ဒီနိုင်ပွဲက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ချယ်လ်ဆီးပရိသတ်တွေအတွက်ရည်ရွယ်တယ်လို့ဆိုတဲ့ မေဆင်မောင့်နဲ့ချာလိုဘတ်

ဒီနေ့မနက်အစောပိုင်းက ပရီးမီးယားလိဂ်ပွဲအဖြစ် နောဝစ်ချ်နဲ့ကစားခဲ့တဲ့ပွဲမှာ

ချယ်လ်ဆီးအသင်းက(၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဲဒီနိုင်ပွဲဟာ

အသင်းပရိသတ်တွေအတွက် ရည်ရွယ်တယ်လို့

မေဆင်မောင့်နဲ့ချာလိုဘတ်တို့ကဆိုခဲ့ပါတယ်။

ဗြိတိန်အစိုးရက ချယ်လ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ကို

ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့တာကြောင့် အခုအချိန်မှာ

ချယ်လ်ဆီးအသင်းကွင်းပြင်ပအနေအထားက

အခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် ကွင်းတွင်းမှာတော့ ကစားသမားတွေဟာ

အကောင်းဆုံးစွမ်းဆောင်ခဲ့ကြပြီး နောဝစ်ချ်ကို ချာလိုဘတ်၊

မေဆင်မောင့်၊ ဟာဗတ်ဇ်တို့ရဲ့ဂိုးတွေနဲ့အတူအနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အစိုးရက ချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေကြောင့်

လာမယ့်ပွဲတွေမှာ ချယ်လ်ဆီးအသင်း အခက်အခဲတွေတွေ့ကြုံရဖို့ရှိပေမယ့်

ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ဖို့ ချယ်လ်ဆီးတစ်သင်းလုံးသာမက

ပရိသတ်တွေပါ ဆုံးဖြတ်ထားတာပါ။

နောဝစ်ချ်နဲ့ပွဲအပြီးမှာ မေဆင်မောင့်၊ ချာလိုဘတ်တို့က

သူတို့ရဲ့ Twitter မှာ Post တင်ခဲ့ပြီး မေဆင်မောင့်က

‘ပရိသတ်တွေအတွက် နိုင်ပွဲ’လို့ရေးသားခဲ့သလို ချာလိုဘတ်ကလည်း

‘ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်’လိုိ့ ရေးသားခဲ့ပါတယ်။

ဒ့ါအပြင် ပွဲအပြီးအင်တာဗျူးမှာ မေဆင်မောင့်က အသင်းရဲ့

ကွင်းပြင်ပပြဿနာတွေကြောင့် အာရုံစိုက်ရတာက ခက်ခဲပေမယ့်

လိုအပ်တဲ့နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

မေဆင်မောင့်က “ကျွန်တော်တို့အသင်းဟာ အခုအချိန်မှာ

ပြဿနာမျိုးစုံနဲ့ရင်ဆိုင်နေရတာကြောင့် အာရုံစိုက်ရတာ မလွယ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ့ အခုပွဲကိုအနိုင်ယူခဲ့ပြီး

အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့

ကွင်းထဲမှာ အကောင်းဆုံးကစားနိုင်အောင်

အာရုံစိုက်ထားတာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ဒီႏိုင္ပြဲက ကမာၻတစ္ဝန္းမွာရွိတဲ့ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္ရည္႐ြယ္တယ္လို႔ဆိုတဲ့ ေမဆင္ေမာင့္နဲ႔ခ်ာလိုဘတ္

ဒီေန႔မနက္အေစာပိုင္းက ပရီးမီးယားလိဂ္ပြဲအျဖစ္ ေနာဝစ္ခ်္နဲ႔ကစားခဲ့တဲ့ပြဲမွာ

ခ်ယ္လ္ဆီးအသင္းက(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အဲဒီႏိုင္ပြဲဟာ

အသင္းပရိသတ္ေတြအတြက္ ရည္႐ြယ္တယ္လို႔

ေမဆင္ေမာင့္နဲ႔ခ်ာလိုဘတ္တို႔ကဆိုခဲ့ပါတယ္။

ၿဗိတိန္အစိုးရက ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ကို

ပိတ္ဆို႔အေရးယူမႈေတြျပဳလုပ္ခဲ့တာေၾကာင့္ အခုအခ်ိန္မွာ

ခ်ယ္လ္ဆီးအသင္းကြင္းျပင္ပအေနအထားက

အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရေပမယ့္ ကြင္းတြင္းမွာေတာ့ ကစားသမားေတြဟာ

အေကာင္းဆုံးစြမ္းေဆာင္ခဲ့ၾကၿပီး ေနာဝစ္ခ်္ကို ခ်ာလိုဘတ္၊

ေမဆင္ေမာင့္၊ ဟာဗတ္ဇ္တို႔ရဲ႕ဂိုးေတြနဲ႔အတူအႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ၿဗိတိန္အစိုးရက ခ်မွတ္လိုက္တဲ့ျပစ္ဒဏ္ေတြေၾကာင့္

လာမယ့္ပြဲေတြမွာ ခ်ယ္လ္ဆီးအသင္း အခက္အခဲေတြေတြ႕ႀကဳံရဖို႔ရွိေပမယ့္

ႀကံ့ႀကံ့ခံေက်ာ္ျဖတ္ႏိုင္ဖို႔ ခ်ယ္လ္ဆီးတစ္သင္းလုံးသာမက

ပရိသတ္ေတြပါ ဆုံးျဖတ္ထားတာပါ။

ေနာဝစ္ခ်္နဲ႔ပြဲအၿပီးမွာ ေမဆင္ေမာင့္၊ ခ်ာလိုဘတ္တို႔က

သူတို႔ရဲ႕ Twitter မွာ Post တင္ခဲ့ၿပီး ေမဆင္ေမာင့္က

‘ပရိသတ္ေတြအတြက္ ႏိုင္ပြဲ’လို႔ေရးသားခဲ့သလို ခ်ာလိုဘတ္ကလည္း

‘ကမာၻတစ္ဝန္းမွာရွိတဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြအတြက္’လိုိ႔ ေရးသားခဲ့ပါတယ္။

ဒ့ါအျပင္ ပြဲအၿပီးအင္တာဗ်ဴးမွာ ေမဆင္ေမာင့္က အသင္းရဲ႕

ကြင္းျပင္ပျပႆနာေတြေၾကာင့္ အာ႐ုံစိုက္ရတာက ခက္ခဲေပမယ့္

လိုအပ္တဲ့ႏိုင္ပြဲရယူႏိုင္ခဲ့တယ္လို႔ေျပာၾကားခဲ့ပါတယ္။

ေမဆင္ေမာင့္က “ကြၽန္ေတာ္တို႔အသင္းဟာ အခုအခ်ိန္မွာ

ျပႆနာမ်ိဳးစုံနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ အာ႐ုံစိုက္ရတာ မလြယ္ပါဘူး။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ အခုပြဲကိုအႏိုင္ယူခဲ့ၿပီး

အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ကေတာ့

ကြင္းထဲမွာ အေကာင္းဆုံးကစားႏိုင္ေအာင္

အာ႐ုံစိုက္ထားတာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။