ဒီတစ်ပတ်နှောင်းပိုင်းမှာပဲ မန်စီးတီးနဲ့ ဟာလန်းအပြောင်းအရွှေ့ အတည်ပြုဖွယ်ရှိ

ဒေါ့မွန်ကနေ မန်စီးတီးကို ပေါင် ၆၃သန်းနဲ့

ပြောင်းရွှေ့မယ့် နော်ဝေတိုက်စစ်မှူး ဟာလန်းရဲ့
အပြောင်းအရွှေ့ဟာ ဒီတစ်ပတ်နှောင်းပိုင်းမှာပဲ
အတည်ပြုဖွယ်ရှိနေကြောင်း သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိ ဟာလန်းဟာ ရာသီကြို
အစီအစဉ်တွေအတွက် မန်စီးတီးနဲ့ ပူးပေါင်းမှာဖြစ်ပြီး

မန်စီးတီးက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃သန်း ပေးချေမှာဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့လကတည်းက ဟာလန်းနဲ့
ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး
ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးရကစားသမားအဖြစ်
တစ်ပတ်လုပ်ခ ပေါင် ၅သိန်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

အဆိုပါအပြောင်းအရွှေ့အတွက် ဒေါ့မွန်နဲ့ မန်စီးတီးတို့ကြား
ဆွေးနွေးမှုတွေကလည်း အဆင်ပြေချောမွေ့နေပြီး
ဒေါ့မွန်အသင်းက ဟာလန်းရဲ့စာချုပ်ဖျက်သိမ်းကြေးကို
မန်စီးတီးဘက်က ပေးချေမယ့်အကြောင်း အတည်ပြုဖွယ်ရှိနေပါတယ်။
ဟာလန်းဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့

အလားအလာအရှိဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး
ဒေါ့မွန်ကစားသမားဘ၀ ၂ နှစ်ခွဲကာလအတွင်း
၈၈ပွဲမှာ ၈၅ ဂိုးအထိ သွင်းယူထားပါတယ်။
သူ့ကို ခေါ်ယူဖို့ ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်၊
ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့က အပြိုင်စိတ်ဝင်စားခဲ့ပေမယ့်

ကစားသမားဖြစ်သူကတော့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းကိုပဲ
ရွေးချယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဖခင်ဖြစ်သူကလည်း
မန်စီးတီးမှာ ၃ ရာသီကြာ ကစားခဲ့ဖူးပါတယ်။
ဟာလန်းဟာ ဂရူသာဖတ်ကို ၃-၁ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က

ဘိုချမ်ကို ၃-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာတော့ ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။

Zawgyi

ဒီတစ္ပတ္ေႏွာင္းပိုင္းမွာပဲ မန္စီးတီးနဲ႔ ဟာလန္းအေျပာင္းအေရႊ႕ အတည္ျပဳဖြယ္ရွိ

ေဒါ့မြန္ကေန မန္စီးတီးကို ေပါင္ ၆၃သန္းနဲ႔
ေျပာင္းေရႊ႕မယ့္ ေနာ္ေ၀တုိက္စစ္မွဴး ဟာလန္းရဲ႕
အေျပာင္းအေရႊ႕ဟာ ဒီတစ္ပတ္ေႏွာင္းပုိင္းမွာပဲ
အတည္ျပဳဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အသက္ ၂၁ နွစ္အရြယ္ရွိ ဟာလန္းဟာ ရာသီႀကိဳ

အစီအစဥ္ေတြအတြက္ မန္စီးတီးနဲ႔ ပူးေပါင္းမွာျဖစ္ၿပီး
မန္စီးတီးက စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃သန္း ေပးေခ်မွာျဖစ္ပါတယ္။
မန္စီးတီးဟာ ၿပီးခဲ့တဲ့လကတည္းက ဟာလန္းနဲ႔
ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ၿပီး
ပရီးမီးယားလိဂ္ရဲ႕လုပ္ခလစာအမ်ားဆုံးရကစားသမားအျဖစ္

တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းနဲ႔ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ပါတယ္။
အဆုိပါအေျပာင္းအေရႊ႕အတြက္ ေဒါ့မြန္နဲ႔ မန္စီးတီးတုိ႔ၾကား
ေဆြးေႏြးမႈေတြကလည္း အဆင္ေျပေခ်ာေမြ႕ေနၿပီး
ေဒါ့မြန္အသင္းက ဟာလန္းရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးကို
မန္စီးတီးဘက္က ေပးေခ်မယ့္အေၾကာင္း အတည္ျပဳဖြယ္ရွိေနပါတယ္။

ဟာလန္းဟာ လက္ရွိကမၻာ့ေဘာလုံးေလာကရဲ႕
အလားအလာအရွိဆုံးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီး
ေဒါ့မြန္ကစားသမားဘ၀ ၂ ႏွစ္ခြဲကာလအတြင္း
၈၈ပြဲမွာ ၈၅ ဂိုးအထိ သြင္းယူထားပါတယ္။
သူ႕ကို ေခၚယူဖို႔ ရီးရဲလ္၊ ဘာစီလုိနာ၊ ဘုိင္ယန္၊

ပီအက္စ္ဂ်ီနဲ႔ ယူႏုိက္တက္တို႔က အၿပိဳင္စိတ္၀င္စားခဲ့ေပမယ့္
ကစားသမားျဖစ္သူကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းကိုပဲ
ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး သူ႕ရဲ႕ဖခင္ျဖစ္သူကလည္း
မန္စီးတီးမွာ ၃ ရာသီၾကာ ကစားခဲ့ဖူးပါတယ္။
ဟာလန္းဟာ ဂရူသာဖတ္ကို ၃-၁ဂိုးနဲ႔

အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့အပတ္က
ဘိုခ်မ္ကို ၃-၄ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာေတာ့ ဟက္ထရစ္ရယူႏိုင္ခဲ့ပါတယ္။