ဒီဂျောင်အနာဂတ်အတွက် အေးဂျင့်နဲ့ ဘာစီလိုနာ ဆွေးနွေးတော့မယ်

ဒီဂျောင်အနာဂတ်အတွက် သူ့ရဲ့အေးဂျင်ဖြစ်သူနဲ့ ဘာစီလိုနာတို့ ဆေးနွေးတော့မှာဖြစ်ပါတယ်။ အဓိကအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဒီဂျောင်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးသွားမှာပါ။

လက်ရှိမှာ ဘာစီလိုနာဟာ ကစားသမားသစ် ခွန်ဒီ ကိုမှတ်ပုံတင်ဖို့အတွက် လုပ်ခလစာမြင့်မားစွာရနေတဲ့ ဒီဂျောင်ကို ထုတ် ရောင်းတာ၊ ဒါမှမဟုတ် လစာလျော့တာ တစ်ခုခုလုပ်ပြီး ဖြေရှင်းဖို့စိတ်ကူးနေတာဖြစ်ပါတယ်။

ဒီဂျောင်ကတော့ ဘာစီလိုနာမှာဆက်နေချင်ပေမယ့် လစာလျော့ယူဖို့အတွက် ဆန္ဒမရှိဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ဘာစီလိုနာနဲ့ သူ့ကြားမှာ အသင်းဆီကနေပြန်ရမယ့် ပေါင် ၁၇ သန်းကိစ္စကလည်း

ဖြေရှင်းလို့မပြီးသေးဘဲရှိတာပါ။ ဒါကြောင့် လည်း ဘာစီလိုနာဟာ ဒီဂျောင်ကို တန်ဖိုးမြင့်နဲ့ ပြန်လည်ရောင်းချဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ မန်ယူ ကတော့ နွေရာသီအပြောင်းအရွှေ့စကတည်းက

ဒီဂျောင်ကိုရဖို့ ကြိုးစားနေတာဖြစ်တယ်။ အဲဒီအထဲမှာ ချဲလ်ဆီး လည်းပါဝင်လာတယ်ဆိုပေမယ့် မန်ယူလို တရားဝင်ကမ်းလှမ်းတာတွေတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း

မန်ယူဟာ ကက်စ်မီရိုအတွက် ပေါင်သန်း ၇၀ သုံးထားပြီးဖြစ်ပေမယ့် နည်းပြတန်ဟတ်ရဲ့ နံပါတ်တစ်ဦးပေးဖြစ် နေတဲ့ ဒီဂျောင်ကိုရဖို့ ဆက်လက်ကြိုးစားနေတာဖြစ်ပါတယ်။

မန်ယူနည်းပြ တန်ဟတ် ကိုယ်တိုင်ကလည်း တပည့်ဟောင်း ဒီဂျောင်အနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မရောက်ခင် စိတ်ပြောင်းပြီး အိုးလ်ထရက်ဖို့ဒ် ရောက်လာမယ်လို့ ယုံကြည်နေပါတယ်။

(zawgyi)

ဒီေဂ်ာင္အနာဂတ္အတြက္ သူ႔ရဲ႕ေအးဂ်င္ျဖစ္သူနဲ႔ ဘာစီလိုနာတို႔ ေဆးေႏြးေတာ့မွာျဖစ္ပါတယ္။ အဓိကအေနနဲ႔ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ဒီေဂ်ာင္ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး

အဓိကေဆြးေႏြးသြားမွာပါ။ လက္ရွိမွာ ဘာစီလိုနာဟာ ကစားသမားသစ္ ခြန္ဒီ ကိုမွတ္ပုံတင္ဖို႔အတြက္ လုပ္ခလစာျမင့္မားစြာရေနတဲ့ ဒီေဂ်ာင္ကို ထုတ္ ေရာင္းတာ၊ ဒါမွမဟုတ္ လစာေလ်ာ့တာ

တစ္ခုခုလုပ္ၿပီး ေျဖရွင္းဖို႔စိတ္ကူးေနတာျဖစ္ပါတယ္။ ဒီေဂ်ာင္ကေတာ့ ဘာစီလိုနာမွာဆက္ေနခ်င္ေပမယ့္ လစာေလ်ာ့ယူဖို႔အတြက္ ဆႏၵမရွိဘူးျဖစ္ေနပါတယ္။ ဒါ့အျပင္ ဘာစီလိုနာနဲ႔

သူ႔ၾကားမွာ အသင္းဆီကေနျပန္ရမယ့္ ေပါင္ ၁၇ သန္းကိစၥကလည္း ေျဖရွင္းလို႔မၿပီးေသးဘဲရွိတာပါ။ ဒါေၾကာင့္ လည္း ဘာစီလိုနာဟာ ဒီေဂ်ာင္ကို တန္ဖိုးျမင့္နဲ႔

ျပန္လည္ေရာင္းခ်ဖို႔အတြက္ ႀကိဳးစားေနတာျဖစ္ပါတယ္။ မန္ယူ ကေတာ့ ေႏြရာသီအေျပာင္းအေ႐ႊ႕စကတည္းက ဒီေဂ်ာင္ကိုရဖို႔ ႀကိဳးစားေနတာျဖစ္တယ္။ အဲဒီအထဲမွာ ခ်ဲလ္ဆီး လည္းပါဝင္လာတယ္ဆိုေပမယ့္ မန္ယူလို

တရားဝင္ကမ္းလွမ္းတာေတြေတာ့ မေတြ႕ရေသးပါဘူး။ ဒါေၾကာင့္လည္း မန္ယူဟာ ကက္စ္မီ႐ိုအတြက္ ေပါင္သန္း ၇၀ သုံးထားၿပီးျဖစ္ေပမယ့္ နည္းျပတန္ဟတ္ရဲ႕ နံပါတ္တစ္ဦးေပးျဖစ္ ေနတဲ့

ဒီေဂ်ာင္ကိုရဖို႔ ဆက္လက္ႀကိဳးစားေနတာျဖစ္ပါတယ္။ မန္ယူနည္းျပ တန္ဟတ္ ကိုယ္တိုင္ကလည္း တပည့္ေဟာင္း ဒီေဂ်ာင္အေနနဲ႔ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးအခ်ိန္မေရာက္ခင္ စိတ္ေျပာင္းၿပီး အိုးလ္ထရက္ဖို႔ဒ္ ေရာက္လာမယ္လို႔ ယုံၾကည္ေနပါတယ္။