ဒီထက်ပိုခက်ခဲတဲ့ပွဲကို မျှော်လင့်ထားခဲ့တာဖြစ်ကြောင်း ဇာဗီ ဝန်ခံ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အယ်လ်ကလက်စီကိုပွဲမှာ

ရီးရဲလ်ကို ဝ-၄ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နိုင်ပွဲအတွက် အလွန်
ပျော်ရွှင်မိပေမယ့် ဒီထက်ပိုမိုခက်ခဲတဲ့ပွဲကို မျှော်လင့်ခဲ့တာ
ဖြစ်ကြောင်း ဝန်ခံသွားပါတယ်။
ဘာစီလိုနာဟာ ဘာနေဗျူးမှာ အူဘာမီယန်း(၂ဂိုး)၊
ဖာရန်တောရက်စ်နဲ့ အရူဂျိုတို့ရဲ့သွင်းဂိုးတွေကြောင့်

ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အခုဆိုရင် ထိပ်ဆုံးက
ရီးရဲလ်နဲ့ ၁ပွဲလျော့ ၁၂မှတ်အကွာ ရောက်လာပါတယ်။
”ကျွန်တော်တို့အသင်း ဒီထက်ပိုမိုခက်ခဲ့ကြမ်းတမ်းမယ့်ပွဲကို
မျှော်လင့်ခဲ့တာပါ။ ဘာစီလိုနာအသင်းရဲ့ပုံစံကို
ပြသနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။

ဒီပွဲရလဒ်က အနာဂတ်မှာ အသင်းရဲ့
အလားအလကိုပါ ပြောင်းလဲစေနိုင်ပါတယ်။
ကျွန်တော်တို့ဟာ သတ္တိရှိရှိကစားနိုင်ခဲ့ပြီး
ရီးရဲလ်က အသင်းကောင်းမို့လို့ အသင်းသားတွေကို
ဆိုးဆိုးရွားရွား ဘောလုံးဆုံးရှုံးမှုတွေ မဖြစ်အောင်

ကစားဖို့ အသိပေးခဲ့ပါတယ်။
ကျွန်တော်တို့အသင်း ရီးရဲလ်ထက်
ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး
ဂိုးတွေတောင် ဒီထက်ပိုသွင်းနိုင်ခဲ့သင့်တယ်လို့ထင်ပါတယ်။
ကျွန်တော်လည်း အရမ်းပျော်ရွှင်ရသလို

အသင်းသားတွေရဲ့စွမ်းဆောင်မှုအတွက်လည်း
အရမ်းကိုဂုဏ်ယူရပါတယ်။
ဘာစီလိုနာအသင်း ပြန်လာပါပြီ။
နည်းပြတစ်ယောက်အနေနဲ့ရော ပရိသတ်တစ်ယောက်အနေနဲ့ပါ
ဒီနိုင်ပွဲအပေါ် ကျွန်တော် အောင်ပွဲခံသွားမှာပါ”လို့

ဇာဗီက ပွဲအပြီးမှာ ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ
နောက်ထပ်ပွဲကျပ်အဖြစ် ဧပြီလ ၃ ရက်နေ့ကျရင်
ဒုတိယနေရာက ဆီဗီလာကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Zawgyi

ဒီထက္ပိုခက္ခဲတဲ့ပြဲကို ေမွ်ာ္လင့္ထားခဲ့တာျဖစ္ေၾကာင္း ဇာဗီ ၀န္ခံ
ဘာစီလုိနာအသင္းနည္းျပ ဇာဗီက အယ္လ္ကလက္စီကိုပြဲမွာ
ရီးရဲလ္ကို ၀-၄ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ႏိုင္ပြဲအတြက္ အလြန္

ေပ်ာ္ရႊင္မိေပမယ့္ ဒီထက္ပိုမိုခက္ခဲတ့ဲပြဲကို ေမွ်ာ္လင့္ခဲ့တာ
ျဖစ္ေၾကာင္း ၀န္ခံသြားပါတယ္။
ဘာစီလုိနာဟာ ဘာေနဗ်ဴးမွာ အူဘာမီယန္း(၂ဂိုး)၊
ဖာရန္ေတာရက္စ္နဲ႔ အရူဂ်ိဳတုိ႔ရဲ႕သြင္းဂိုးေတြေၾကာင့္
ဂိုးျပတ္အႏုိင္ရခဲ့တာျဖစ္ၿပီး အခုဆုိရင္ ထိပ္ဆုံးက

ရီးရဲလ္နဲ႔ ၁ပြဲေလ်ာ့ ၁၂မွတ္အကြာ ေရာက္လာပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္း ဒီထက္ပိုမိုခက္ခဲ့ၾကမ္းတမ္းမယ့္ပြဲကို
ေမွ်ာ္လင့္ခဲ့တာပါ။ ဘာစီလုိနာအသင္းရဲ႕ပုံစံကုိ
ျပသႏိုင္ခဲ့လုိ႔ ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္မိပါတယ္။
ဒီပြဲရလဒ္က အနာဂတ္မွာ အသင္းရဲ႕

အလားအလကိုပါ ေျပာင္းလဲေစႏိုင္ပါတယ္။
ကၽြန္ေတာ္တုိ႔ဟာ သတၱိရွိရွိကစားႏိုင္ခဲ့ၿပီး
ရီးရဲလ္က အသင္းေကာင္းမို႔လုိ႔ အသင္းသားေတြကို
ဆိုးဆုိးရြားရြား ေဘာလုံးဆုံးရံႈးမႈေတြ မျဖစ္ေအာင္
ကစားဖို႔ အသိေပးခဲ့ပါတယ္။

ကၽြန္ေတာ္တုိ႔အသင္း ရီးရဲလ္ထက္
ပိုေကာင္းေအာင္ကစားႏိုင္ခဲ့ၿပီး
ဂိုးေတြေတာင္ ဒီထက္ပိုသြင္းႏုိင္ခဲ့သင့္တယ္လုိ႔ထင္ပါတယ္။
ကၽြန္ေတာ္လည္း အရမ္းေပ်ာ္ရႊင္ရသလုိ
အသင္းသားေတြရဲ႕စြမ္းေဆာင္မႈအတြက္လည္း

အရမ္းကိုဂုဏ္ယူရပါတယ္။
ဘာစီလုိနာအသင္း ျပန္လာပါၿပီ။
နည္းျပတစ္ေယာက္အေနနဲ႔ေရာ ပရိသတ္တစ္ေယာက္အေနနဲ႔ပါ
ဒီႏိုင္ပြဲအေပၚ ကၽြန္ေတာ္ ေအာင္ပြဲခံသြားမွာပါ”လုိ႔
ဇာဗီက ပြဲအၿပီးမွာ ေျပာပါတယ္။

ဘာစီလုိနာအသင္းဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာ
ေနာက္ထပ္ပြဲက်ပ္အျဖစ္ ဧၿပီလ ၃ ရက္ေန႔က်ရင္
ဒုတိယေနရာက ဆီဗီလာကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။