





အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာဟာ ပြင်သစ်နဲ့
ဖိုင်နယ်ပွဲမတိုင်ခင်မှာ ထူးခြားမှုတစ်ခုဖြစ်လာတော့မှာကို သူသိကြောင်း





ဇနီးသည်ထံကိုစာတိုလေးတွေ ပေးပို့ခဲ့တယ်လို့သိရပါတယ်။
ကာတာနိုင်ငံ လူဆေးလ်ကွင်းထဲမှာကစားခဲ့တဲ့ ဒီဗိုလ်လုပွဲမှာ
နှစ်သင်းစလုံးအကြိတ်အနယ်ကစားခဲ့ပြီးမှ ပင်နယ်တီအဆုံးအဖြတ်နဲ့





အာဂျင်တီးနား ချန်ပီယံဖြစ်ခဲ့တာပါ။ ပြင်သစ်ဟာ ၁၉၆၂ နောက်ပိုင်း
ပထမဆုံးအကြိမ်ချန်ပီယံဆုကာကွယ်နိုင်တဲ့ဂုဏ်ပုဒ်ကိုရရှိဖို့အတွက်





နောက်ဆုံးအချိန်အထိတိုက်ပွဲကစားသွားခဲ့တာဖြစ်တယ်။
ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ဒီမာရီယာရဲ့ ဇနီးသည်က ဂျူဗင်တပ်
ကြယ်ပွင့်ဟာ အနည်းငယ်တော့ထူးဆန်းခဲ့ပြီး ကမ္ဘာ့ချန်ပီယံဖြစ်မယ်ဆိုတဲ့





နိမိတ်ကို စာတိုတွေကတစ်ဆင့်ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
“ငါကမ္ဘာ့ချန်ပီယံဖြစ်လိမ့်မယ် အချစ်ဆုံး။ အဲ့ဒီလို ရေးခဲ့တယ်။





ငါ တစ်ဂိုးသွင်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မာရာကာနာနဲ့
ဝင်ဘလေ တို့လိုရေးထားတာကြောင့်ပါ။ ငါတို့ကမ္ဘာ့ချန်ပီယံဖြစ်တော့မှာမို့
မနက်ဖြန်ကိုပျော်ပျော်ပါးပါးသွားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့





ငါတို့ ၂၆ ယောက်နဲ့ မိသားစုဝင်အားလုံး ဒါနဲ့ထိုက်တန်လို့ပဲ” လို့
ဒီမာရီယာက ဇနီးသည်ဆီ စာတိုတွေပေးပို့ခဲ့ပါတယ်။





အံ့အားသင့်စရာကောင်းတာက ဒီမာရီယာဟာ ဖိုင်နယ်မှာ
ပွဲထွက်ပါဝင်လာခဲ့ပြီး ပထမပိုင်းမှာတင် အာဂျင်တီးနားအတွက်
တစ်ဂိုးသွင်းခဲ့ပြီး ပင်နယ်တီအခွင့်အရေးတစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့တာပါပဲ။





ပွဲအပြီးမှာတော့ အင်စတာဂရမ်စာမျက်နှာကတစ်ဆင့် ဒီမာရီယာက
“သူတို့က ကျွန်တော်နဲ့ပတ်သတ်ရင် ဘယ်တော့မှလက်မလျှော့ခဲ့ဘူး။





သေလောက်အောင်ရိုက်ခတ်ခံနေရချိန်မှာတောင် အမြဲတမ်း
အတူရှိပေးခဲ့တယ်။ ငါ့အတွက် အမြဲရှိနေပေးလို့ ကျေးဇူးပါ။
သူတို့ကို ငါ့ရဲ့ဝိညာဉ်ကတောင် အကြွင်းမဲ့ချစ်တယ်။ ကမ္ဘာ့ချန်ပီယံများ” လို့





ရေးသားပြီး သူ့ရဲ့မိသားစုဝင်တွေအတွက် ဂုဏ်ယူခဲ့ပါတယ်။





zawgyi
ဒီမာရီယာဟာ ထူးျခားမႈတစ္ခုျဖစ္လာေတာ့မွာသိတဲ့ စာတိုေတြနဲ႔နိမိတ္ဖတ္ခဲ့တယ္လို႔ ဇနီးျဖစ္သူ ဖြင့္ဟ
အာဂ်င္တီးနားေတာင္ပံကစားသမား ဒီမာရီယာဟာ ျပင္သစ္နဲ႔





ဖိုင္နယ္ပြဲမတိုင္ခင္မွာ ထူးျခားမႈတစ္ခုျဖစ္လာေတာ့မွာကို သူသိေၾကာင္း
ဇနီးသည္ထံကိုစာတိုေလးေတြ ေပးပို႔ခဲ့တယ္လို႔သိရပါတယ္။





ကာတာႏိုင္ငံ လူေဆးလ္ကြင္းထဲမွာကစားခဲ့တဲ့ ဒီဗိုလ္လုပြဲမွာ
ႏွစ္သင္းစလုံးအႀကိတ္အနယ္ကစားခဲ့ၿပီးမွ ပင္နယ္တီအဆုံးအျဖတ္နဲ႔
အာဂ်င္တီးနား ခ်န္ပီယံျဖစ္ခဲ့တာပါ။ ျပင္သစ္ဟာ ၁၉၆၂ ေနာက္ပိုင္း





ပထမဆုံးအႀကိမ္ခ်န္ပီယံဆုကာကြယ္ႏိုင္တဲ့ဂုဏ္ပုဒ္ကိုရရွိဖို႔အတြက္
ေနာက္ဆုံးအခ်ိန္အထိတိုက္ပြဲကစားသြားခဲ့တာျဖစ္တယ္။





ၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ဒီမာရီယာရဲ႕ ဇနီးသည္က ဂ်ဴဗင္တပ္
ၾကယ္ပြင့္ဟာ အနည္းငယ္ေတာ့ထူးဆန္းခဲ့ၿပီး ကမာၻ႔ခ်န္ပီယံျဖစ္မယ္ဆိုတဲ့
နိမိတ္ကို စာတိုေတြကတစ္ဆင့္ေဖာ္ျပခဲ့တယ္လို႔ ဆိုပါတယ္။





“ငါကမာၻ႔ခ်န္ပီယံျဖစ္လိမ့္မယ္ အခ်စ္ဆုံး။ အဲ့ဒီလို ေရးခဲ့တယ္။
ငါ တစ္ဂိုးသြင္းလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ မာရာကာနာနဲ႔





ဝင္ဘေလ တို႔လိုေရးထားတာေၾကာင့္ပါ။ ငါတို႔ကမာၻ႔ခ်န္ပီယံျဖစ္ေတာ့မွာမို႔
မနက္ျဖန္ကိုေပ်ာ္ေပ်ာ္ပါးပါးသြားလိုက္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့
ငါတို႔ ၂၆ ေယာက္နဲ႔ မိသားစုဝင္အားလုံး ဒါနဲ႔ထိုက္တန္လို႔ပဲ” လို႔





ဒီမာရီယာက ဇနီးသည္ဆီ စာတိုေတြေပးပို႔ခဲ့ပါတယ္။
အံ့အားသင့္စရာေကာင္းတာက ဒီမာရီယာဟာ ဖိုင္နယ္မွာ





ပြဲထြက္ပါဝင္လာခဲ့ၿပီး ပထမပိုင္းမွာတင္ အာဂ်င္တီးနားအတြက္
တစ္ဂိုးသြင္းခဲ့ၿပီး ပင္နယ္တီအခြင့္အေရးတစ္ႀကိမ္ဖန္တီးေပးႏိုင္ခဲ့တာပါပဲ။
ပြဲအၿပီးမွာေတာ့ အင္စတာဂရမ္စာမ်က္ႏွာကတစ္ဆင့္ ဒီမာရီယာက





“သူတို႔က ကြၽန္ေတာ္နဲ႔ပတ္သတ္ရင္ ဘယ္ေတာ့မွလက္မေလွ်ာ့ခဲ့ဘူး။
ေသေလာက္ေအာင္႐ိုက္ခတ္ခံေနရခ်ိန္မွာေတာင္ အၿမဲတမ္း





အတူရွိေပးခဲ့တယ္။ ငါ့အတြက္ အၿမဲရွိေနေပးလို႔ ေက်းဇူးပါ။
သူတို႔ကို ငါ့ရဲ႕ဝိညာဥ္ကေတာင္ အႂကြင္းမဲ့ခ်စ္တယ္။ ကမာၻ႔ခ်န္ပီယံမ်ား” လို႔
ေရးသားၿပီး သူ႔ရဲ႕မိသားစုဝင္ေတြအတြက္ ဂုဏ္ယူခဲ့ပါတယ္။




