စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၁သန်း
ပေးချေရမှာဖြစ်ပြီး ဘာစီလိုနာအသင်းဘက်က
ဒီယွန်းအတွက် အနည်းဆုံး ယူရို ၈၆သန်း

အလိုရှိနေပေမယ့် ယူနိုက်တက်ကတော့
ယူရို ၆၅သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့
ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အဲဒီသတင်းတွေရဲ့ဖော်ပြချက်အရ
ယူနိုက်တက်ဟာ ဒီယွန်းကို

ခေါ်ယူဖို့ သူတို့တစ်သင်းတည်း
အားကုန်ကြိုးစားနေတဲ့အကြောင်းလည်း
သိနားလည်ထားသလို ကစားသမားဖြစ်သူရဲ့
မြင့်မားတဲ့လုပ်ခလစာက ဘာစီလိုနာအတွက်
ပြဿနာဖြစ်နေတာကိုပါ သိရှိထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ အေဂျက်စ်မှာ
နည်းပြ တန်ဟတ်နဲ့ အတွဲညီခဲ့တဲ့
ဒီယွန်းကို ခေါ်ယူဖို့ အးာကုန်
ကြိုးစားနေတာဖြစ်ပြီး ဒီယွန်းအပြင်
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း

ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Zawgyi

ဒီယြန္းအတြက္ ဘာစီလုိနာဘက္က ေျပာင္းေရႊ႕ေၾကး ေလွ်ာ့ခ်ေပးလိမ့္မယ္လုိ႔ ယူႏုိက္တက္ ယုံၾကည္ေန

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းဟာ
ကြင္းလယ္လူ ဖရန္ကီဒီယြန္းအတြက္ ဒုတိယေျမာက္
ကမ္းလွမ္းမႈမျပဳလုပ္ခင္ သူ႕ရဲ႕ကလပ္ ဘာစီလုိနာက
သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးကို
ေလွ်ာ့ခ်ေပးလိမ့္မယ္လုိ႔ ယုံၾကည္ေနေၾကာင္း သိရပါတယ္။

ဘာစီလုိနာအသင္းဟာ ဘ႑ာေရး
ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္
နယ္သာလန္လက္ေရြးစင္ ဒီယြန္းကို
ေရာင္းခ်ဖို႔ ေတြေ၀ေနၿပီး
အနာဂတ္နဲ႔ပတ္သက္လုိ႔

မေသမခ်ာျဖစ္ေနတယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ စပိန္မီဒီယာေတြကေတာ့
ဘာစီလုိနာအေနနဲ႔ ဒီယြန္းကို
ေရာင္းခ်ဖို႔ ျပင္ဆင္ေနဆဲျဖစ္ေၾကာင္း
ေရးသားေဖာ္ျပေနၿပီး Telegraph Sport

သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ဘာစီလုိနာအေနနဲ႔ ဒီယြန္းအတြက္
သတ္မွတ္ထားတဲ့ေျပာင္းေရႊ႕ေၾကးအေပၚ
ယူရိုသန္း ၂၀ ၀န္းက်င္ ေလွ်ာ့ခ်လိမ့္မယ္လုိ႔
ယူႏုိက္တက္ဘက္က ယုံၾကည္ေနေၾကာင္း သိရပါတယ္။

ဘာစီလုိနာက ေအဂ်က္စ္ကေန
ဒီယြန္းကို ေခၚယူခဲ့စဥ္က ကနဦး
ေျပာင္းေရႊ႕ေၾကး ယူရို ၇၅သန္းေပးေခ်ခဲ့ရကာ
စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို ၁၁သန္း
ေပးေခ်ရမွာျဖစ္ၿပီး ဘာစီလုိနာအသင္းဘက္က

ဒီယြန္းအတြက္ အနည္းဆုံး ယူရို ၈၆သန္း
အလုိရွိေနေပမယ့္ ယူႏုိက္တက္ကေတာ့
ယူရို ၆၅သန္း၀န္းက်င္နဲ႔ အေျပာင္းအေရႊ႕
ျဖစ္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။
အဲဒီသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ

ယူႏုိက္တက္ဟာ ဒီယြန္းကို
ေခၚယူဖို႔ သူတုိ႔တစ္သင္းတည္း
အားကုန္ႀကိဳးစားေနတဲ့အေၾကာင္းလည္း
သိနားလည္ထားသလုိ ကစားသမားျဖစ္သူရဲ႕
ျမင့္မားတဲ့လုပ္ခလစာက ဘာစီလုိနာအတြက္

ျပႆနာျဖစ္ေနတာကိုပါ သိရွိထားတယ္လုိ႔ သိရပါတယ္။
ယူႏုိက္တက္ဟာ ေအဂ်က္စ္မွာ
နည္းျပ တန္ဟတ္နဲ႔ အတြဲညီခဲ့တဲ့
ဒီယြန္းကို ေခၚယူဖို႔ အးာကုန္
ႀကိဳးစားေနတာျဖစ္ၿပီး ဒီယြန္းအျပင္

ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ကိုလည္း
ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။