
ဒီနှစ်အတွက် ဘလွန်းဒီအောဆုကိုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မက်ဆီကို
အဆိုပါဆုနဲ့ ထိုက်တန်မှုမရှိဘူးလို့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းတစ်ဦးက
ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပေးအပ်သွားမယ့်
အဲ ဒီဆုအတွက် လက်ရှိမှာ ဆန်ခါတင်ကစားသမား ၃၀ စာရင်းကို
ကြေညာထားပြီးဖြစ်ကာ မက်ဆီ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊
လီဝန်ဒေါစကီးတို့က ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။
ဘလွန်းဒီအောဆုကို ၆ ကြိမ်ရယူထားတဲ့ မက်ဆီဟာ နောက်ထပ်စံချိန်သစ်အဖြစ်
၇ ကြိမ်မြောက်ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။
ဘာစီလိုနာနဲ့အတူ ဥရောပပြိုင်ပွဲနဲ့ ပြည်တွင်းလိဂ်မှာ ကျဆုံးခဲ့တဲ့ မက်ဆီဟာ
ဂိုးသွင်းဘုရင်ဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပြီး အာဂျင်တီးနားနဲ့လည်း
ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်ဒရိုဝက်ဂ်နာကတော့
မက်ဆီ ဘာလို့ရေပန်းစားနေရတာလဲဆိုတာကို သူနားမလည်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
ဝက်ဂ်နာ က “မက်ဆီဟာ ဘလွန်းဒီအောဆုနဲ့ မထိုက်တန်ပါဘူး။
ဒီနှစ်က ကျွန်တော့်အတွက်တော့ ရှင်းပါတယ်။ချီလီနီ တို့ လီဝန်ဒေါစကီး တို့ပါပဲ။
မက်ဆီ ကတော့ အခြားတစ်ဖက်မှာ သုညရာခိုင်နှုန်းပဲရှိပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီ နဲ့ အပြိုင်ရေပန်းစားနေတဲ့ လီဝန်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်က
ဆုပေးပွဲမကျင်းပလို့ နစ်နာခဲ့ရတာဖြစ်ပြီး ဒီနှစ်မှာ သူဟာဆုရဖို့
ထိုက်တန်တယ်လို့ သုံးသပ်နေကြတဲ့သူတွေရှိသလို၊
တချို့ ဘောလုံးဆရာကြီးတွေကတော့ ဘန်ဇီမာ ကို ထင်ကြေးပေးကြပါတယ်။
zawgyi
ဒီႏွစ္က မက္ဆီဟာ ဘလြန္းဒီေအာဆုနဲ႔ မထိုက္တန္ပါဘူး – ဝက္ဂ္နာ
ဒီႏွစ္အတြက္ ဘလြန္းဒီေအာဆုကိုရရွိဖို႔ ေရပန္းအစားဆုံးျဖစ္ေနတဲ့ မက္ဆီကို
အဆိုပါဆုနဲ႔ ထိုက္တန္မႈမရွိဘူးလို႔ ဘိုင္ယန္ျမဴးနစ္ကစားသမားေဟာင္းတစ္ဦးက
ေျပာဆိုလိုက္ပါတယ္။ ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ ေပးအပ္သြားမယ့္
အဲ ဒီဆုအတြက္ လက္ရွိမွာ ဆန္ခါတင္ကစားသမား ၃၀ စာရင္းကို
ေၾကညာထားၿပီးျဖစ္ကာ မက္ဆီ၊ ေဂ်ာ္ဂ်င္ဟို၊ ကန္ေတ၊
လီဝန္ေဒါစကီးတို႔က ေရပန္းအစားဆုံးျဖစ္ေနခဲ့ပါတယ္။
ဘလြန္းဒီေအာဆုကို ၆ ႀကိမ္ရယူထားတဲ့ မက္ဆီဟာ ေနာက္ထပ္စံခ်ိန္သစ္အျဖစ္
၇ ႀကိမ္ေျမာက္ရယူႏိုင္ဖို႔ ေရပန္းစားေနခဲ့တာလည္းျဖစ္ပါတယ္။
ဘာစီလိုနာနဲ႔အတူ ဥေရာပၿပိဳင္ပြဲနဲ႔ ျပည္တြင္းလိဂ္မွာ က်ဆုံးခဲ့တဲ့ မက္ဆီဟာ
ဂိုးသြင္းဘုရင္ဆုကိုေတာ့ ဆြတ္ခူးႏိုင္ခဲ့ၿပီး အာဂ်င္တီးနားနဲ႔လည္း
ကိုပါအေမရိကဖလားကို ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဆန္ဒ႐ိုဝက္ဂ္နာကေတာ့
မက္ဆီ ဘာလို႔ေရပန္းစားေနရတာလဲဆိုတာကို သူနားမလည္ဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။
ဝက္ဂ္နာ က “မက္ဆီဟာ ဘလြန္းဒီေအာဆုနဲ႔ မထိုက္တန္ပါဘူး။
ဒီႏွစ္က ကြၽန္ေတာ့္အတြက္ေတာ့ ရွင္းပါတယ္။ခ်ီလီနီ တို႔ လီဝန္ေဒါစကီး တို႔ပါပဲ။
မက္ဆီ ကေတာ့ အျခားတစ္ဖက္မွာ သုညရာခိုင္ႏႈန္းပဲရွိပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
မက္ဆီ နဲ႔ အၿပိဳင္ေရပန္းစားေနတဲ့ လီဝန္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ႏွစ္က
ဆုေပးပြဲမက်င္းပလို႔ နစ္နာခဲ့ရတာျဖစ္ၿပီး ဒီႏွစ္မွာ သူဟာဆုရဖို႔
ထိုက္တန္တယ္လို႔ သုံးသပ္ေနၾကတဲ့သူေတြရွိသလို၊
တခ်ိဳ႕ ေဘာလုံးဆရာႀကီးေတြကေတာ့ ဘန္ဇီမာ ကို ထင္ေၾကးေပးၾကပါတယ္။