ဒီည GOATကြီး ကြမ်းမယ်… ယူနိုက်တက်အသင်းအတွက် စိတ်ရော၊ လူပါ အမြဲတမ်းပေးဆပ်ထားတယ်လို့ စီရော်နယ်လ်ဒို ကြွေးကြော်

မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အသင်းအတွက်ဆိုရင်

အမြဲတမ်း စိတ်ရော၊ လူပါ နစ်မြုပ်ထားတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ဗုဒ္ဓဟူးနေ့က စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ စီရော်နယ်လ်ဒိုကို

အဲရစ်တန်ဟက်က ချယ်လ်ဆီးနဲ့ပွဲအတွက် လူစာရင်းကနေ ထုတ်ပယ်ခဲ့ပြီး ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က စီရော်နယ်လ်ဒိုနဲ့ အဲရစ်တန်ဟက်တို့ တွေ့ဆုံစကားပြောဆိုခဲ့ပြီးနောက်မှာ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးအဆင်ပြေသွားသလို

စီရော်နယ်လ်ဒိုဟာလည်း အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီး ဒီညကစားမယ့် ရှရစ်ဖ်နဲ့ပွဲလူစာရင်းမှာ

စီရော်နယ်လ်ဒိုကို ထည့်သွင်းသွားမယ်လို့ အဲရစ်တန်ဟက်က မကြာသေးခင်က အတည်ပြုခဲ့ပါတယ်။

စီရော်နယ်လ်ဒိုကလည်း ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကစားဖို့သာ အဓိက အာရုံစိုက်ထားတယ်လို့

လူမှုကွန်ရက်ကတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက သူ့ရဲ့ အင်စတာဂရမ် မှာ ‘လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ။

အသင်းအတွက် အမြဲတမ်း စိတ်ရော၊ လူပါ နစ်မြုပ်ထားပါတယ်’ဆိုပြီး Post တင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဒီရာသီမတိုင်ခင်ကတည်းက ကွင်းတွင်းပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး

နွေရာသီတုန်းက အသင်းကနေ ထွက်ဖို့ ကြိုးပမ်းခဲ့သလို ဗယ်လက်ကာနိုနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ

ပထမပိုင်းအပြီးမှာပဲ ကွင်းထဲကထွက်သွားတာကြောင့် ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ်။

အခုလောလောဆယ် စီရော်နယ်လ်ဒိုနဲ့ အဲရစ်တန်ဟက်တို့ကြားက ပြဿနာ အဆုံးသတ်သွားပေမယ့်

စီရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေက ထွက်ပေါ်နေဆဲဖြစ်ပြီး

လာမယ့်ဇန်နဝါရီကျရင် အသင်းကနေထွက်ခွာဖို့ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

zawgyi

ဒီည GOATႀကီး ၾကမ္းမယ္…

ယူႏိုက္တက္အသင္းအတြက္ စိတ္ေရာ၊ လူပါ အၿမဲတမ္းေပးဆပ္ထားတယ္လို႔ စီေရာ္နယ္လ္ဒို ေႂကြးေၾကာ္

မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ အသင္းအတြက္ဆိုရင္

အၿမဲတမ္း စိတ္ေရာ၊ လူပါ နစ္ျမဳပ္ထားတယ္လို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္ဗုဒၶဟူးေန႔က စပါးအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ လူစားဝင္ကစားဖို႔ ျငင္းဆန္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို

အဲရစ္တန္ဟက္က ခ်ယ္လ္ဆီးနဲ႔ပြဲအတြက္ လူစာရင္းကေန ထုတ္ပယ္ခဲ့ၿပီး ယူ-၂၁ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခိုင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔က စီေရာ္နယ္လ္ဒိုနဲ႔ အဲရစ္တန္ဟက္တို႔ ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီးေနာက္မွာ သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရးအဆင္ေျပသြားသလို

စီေရာ္နယ္လ္ဒိုဟာလည္း အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းခဲ့ၿပီး ဒီညကစားမယ့္ ရွရစ္ဖ္နဲ႔ပြဲလူစာရင္းမွာ

စီေရာ္နယ္လ္ဒိုကို ထည့္သြင္းသြားမယ္လို႔ အဲရစ္တန္ဟက္က မၾကာေသးခင္က အတည္ျပဳခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုကလည္း ယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပကစားဖို႔သာ အဓိက အာ႐ုံစိုက္ထားတယ္လို႔

လူမႈကြန္ရက္ကတစ္ဆင့္ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုက သူ႔ရဲ႕ အင္စတာဂရမ္ မွာ ‘လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာၿပီ။

အသင္းအတြက္ အၿမဲတမ္း စိတ္ေရာ၊ လူပါ နစ္ျမဳပ္ထားပါတယ္’ဆိုၿပီး Post တင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီမတိုင္ခင္ကတည္းက ကြင္းတြင္းျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး

ေႏြရာသီတုန္းက အသင္းကေန ထြက္ဖို႔ ႀကိဳးပမ္းခဲ့သလို ဗယ္လက္ကာႏိုနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ

ပထမပိုင္းအၿပီးမွာပဲ ကြင္းထဲကထြက္သြားတာေၾကာင့္ ေဝဖန္သံေတြထြက္ေပၚခဲ့ပါတယ္။

အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုနဲ႔ အဲရစ္တန္ဟက္တို႔ၾကားက ျပႆနာ အဆုံးသတ္သြားေပမယ့္

စီေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္နဲ႔ပတ္သက္တဲ့ သတင္းေတြက ထြက္ေပၚေနဆဲျဖစ္ၿပီး

လာမယ့္ဇန္နဝါရီက်ရင္ အသင္းကေနထြက္ခြာဖို႔ရွိတယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။