ဒီယွန်းခေါ်ယူရေးတိုက်ပွဲမှာ ယူနိုက်တက်ကို စီးတီး အလဲထိုးနိုင်တော့မယ်လို့ဆို

သတင်းတွေရဲ့ဖော်ပြချက်အရ

မန်စီးတီးအသင်းဟာ
မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို
ကျော်ဖြတ်ပြီး ဘာစီလိုနာ
ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို
ခေါ်ယူနိုင်ဖို့ အတော်လေး

နီးစပ်နေပြီလို့ သိရပါတယ်။
စပိန်သတင်းစာ Mundo Deportivo ရဲ့
ဖော်ပြချက်အရ ပရီးမီးယားလိဂ်
ချန်ပီယံအသင်းဟာ ဒီယွန်းကို
ခေါ်ယူနိုင်ရေးအတွက် အသင်းရှိ

ကွင်းလယ်တိုက်စစ်သမား
ဘာနာဒိုဆေးလ်ဗားကို
အလိုက်ပေးကမ်းလှမ်းလိုနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ
လုပ်ခလစာလျှော့ချဖို့

လုပ်ဆောင်နေရသလို
ကစားသမားရောင်းချမှုကနေလည်း
ရန်ပုံငွေရှာဖွေဖို့ လိုအပ်နေရာ
သတင်းတွေရဲ့ဖော်ပြချက်အရ
ရောင်းချမယ့်စာရင်းမှာ

နယ်သာလန်လက်ရွေးစင်
ဒီယွန်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ အရင်တုန်းက
ဆေးလ်ဗားကို ခေါ်ယူဖို့
စိတ်ဝင်စားခဲ့ဖူးရာ

မန်စီးတီးဘက်က ဒီလိုကမ်းလှမ်းမှုအပေါ်
စိတ်ဝင်စားလာနိုင်ပေမယ့်
ယူနိုက်တက်က ဘာစီလိုနာရဲ့ဘဏ္ဍာရေး
လိုအပ်ချက်အပေါ် အားပြုကာ
ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းချက်နဲ့

ကမ်းလှမ်းထားပါတယ်။
ကျွမ်းကျင်သူတွေက ယူနိုက်တက်အနေနဲ့
ယခုနွေရာသီအတွင်း နည်းပြသစ်
တန်ဟတ်ရဲ့ဦးဆောင်မှုနဲ့အတူ
လူစာရင်းကို ကြီးကြီးမားမား

အပြောင်းအလဲပြုလုပ်နိုင်တယ်လို့
တွက်ချက်ထားပေမယ့်
အသင်းကတော့ အခုချိန်အထိ
ကစားသမားတစ်ဦးမှ မခေါ်ယူရသေးပါဘူး။
ဒီယွန်းဟာ ၂၀၁၉ နွေရာသီက

အေဂျက်စ်ကနေ ဘာစီလိုနာကို
ရောက်လာသူဖြစ်ပြီး မျှော်လင့်ထားသလောက်
ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရရာ
နွေရာသီအတွင်း အသင်းကနေ
ထွက်ခွာဖွယ်ရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ
ဒီယွန်းဟာ ဘာစီလိုနာအတွက်
ပြိုင်ပွဲစုံ ၁၃၈ပွဲမှာ ၁၂ဂိုးသွင်းယူကာ
ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ပေးထားပါတယ်။
ယူနိုက်တက်ဟာ ဒီယွန်းကို

ခေါ်ယူဖို့ အားကုန်ကြိုးစားနေပေမယ့်
ချန်ပီယံလိဂ်ဝင်ခွင့်မရတာက
အဓိကအတားအဆီးဖြစ်နေပါတယ်။
မန်စီးတီးဟာ လက်ရှိအချိန်မှာ
ဥရောပရဲ့အင်အားအကြီးမားဆုံး

အသင်းတစ်သင်းအဖြစ် ရပ်တည်နေလို့
ပိုမိုစိတ်လှုပ်ရှားစရာကောင်းတဲ့
အလားအလာတွေရှိနေပေမယ့်
ဒီယွန်းအတွက် နေရာတစ်နေရာဖို့
ပိုမိုကြိုးစားရနိုင်ပြီး ယူနိုက်တက်မှာတော့

သူ့အနေနဲ့ အဓိကကစားသမားတစ်ဦးအဖြစ်
ချက်ချင်း ကစားခွင့်ရနိုင်ပါတယ်။

Zawgyi

ဒီယြန္းေခၚယူေရးတုိက္ပြဲမွာ ယူႏိုက္တက္ကို စီးတီး အလဲထိုးႏိုင္ေတာ့မယ္လုိ႔ဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
မန္စီးတီးအသင္းဟာ
ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏုိက္တက္ကို
ေက်ာ္ျဖတ္ၿပီး ဘာစီလုိနာ

ကြင္းလယ္လူ ဖရန္ကီဒီယြန္းကို
ေခၚယူႏုိင္ဖုိ႔ အေတာ္ေလး
နီးစပ္ေနၿပီလို႔ သိရပါတယ္။
စပိန္သတင္းစာ Mundo Deportivo ရဲ႕
ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္

ခ်န္ပီယံအသင္းဟာ ဒီယြန္းကို
ေခၚယူႏုိင္ေရးအတြက္ အသင္းရွိ
ကြင္းလယ္တုိက္စစ္သမား
ဘာနာဒိုေဆးလ္ဗားကို
အလုိက္ေပးကမ္းလွမ္းလုိေနတယ္လုိ႔ သိရပါတယ္။

ဘာစီလုိနာအသင္းဟာ
လုပ္ခလစာေလွ်ာ့ခ်ဖို႔
လုပ္ေဆာင္ေနရသလို
ကစားသမားေရာင္းခ်မႈကေနလည္း
ရန္ပုံေငြရွာေဖြဖို႔ လိုအပ္ေနရာ

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ
ေရာင္းခ်မယ့္စာရင္းမွာ
နယ္သာလန္လက္ေရြးစင္
ဒီယြန္းလည္း ပါ၀င္ေနတယ္လုိ႔ သိရပါတယ္။
ဘာစီလုိနာဟာ အရင္တုန္းက

ေဆးလ္ဗားကို ေခၚယူဖုိ႔
စိတ္၀င္စားခဲ့ဖူးရာ
မန္စီးတီးဘက္က ဒီလိုကမ္းလွမ္းမႈအေပၚ
စိတ္၀င္စားလာႏိုင္ေပမယ့္
ယူႏုိက္တက္က ဘာစီလုိနာရဲ႕ဘ႑ာေရး

လုိအပ္ခ်က္အေပၚ အားျပဳကာ
ပိုမိုေကာင္းမြန္တဲ့ကမ္းလွမ္းခ်က္နဲ႔
ကမ္းလွမ္းထားပါတယ္။
ကၽြမ္းက်င္သူေတြက ယူႏိုက္တက္အေနနဲ႔
ယခုေႏြရာသီအတြင္း နည္းျပသစ္

တန္ဟတ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ
လူစာရင္းကို ႀကီးႀကီးမားမား
အေျပာင္းအလဲျပဳလုပ္ႏိုင္တယ္လုိ႔
တြက္ခ်က္ထားေပမယ့္
အသင္းကေတာ့ အခုခ်ိန္အထိ

ကစားသမားတစ္ဦးမွ မေခၚယူရေသးပါဘူး။
ဒီယြန္းဟာ ၂၀၁၉ ေႏြရာသီက
ေအဂ်က္စ္ကေန ဘာစီလုိနာကို
ေရာက္လာသူျဖစ္ၿပီး ေမွ်ာ္လင့္ထားသေလာက္
ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရရာ

ေႏြရာသီအတြင္း အသင္းကေန
ထြက္ခြာဖြယ္ရွိေနပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ရွိ
ဒီယြန္းဟာ ဘာစီလုိနာအတြက္
ၿပိဳင္ပြဲစုံ ၁၃၈ပြဲမွာ ၁၂ဂိုးသြင္းယူကာ

ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
ယူႏုိက္တက္ဟာ ဒီယြန္းကို
ေခၚယူဖို႔ အားကုန္ႀကိဳးစားေနေပမယ့္
ခ်န္ပီယံလိဂ္၀င္ခြင့္မရတာက
အဓိကအတားအဆီးျဖစ္ေနပါတယ္။

မန္စီးတီးဟာ လက္ရွိအခ်ိန္မွာ
ဥေရာပရဲ႕အင္အားအႀကီးမားဆုံး
အသင္းတစ္သင္းအျဖစ္ ရပ္တည္ေနလို႔
ပိုမိုစိတ္လႈပ္ရွားစရာေကာင္းတဲ့
အလားအလာေတြရွိေနေပမယ့္

ဒီယြန္းအတြက္ ေနရာတစ္ေနရာဖို႔
ပိုမိုႀကိဳးစားရႏိုင္ၿပီး ယူႏုိက္တက္မွာေတာ့
သူ႕အေနနဲ႔ အဓိကကစားသမားတစ္ဦးအျဖစ္
ခ်က္ခ်င္း ကစားခြင့္ရႏိုင္ပါတယ္။