ဒီယွန်းကို ခေါ်ယူဖို့ တစ်ဆင့်ပဲလိုတော့တဲ့ ယူနိုက်တက်

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းကို ကနဦး
ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀၊ အပိုဆုကြေး ယူရိုသန်း၂၀နဲ့
ကမ်းလှမ်းလိုက်ရာ ခေါ်ယူနိုင်ဖို့ တစ်ဆင့်ပဲလိုတော့ပြီး
အဲဒီကမ်းလှမ်းမှုက ဘာစီလိုနာအတွက်
လက်သင့်ခံနိုင်ဖွယ်ရာဖြစ်တယ်လို့ သိရပါတယ်။

မာကာသတင်းဌာနမှ ဂျာနယ်လစ် မစ္စတာကာမန်တောရက်စ်က
ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုဟာ ငြင်းဆန်လို့မရအောင်
အရမ်းအရေးကြီးနေတယ်လို့ ဘာစီလိုနာအသင်းဘက်က
လက်ခံယူဆထားကြောင်း သတင်းပေးပို့ပါတယ်။
ယူနိုက်တက်ဟာ နယ်သာလန်လက်ရွေးစင် ဒီယွန်းကို

ခေါ်ယူဖို့ အားကုန်ကြိုးစားနေပြီး လွန်ခဲ့တဲ့လကလည်း
ဂျာနယ်လစ် ရိုမဲရိုးက အဲဒီအပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့
၉၅ % သေချာနေပြီလို့ ရေးသားခဲ့ပါသေးတယ်။
အသက် ၂၅ နှစ်အရွယ် ဒီယွန်းအတွက် ယူနိုက်တက်အသင်း
ချန်ပီယံလိဂ်ဝင်ခွင့်မရတာက အဓိကပြဿနာဖြစ်နေပေမယ့်

နည်းပြသစ် တန်ဟတ်ကတော့ အေဂျက်စ်မှာ
လက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်းကို
ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားနေပါတယ်။
ဒီယွန်းကလည်း ဘာစီလိုနာမှာ အကယ်ဒမီထွက်
လူငယ်တွေကြောင့် ခက်ခဲတဲ့ကာလကို

ဖြတ်သန်းနေရမေယ့် ပြီးခဲ့တဲ့ရာသီ လာလီဂါမှာတော့
၃၂ပွဲကစား ၃ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအကျပ်ရိုက်မှုတွေက
ဒီယွန်းရဲ့အနာဂတ်ကိုပါ ထိခိုက်လာနိုင်ပြီး
နူးကမ့်အခြေစိုက်အသင်းအနေနဲ့ ပစ်မှတ်တွေ

ခေါ်ယူနိုင်ရေးအတွက် အရင်ဆုံး ဘဏ္ဍာရေးအင်အား
တောင့်တင်းဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်က ဘာစီလိုနာအသင်း လက်ခံနိုင်လောက်တဲ့
ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းနိုင်ပေမယ့် အဓိကအတားအဆီးကတော့
ချန်ပီယံလိဂ်ဝင်ခွင့်မရတာဖြစ်ပြီး ဘာစီလိုနာကတော့

လာလီဂါမှာ ဒုတိယနေရာရခဲ့လို့
ရာသီသစ်မှာ ချန်ပီယံလိဂ်ကစားခွင့်ရထားပါတယ်။
ယူနိုက်တက်အနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး
ဒါဝင်နူနက်ဇ်ကို ခေါ်ယူရေးကြိုးစားမှုမှာ
လီဗာပူးကြောင့် အရာမထင်ဖြစ်တော့မယ့်အချိန်

ဒီယွန်းကို ခေါ်ယူနိုင်ရေးက ပိုအရေးကြီးလာပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း
အသုံးစရိတ် ပေါင်သန်း ၁၂၀ လျာထားရာ
အဓိကပစ်မှတ်အဖြစ် ဒီယွန်းကို ခေါ်ယူလိုနေတာဖြစ်ပြီး
ပေါ့ဂ်ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားလို့

ဗဟိုကွင်းလယ်မှာ ကစားနိုင်သူ ၂ဦးပဲ ကျန်ပါတော့တယ်။

Zawgyi









