ဒီတစ်ခါလည်း ဂျော်ဂျင်ဟိုကြောင့်ပါပဲ

ဝက်စ်ဟမ်းနဲ့ချယ်လ်ဆီးအသင်းတို့ရဲ့ အရှေ့လန်ဒန်နဲ့အနောက်လန်ဒန်ဒါဘီပွဲကတော့

ဝက်စ်ဟမ်းနောက်ခံလူ မက်ဆူအာကူရဲ့ ဘယ်လိုထင်မထားတဲ့ဂိုးကြောင့်

မန်စီးတီးနဲ့ပွဲနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ရှုံးပွဲမရှိတော့တဲ့

ချယ်လ်ဆီးအသင်း (၉)ပွဲမြောက်မှာ ပထမဆုံးရှုံးပွဲနဲ့ပြန်ရင်ဆိုင်ခဲ့ရပါတယ်။

ချယ်လ်ဆီးတို့ အဝေးကွင်းဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းကို

လွှမ်းမိုးထားနိုင်ခဲ့ပြီး (၂၉)မိနစ်မှာကတည်းက ၀ါရင့်နောက်ခံလူ

သီယာဂိုဆေးလ်ဗားရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ဂိုးနဲ့

ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်၊ ၇၃ ရက်ရှိပြီဖြစ်တဲ့

သီယာဂိုဆေးလ်ဗားဟာ၂၀၁၅ ခုနှစ်တုန်းက လက်စတာအသင်းကို

ဂိုးသွင်းခဲ့တဲ့ အသင်းတိုက်စစ်မှူးဟောင်း ဒရော့ဘာ (၃ရနှစ်၊ ၄၉ရက်)ကို

ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ်မှာ အသက်အကြီးဆုံးဂိုးသူအဖြစ်

စံချိန်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပထမပိုင်းပြီးဖို့ (၅)မိနစ်လောက်အလိုမှာ

ကွင်းလယ်လူဂျော်ဂျင်ဟို မလိုအပ်ဘဲ ဂိုးသမားဆီ ဘောလုံးပြန်ပေးတာကြောင့်

အသင့်ရှိနေတဲ့ ဘိုဝင်က မန်ဒီကို Pressing လုပ်ခဲ့တာကနေ Foul ဖြစ်ခဲ့ပြီး

ပယ်နယ်တီပေးလိုက်ရပါတယ်။ ဂျော်ဂျင်ဟိုဟာ ယူနိုက်တက်နဲ့ပွဲတုန်းကလည်း

သူ့အမှားကြောင့် ဆန်ချိုရဲ့ဂိုးကို ခွင့်ပြုခဲ့ရသလို အခုပွဲမှာလည်း

ကြီးမားတဲ့အမှားထပ်လုပ်ခဲ့တာဖြစ်ပြီး ဒီပယ်နယ်တီကို

လန်ဇီနီက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ချယ်လ်ဆီး ဦးဆောင်ဂိုးပြန်ရခဲ့ပြီး

ဇီယက်ချ် ဘယ်ခြမ်းကနေ Crossing ပေးလိုက်တဲ့ဘောလုံးကို

မေဆင်မောင့်က လှလှပပ Volley ကန်ပြီးတော့ သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းပြန်စလို့ (၁၀)မိနစ်လောက်အကြာမှာပဲ ဆိုဖယ်လ်ပေးတာကနေ

ဒီပွဲရဲ့အကောင်းဆုံးကစားသမားလို့သတ်မှတ်ရမယ့် ဘိုဝင်က

ဧရိယာထိပ်ကနေ အပိုင်ကန်သွင်းခဲ့တာဖြစ်ပြီး ဒီပွဲမှာ

ချယ်လ်ဆီးကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ လော့ဖ်တက်ချိခ်တို့ဟာ

ခံစစ်ကို Cover လုပ်တဲ့နေရာမှာ ပုံမှန်စွမ်းဆောင်ရည်အောက်သာရှိခဲ့တာကြောင့်

ချယ်လ်ဆီးအသင်း ခံစစ်က တည်ငြိမ်မှုအားနည်းခဲ့တယ်။

ချယ်လ်ဆီးအသင်းပေးလိုက်ရတဲ့ဂိုးက မက်ဆူအာကူ ကံကောင်းခဲ့တာဖြစ်ပြီး

ဂိုးရှေ့ဖြတ်လိုက်တဲ့ဘောလုံးက ဝေ့ဝိုက်ပြီးတော့ ဂိုးထဲတန်းဝင်သွားခဲ့တာဖြစ်သလို

မန်ဒီလည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ အခုရှုံးပွဲကြောင့် ချယ်လ်ဆီးအသင်းဟာ

နည်းပြဟောင်းဆာရီလက်ထက် ၂၀၁၈၊ ဒီဇင်ဘာလတုန်းက ဝုလ်ဗ်နဲ့ပွဲနောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပြီးမှ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့တာဖြစ်ပြီး

အခုဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေမှာ

ပထမပိုင်းအပြီး ပြိုင်ဘက်ကို ဦးဆောင်ဂိုးသွင်းပြီးရင်

မရှုံးတဲ့ပွဲအရေအတွက်က (၄၈)ပွဲအထိရှိခဲ့တာဖြစ်ပါတယ်။

zawgyi

ဒီတစ္ခါလည္း ေဂ်ာ္ဂ်င္ဟိုေၾကာင့္ပါပဲ

မက္ဆူအာကူရဲ႕ မထင္မွတ္တဲ့ဂိုးေၾကာင့္ လန္ဒန္ၿပိဳင္ဘက္ ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့တဲ့ ခ်ယ္လ္ဆီး

ဝက္စ္ဟမ္းနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ အေရွ႕လန္ဒန္နဲ႔အေနာက္လန္ဒန္ဒါဘီပြဲကေတာ့

ဝက္စ္ဟမ္းေနာက္ခံလူ မက္ဆူအာကူရဲ႕ ဘယ္လိုထင္မထားတဲ့ဂိုးေၾကာင့္

မန္စီးတီးနဲ႔ပြဲေနာက္ပိုင္းကတည္းက ပရီးမီးယားလိဂ္ရႈံးပြဲမရွိေတာ့တဲ့

ခ်ယ္လ္ဆီးအသင္း (၉)ပြဲေျမာက္မွာ ပထမဆုံးရႈံးပြဲနဲ႔ျပန္ရင္ဆိုင္ခဲ့ရပါတယ္။

ခ်ယ္လ္ဆီးတို႔ အေဝးကြင္းျဖစ္ေပမယ့္ ဝက္စ္ဟမ္းအသင္းကို

လႊမ္းမိုးထားႏိုင္ခဲ့ၿပီး (၂၉)မိနစ္မွာကတည္းက ၀ါရင့္ေနာက္ခံလူ

သီယာဂိုေဆးလ္ဗားရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူခဲ့တဲ့ဂိုးနဲ႔

ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္၊ ၇၃ ရက္ရွိၿပီျဖစ္တဲ့

သီယာဂိုေဆးလ္ဗားဟာ၂၀၁၅ ခုႏွစ္တုန္းက လက္စတာအသင္းကို

ဂိုးသြင္းခဲ့တဲ့ အသင္းတိုက္စစ္မႉးေဟာင္း ဒေရာ့ဘာ (၃ရႏွစ္၊ ၄၉ရက္)ကို

ေက်ာ္ျဖတ္ၿပီးေတာ့ ပရီးမီးယားလိဂ္မွာ အသက္အႀကီးဆုံးဂိုးသူအျဖစ္

စံခ်ိန္တင္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ ပထမပိုင္းၿပီးဖို႔ (၅)မိနစ္ေလာက္အလိုမွာ

ကြင္းလယ္လူေဂ်ာ္ဂ်င္ဟို မလိုအပ္ဘဲ ဂိုးသမားဆီ ေဘာလုံးျပန္ေပးတာေၾကာင့္

အသင့္ရွိေနတဲ့ ဘိုဝင္က မန္ဒီကို Pressing လုပ္ခဲ့တာကေန Foul ျဖစ္ခဲ့ၿပီး

ပယ္နယ္တီေပးလိုက္ရပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ယူႏိုက္တက္နဲ႔ပြဲတုန္းကလည္း

သူ႔အမွားေၾကာင့္ ဆန္ခ်ိဳရဲ႕ဂိုးကို ခြင့္ျပဳခဲ့ရသလို အခုပြဲမွာလည္း

ႀကီးမားတဲ့အမွားထပ္လုပ္ခဲ့တာျဖစ္ၿပီး ဒီပယ္နယ္တီကို

လန္ဇီနီက အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။

ဒါေပမဲ့ မိနစ္ပိုင္းအၾကာမွာပဲ ခ်ယ္လ္ဆီး ဦးေဆာင္ဂိုးျပန္ရခဲ့ၿပီး

ဇီယက္ခ်္ ဘယ္ျခမ္းကေန Crossing ေပးလိုက္တဲ့ေဘာလုံးကို

ေမဆင္ေမာင့္က လွလွပပ Volley ကန္ၿပီးေတာ့ သြင္းယူခဲ့တာပါ။

ဒုတိယပိုင္းျပန္စလို႔ (၁၀)မိနစ္ေလာက္အၾကာမွာပဲ ဆိုဖယ္လ္ေပးတာကေန

ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားလို႔သတ္မွတ္ရမယ့္ ဘိုဝင္က

ဧရိယာထိပ္ကေန အပိုင္ကန္သြင္းခဲ့တာျဖစ္ၿပီး ဒီပြဲမွာ

ခ်ယ္လ္ဆီးကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့ ေဂ်ာ္ဂ်င္ဟိုနဲ႔ ေလာ့ဖ္တက္ခ်ိခ္တို႔ဟာ

ခံစစ္ကို Cover လုပ္တဲ့ေနရာမွာ ပုံမွန္စြမ္းေဆာင္ရည္ေအာက္သာရွိခဲ့တာေၾကာင့္

ခ်ယ္လ္ဆီးအသင္း ခံစစ္က တည္ၿငိမ္မႈအားနည္းခဲ့တယ္။

ခ်ယ္လ္ဆီးအသင္းေပးလိုက္ရတဲ့ဂိုးက မက္ဆူအာကူ ကံေကာင္းခဲ့တာျဖစ္ၿပီး

ဂိုးေရွ႕ျဖတ္လိုက္တဲ့ေဘာလုံးက ေဝ့ဝိုက္ၿပီးေတာ့ ဂိုးထဲတန္းဝင္သြားခဲ့တာျဖစ္သလို

မန္ဒီလည္း ဘာမွမတတ္ႏိုင္ခဲ့ဘူး။ အခုရႈံးပြဲေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ

နည္းျပေဟာင္းဆာရီလက္ထက္ ၂၀၁၈၊ ဒီဇင္ဘာလတုန္းက ဝုလ္ဗ္နဲ႔ပြဲေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့တာျဖစ္ၿပီး

အခုဝက္စ္ဟမ္းနဲ႔ပြဲမတိုင္ခင္ ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေတြမွာ

ပထမပိုင္းအၿပီး ၿပိဳင္ဘက္ကို ဦးေဆာင္ဂိုးသြင္းၿပီးရင္

မရႈံးတဲ့ပြဲအေရအတြက္က (၄၈)ပြဲအထိရွိခဲ့တာျဖစ္ပါတယ္။