ဒီညပွဲကတော့ ဆိုးလ်ရှား အတွက် ကောင်းမွန်တဲ့ ညတစ်ည မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် သူ့အပေါ် စာနာ နားလည်မိပါတယ် – ကလော့ပ်
ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့
လီဗာပူးအသင်းတို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အကြိတ်အနယ်
ရှိလေ့ ရှိပြီး အနိုင်ရရှိဖို့ ရေကုန်ရေခမ်း ကြိုးပမ်း အားထုတ်ရတတ်ပေမယ့်
ယမန်နေ့ည ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ယူနိုက်တက် အသင်းကို
သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာ မနေ့ညက ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ ဂိုးပြတ်
အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မိုဟာမက်ဆာလာက ဟက်ထရစ် ရယူခဲ့ပြီး
သတင်းခေါင်းကြီးတွေမှာ နေရာယူခဲ့သလို နာဘီကီတာ နဲ့ ဒီယေဂိုဂျိုတာ တို့ကလည်း
ဂိုးသွင်းယူနိုင်ခဲ့ကာ လူတွေရဲ့ သတိထား ချီးကျူးမှုတွေ ခံခဲ့ရပါတယ်။
လီဗာပူးအသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပြီးမှာပဲ ယူနိုက်တက်အသင်းရဲ့
နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားလာပြီး
လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဒါဘီပွဲစဉ်
တစ်ပွဲကို ရှုံးနိမ့်ပြီးနောက် နည်းပြတစ်ဦး အနေနဲ့ ဘယ်လိုခံစားရမလဲ ဆိုတာကို
သူက ကောင်းစွာ နားလည်ကြောင်းနဲ့ ဆိုးလ်ရှားရဲ့ အခြေအနေကို
စာနာမိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ကလော့ပ်က “ ကျွန်တော် သူ့ရဲ့ အခြေအနေတွေကို စာနာမိပါတယ်။
ခင်ဗျားက ပွဲတစ်ပွဲကို ရှုံးနိမ့်ခဲ့ရင် အထူးသဖြင့် ဒါဘီပွဲ တစ်ပွဲကို ရှုံးနိမ့်ခဲ့ရင်
အင်တာဗျူးတွေကို ဖြေချင်မှာ မဟုတ်ဘူး။ သတင်းထောက်တွေရဲ့
မေးခွန်းတွေကို ပြန်ဖြေချင်မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း အဲဒီလိုပါပဲ။
ဒီညပွဲကတော့ ဆိုးလ်ရှား အတွက် ကောင်းမွန်တဲ့ ညတစ်ည မဖြစ်ခဲ့ပါဘူး။
ဒါကြောင့် ကျွန်တော် သူ့အပေါ် စာနာ နားလည်မိပါတယ်”
” ၅-ဝ ရလဒ် အတွက်ကတော့ ကျွန်တော် ဒီထက် ပျော်ရွှင်တာ မရှိပါဘူး။
ဒါဟာ ပြောင်မြောက်တဲ့ ရလဒ်ပါ။ လုံးဝကို ကောင်းလွန်းပါတယ်။
ကျွန်တော်တို့လည်း ဒီလို ရှုံးပွဲတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့
ဒီနေ့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အပြန်လမ်းမှာ ဘီယာသောက် သွားမှာပါ။” လို့ ပြောဆိုပါတယ်။
zawgyi