ဒီယက်ဇ်ကို ခေါ်ယူနိုင်တော့မှာမို့လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့လီဗာပူးပရိသတ်များ

ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို
အံ့အားသင့်ဖွယ်ခေါ်ယူနိုင်တော့မယ့်အနေအထားအပေါ်
လီဗာပူးပရိသတ်တွေ ဝမ်းသာမဆုံး
ပျော်တပြုံးပြုံးဖြစ်နေပြီး လူမှုမီဒီယာမှာ
အသီးသီးမှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
လီဗာပူးဟာ စပါးရဲ့ပစ်မှတ်ဖြစ်နေတဲ့
အသက် ၂၅ နှစ်အရွယ်ရှိ ဒီယက်ဇ်ကို
ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၇.၅သန်းနဲ့
ခေါ်ယူနိုင်တော့မှာဖြစ်ပြီး လီဗာပူးပရိသတ်တွေကတော့
ဒီယက်ဇ် ရောက်လာရင် ပရီးမီးယားလိဂ်
ချန်ပီယံပြေးလမ်းလည်း ပြန်လည်ကြည့်ကောင်းလာနိုင်လိမ့်မယ်လို့
အခိုင်အမာယုံကြည်နေပါတယ်။


လီဗာပူးပရိသတ်တစ်ဦးက ဒီယက်ဇ်ကို
ခေါ်ယူနိုင်တော့မှာက လူးဝစ်ဆွာရက်ဇ်ကို
ခေါ်ယူမှုလိုပဲဖြစ်လာလိမ့်မယ်လို့ ယူဆနေပါတယ်။
”ဇန်နဝါရီလမှာ ကျွန်တော်တို့အသင်း
ခေါ်ယူခဲ့တဲ့ လူးဝစ်က အသင်းမှာ
ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်”လို့
လူမှုမီဒီယာမှာ ရေးသားပါတယ်။
”ဒီယက်ဇ်၊ ဂျိုတာ၊ ဆာလာ…
တစ်ခွန်းပဲ ပြောလိုက်မယ်…
သေစေနိုင်လောက်တယ်”
”တကယ်လို့ ဒီယက်ဇ်ကိုသာ ခေါ်လိုက်ရင်
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကလည်း
ပြန်ကြည့်ကောင်းလာနိုင်တယ်။
နောက်ဆုံးပွဲမှာ ဂျရတ်ရဲ့ဗီလာက
စီးတီးကို အနိုင်ယူပြီး
လီဗာပူးကို လက်ဆောင်အဖြစ်
ချန်ပီယံဆုဖလားပေးမယ့်အချိန် ရောက်လာလိမ့်မယ်”လို့
လီဗာပူးပရိသတ်တွေက အွန်လိုင်းမှာ ရေးသားနေပါတယ်။


တခြားတစ်ဘက်မှာ စပါးပရိသတ်တွေကတော့
အသင်းရဲ့ဈေးကွက်အတွင်း လှုပ်ရှားမှုတွေနဲ့
ပတ်သက်ပြီး စိတ်ပျက်နေကြပါတယ်။
”ကျွန်တော်တို့ဟာ ဒီယက်ဇ်ကို
ဆုံးရှုံးရတော့မယ်၊ ဒုတိယဦးစားပေး
ထရာအိုရေးကလည်း ဘာစီလိုနာ
ရောက်တော့မယ်…အခုဆိုရင်
ကိုယ်တွေရဲ့အဆင့်က
ရက်ဒ်မွန်လောက် ဖြစ်နေပြီ”လို့
စပါးပရိသတ်တစ်ဦးက ပြောပါတယ်။