ဒီဘရိုင်း အိုင်းလိုင်နာဆိုးခဲ့တာနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ အဖြေက

ဘရိုက်တန်နဲ့ပွဲက ဒီဘရိုင်းရဲ့ဖက်ရှင်တစ်ခုကိုတော့ ဘောလုံးပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

ဘယ်လ်ဂျီယံသားဟာ ဒီပွဲကိုအသင်းခေါင်းဆောင်အဖြစ်ပါဝင်ကစားခဲ့သလို အီတီဟတ်ကွင်းထဲလာရာမှာ သူ့ရဲ့ညာဖက်မျက်လုံးကို လိုင်နာဆိုးလာခဲ့ပါတယ်။

မီဒီယာတွေက ဒါကိုအမိဖမ်းခဲ့သလို ဆိုလိုရင်းကို သိချင်ကြသူတွေများလာပါတယ်။

ဒီပွဲမှာတော့ ဒီဘရိုင်းဟာမန်စီးတီးအတွက် တတိယဂိုးသွင်းပေးခဲ့သလို အောင်ပွဲခံရာမှာ ဘယ်ဖက်မျက်လုံးတစ်ဖက်ကိုလက်နဲ့ပိတ်ပြီး လီဗာပူးတိုက်စစ်မှူးဖာမီနိုရဲ့ အမှတ်တံဆိပ်ကိုသုံးသွားခဲ့တာကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။

ဒီဘရိုင်းဟာ ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပြိုင်ဘက်နောက်ခံလူ ရူဒီဂါနဲ့ထိခိုက်မိပြီး မျက်ကွင်းကြီးညိုခဲ့သလို ကွင်းထဲကငိုယိုပြီးထွက်ခဲ့ရဖူးပါတယ်။

အဲဒီပွဲမှာ ချဲလ်ဆီးကိုရှုံးပြီး ဆုဖလားနဲ့လွဲနဲ့ရပေမဲ့ ရာသီအဆုံးမှာ မန်စီးတီးက ပရီးမီးယားလိဂ်ဆုဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့မတိုင်ခင် Big Match မှာ လီဗာပူးကို ၁-၀နဲ့ ရှုံးခဲ့ပေမဲ့ သူကမျက်ကွင်းညိုကြီးဖြစ်အောင်လိုင်နာ ဆိုးပြီး ကြိုးကြာနီတွေကို ချန်ပီယံဆုအတွက် သွယ်ဝိုက်စိန်ခေါ်ခဲ့ဟန်ရှိပါတယ်။

ဒီဘရိုင်းလိုင်နာဆိုးခဲ့တာနဲ့ပတ်သတ်လို့ ပရိသတ်တွေက “အလောင်းအစားတစ်ခုရှုံး သွားလို့လား” ၊ “အိုင်လိုင်နာလား၊ မျက်ကွင်းညိုနေတာလား” ၊ “သူဘာလို့ အိုင်းလိုင် နာဆိုးထားတာလဲ” လို့ အံ့အားသင့်စွာတုံ့ပြန်ခဲ့ကြပါတယ်။

ဂိုးသွင်းအပြီးအောင်ပွဲခံ စတိုင်နဲ့ပတ်သတ်လို့တော့ “ဖာမီနို အောင်ပွဲခံပုံနဲ့လှုံ့ဆော်မှုယူခဲ့တာလား” ၊ “ဖာမီနို ပုံစံလုပ်နေတယ်” ၊ “လီဗာပူးနဲ့အမြဲတမ်းပတ်သတ်နေတယ်။ ဖာမီနိုရဲ့ အောင်ပွဲခံပုံပါ” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။ ပရိသတ်တွေရော ဘယ်လိုထင်ကြသလဲ…။

(Zawgyi)

ဒီဘ႐ိုင္း အိုင္းလိုင္နာဆိုးခဲ့တာနဲ႔ပတ္သတ္ၿပီး ပရိသတ္ေတြရဲ႕ အေျဖက

ဘ႐ိုက္တန္နဲ႔ပြဲက ဒီဘ႐ိုင္းရဲ႕ဖက္ရွင္တစ္ခုကိုေတာ့ ေဘာလုံးပရိသတ္ေတြစိတ္ဝင္စားမႈျမင့္တက္ေနပါတယ္။

ဘယ္လ္ဂ်ီယံသားဟာ ဒီပြဲကိုအသင္းေခါင္းေဆာင္အျဖစ္ပါဝင္ကစားခဲ့သလို အီတီဟတ္ကြင္းထဲလာရာမွာ သူ႔ရဲ႕ညာဖက္မ်က္လုံးကို လိုင္နာဆိုးလာခဲ့ပါတယ္။

မီဒီယာေတြက ဒါကိုအမိဖမ္းခဲ့သလို ဆိုလိုရင္းကိုသိခ်င္ၾကသူေတြမ်ားလာပါတယ္။

ဒီပြဲမွာေတာ့ ဒီဘ႐ိုင္းဟာမန္စီးတီးအတြက္ တတိယဂိုးသြင္းေပးခဲ့သလို ေအာင္ပြဲခံရာမွာ ဘယ္ဖက္မ်က္လုံးတစ္ဖက္ကိုလက္နဲ႔ပိတ္ၿပီး လီဗာပူးတိုက္စစ္မႉးဖာမီႏိုရဲ႕ အမွတ္တံဆိပ္ကိုသုံးသြားခဲ့တာကလည္း စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။

ဒီဘ႐ိုင္းဟာ ခ်ဲလ္ဆီးကိုရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ၿပိဳင္ဘက္ေနာက္ခံလူ ႐ူဒီဂါနဲ႔ထိခိုက္မိၿပီး မ်က္ကြင္းႀကီးညိဳခဲ့သလို ကြင္းထဲကငိုယိုၿပီးထြက္ခဲ့ရဖူးပါတယ္။

အဲဒီပြဲမွာ ခ်ဲလ္ဆီးကိုရႈံးၿပီး ဆုဖလားနဲ႔လြဲနဲ႔ရေပမဲ့ ရာသီအဆုံးမွာ မန္စီးတီးက ပရီးမီးယားလိဂ္ဆုဖလားကိုသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ဘ႐ိုက္တန္နဲ႔မတိုင္ခင္ Big Match မွာ လီဗာပူးကို ၁-၀နဲ႔ ရႈံးခဲ့ေပမဲ့ သူကမ်က္ကြင္းညိဳႀကီးျဖစ္ေအာင္လိုင္နာ ဆိုးၿပီး ႀကိဳးၾကာနီေတြကို ခ်န္ပီယံဆုအတြက္သြယ္ဝိုက္စိန္ေခၚခဲ့ဟန္ရွိပါတယ္။

ဒီဘ႐ိုင္းလိုင္နာဆိုးခဲ့တာနဲ႔ပတ္သတ္လို႔ ပရိသတ္ေတြက “အေလာင္းအစားတစ္ခုရႈံး သြားလို႔လား” ၊ “အိုင္လိုင္နာလား၊ မ်က္ကြင္းညိဳေနတာလား” ၊ “သူဘာလို႔ အိုင္းလိုင္ နာဆိုးထားတာလဲ” လို႔ အံ့အားသင့္စြာတုံ႔ျပန္ခဲ့ၾကပါတယ္။

ဂိုးသြင္းအၿပီးေအာင္ပြဲခံ စတိုင္နဲ႔ပတ္သတ္လို႔ေတာ့ “ဖာမီႏို ေအာင္ပြဲခံပုံနဲ႔လႈံ႕ေဆာ္မႈယူခဲ့တာလား” ၊ “ဖာမီႏို ပုံစံလုပ္ေနတယ္” ၊ “လီဗာပူးနဲ႔အၿမဲတမ္းပတ္သတ္ေနတယ္။

ဖာမီႏိုရဲ႕ ေအာင္ပြဲခံပုံပါ” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ပရိသတ္ေတြေရာ ဘယ္လိုထင္ၾကသလဲ…။