ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံးမှာ ရေသောက် အနားယူချိန် ခွင့်ပြုပေးမယ်

ဗြိတိန်တစ်ဝန်း ဖြစ်ပေါ်နေတဲ့ အပူလှိင်းဖြတ်မှုကြောင့် အခုသီတင်းပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရေသောက်အနားယူချိန်ကို ပြန်လည် ခွင့်ပြုပေးမှာဖြစ်တယ်လို ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။

လန်ဒန် မိုးလေဝသဌာနချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ အင်္ဂလန်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေအပြင် ဝေလနိုင်ငံရဲ့ နေရာအချိုမှာပါ အလွန်အမင်း ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို ခံစားရဖို ရှိနေတယ်လို သိရပါတယ်။

အပူချိန် အနေနဲ့ ပြောရမယ်ဆိုရင်တော့ ၃၇ ဒီဂရီ ဆဲလ်ဆီးယပ်စ် (၉၉ ဒီဂရီဖာရင် ဟိုက်) အထိ ရှိမှာဖြစ်တယ်လိုလည်း သိရပါတယ်။ ဘောလုံးပွဲစဉ်တွေအတွင်းမှာ ရေသောက်အနားယူချိန်ကို COVID-19 ကပ်ရောဂါကြောင့်

ခဏတာ ရပ်နားခဲ့ရတဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် ဇွန်လအလယ်ပိုင်းအရောက် ပြန်လည်စတင်ကျင်းပတဲ့အချိန်မှာ အင်္ဂလန် ဘောလုံးအဖွဲချုပ်က ပထမဦးဆုံး စတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အခု သီတင်းပတ်အတွင်း ဗြိတိန်

တချိုနေရာတွေမှာတော့ ရာသီဥတု အပူချိန်ဟာ ၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် ကျော်နေပြီဖြစ်တယ်လို သိရပါတယ်။ အဲဒီလို ရေသောက်အနားယူချိန်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးတိုပွဲစဉ်မှာလည်း

သတ်မှတ်ပေးခဲ့ပြီး ဒီသီတင်း ပတ်အစောပိုင်းမှာ ညနေပိုင်း ပွဲချိန် ကစားခဲ့တဲ့ ခါရာဘောင်ဖလား ပထမဆင့် ပွဲစဉ်တွေမှာလည်း ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီလိုမျိုး ခွင့်ပြုပေးခဲ့တဲ့ အထဲမှာ ကိုဗင်ထရီနဲ့ ဘရစ္စတိုးစီးတီးတို ကစားခဲ့တဲ့ ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။

အခု လက်ရှိအချိန်မှာတော့ အင်္ဂလန်နိုင်ငံရဲ့ အချိုနေရာဒေသ တော်တော်များများမှာ ခြောက်သွေ့ပူပြင်းတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်နေရတာကြောင့် ရေပိုက်နဲ့ ပက်ဖျန်းတာမျိုးတွေ၊ သစ်ပင်ရေဖျန်းတာမျိုးတွေ မလုပ်ကြဖို သက်ဆိုင်ရာဒေသအလိုက် တားမြစ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

(zawgyi)

ၿဗိတိန္တစ္ဝန္း ျဖစ္ေပၚေနတဲ့ အပူလွိင္းျဖတ္မႈေၾကာင့္ အခုသီတင္းပတ္ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ေရေသာက္အနားယူခ်ိန္ကို ျပန္လည္ ခြင့္ျပဳေပးမွာျဖစ္တယ္လို ဘီဘီစီ သတင္းဌာနက ေဖာ္ျပပါတယ္။

လန္ဒန္ မိုးေလဝသဌာနခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ အဂၤလန္ႏိုင္ငံ ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြအျပင္ ေဝလႏိုင္ငံရဲ႕ ေနရာအခ်ိဳမွာပါ အလြန္အမင္း ပူျပင္းတဲ့ ရာသီဥတုဒဏ္ကို ခံစားရဖို ရွိေနတယ္လို သိရပါတယ္။

အပူခ်ိန္ အေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ၃၇ ဒီဂရီ ဆဲလ္ဆီးယပ္စ္ (၉၉ ဒီဂရီဖာရင္ ဟိုက္) အထိ ရွိမွာျဖစ္တယ္လိုလည္း သိရပါတယ္။ ေဘာလုံးပြဲစဥ္ေတြအတြင္းမွာ ေရေသာက္အနားယူခ်ိန္ကို COVID-19 ကပ္ေရာဂါေၾကာင့္

ခဏတာ ရပ္နားခဲ့ရတဲ့ ၂၀၁၉-၂၀ ေဘာလုံးရာသီအတြက္ ဇြန္လအလယ္ပိုင္းအေရာက္ ျပန္လည္စတင္က်င္းပတဲ့အခ်ိန္မွာ အဂၤလန္ ေဘာလုံးအဖြဲခ်ဳပ္က ပထမဦးဆုံး စတင္ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ အခု သီတင္းပတ္အတြင္း

ၿဗိတိန္ တခ်ိဳေနရာေတြမွာေတာ့ ရာသီဥတု အပူခ်ိန္ဟာ ၃၀ ဒီဂရီ ဆဲလ္ဆီးယပ္စ္ထက္ ေက်ာ္ေနၿပီျဖစ္တယ္လို သိရပါတယ္။ အဲဒီလို ေရေသာက္အနားယူခ်ိန္ကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ မန္စီးတီးတိုပြဲစဥ္မွာလည္း

သတ္မွတ္ေပးခဲ့ၿပီး ဒီသီတင္း ပတ္အေစာပိုင္းမွာ ညေနပိုင္း ပြဲခ်ိန္ ကစားခဲ့တဲ့ ခါရာေဘာင္ဖလား ပထမဆင့္ ပြဲစဥ္ေတြမွာလည္း ခြင့္ျပဳေပးခဲ့ပါတယ္။ အဲဒီလိုမ်ိဳး ခြင့္ျပဳေပးခဲ့တဲ့ အထဲမွာ ကိုဗင္ထရီနဲ႔ ဘရစၥတိုးစီးတီးတို ကစားခဲ့တဲ့ ပြဲစဥ္လည္း ပါဝင္ခဲ့ပါတယ္။

အခု လက္ရွိအခ်ိန္မွာေတာ့ အဂၤလန္ႏိုင္ငံရဲ႕ အခ်ိဳေနရာေဒသ ေတာ္ေတာ္မ်ားမ်ားမွာ ေျခာက္ေသြ႕ပူျပင္းတဲ့ အေျခအေနမ်ိဳးေတြ ရင္ဆိုင္ေနရတာေၾကာင့္ ေရပိုက္နဲ႔ ပက္ဖ်န္းတာမ်ိဳးေတြ၊ သစ္ပင္ေရဖ်န္းတာမ်ိဳးေတြ မလုပ္ၾကဖို သက္ဆိုင္ရာေဒသအလိုက္ တားျမစ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။