ဒီဂျောင်အတွက် မန်ယူအသင်း မီးကုန်ယမ်းကုန် ကြိုးစားနေဆဲ

ယိုယွင်းပျက်စီးနေတဲ့ ကွင်းလယ်တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့အတွက် မန်ယူဟာ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို နွေဈေးကွက်မပိတ်ခင်မှာ ခေါ်ယူနိုင်ဖို့ မီးကုန်ယမ်းကုန် ကြိုးစားနေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူ ကက်စ်မီရိုကို

ခေါ်ယူထားပြီးဖြစ်ပေမယ့်လည်း သရဲနီတွေဟာ ဒီဂျောင်ကို ခေါ်ယူဖို့အတွက် အိပ်မက်မက်နေဆဲဖြစ် တယ်လို့ သိရပြီး ဈေးကွက်မပိတ်ခင်မှာ ခေါ်ယူနိုင်ဖို့အတွက် မီးကုန်ယမ်းကုန် ကြိုးစားမှာဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် သတင်းတွေက ဖော်ပြနေကြပါ တယ်။

အမှတ်ပေးဇယား အောက်ဆုံးကနေပြီး ထိပ်ပိုင်းကို တဖြည်းဖြည်း ချင်း ပြန်လည်တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် မန်ယူအနေနဲ့ ကစားသမား ကောင်းတွေ လိုအပ်နေတာကြောင့် ငွေသုံးဖို့ ဝန်မလေးဘူးဆိုတဲ့ အနေအ ထားမျိုးကိုလည်း တွေ့နေရပါတယ်။

အားလုံးသိထားကြတာကတော့ မန်ယူ နဲ့ ဒီဂျောင်ဇာတ်လမ်းဟာ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဖြစ်ပျက်ခဲ့ပြီး လက်ရှိအချိန် မှာ ပြီးဆုံးသွားပြီလို့ ထင်ရပေမယ့် သရဲနီတွေကတော့ နောက်ဆုံး ထွက်သက် အထိ ကြိုးစားသွားမယ့်အစီအစဉ်ရှိနေပါတယ်။ နယ်သာလန်ကွင်းလယ်လူ ရဲ့

အပြောင်းအရွှေ့ဟာ အပြောထက် တကယ့်လက်တွေ့အလုပ်က ပိုခက် တယ်ဆိုပေမယ့်လည်း ဒီဂျောင်ကို အိုးလ်ထရက်ဖို့ဒ်မြက်ခင်းစိမ်းတွေဆီခေါ် ဆောင်နိုင်ဖို့အတွက် မန်ယူဟာ အမဲလိုက်ထွက်နေဆဲဖြစ်တယ်လို့ Mirror ရဲ့ အဆိုအရ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီဂျောင်ကို ခေါ်ယူဖို့ဆိုရင် လက်ရှိပေါက်ဈေးအရ ပေါင် ၇၂ သန်းလောက် သုံးရမှာဖြစ်ပြီး ဒီပြောင်းရွှေ့ကြေးဟာ အိုးလ်ထ ရက်ဖို့ဒ်သမိုင်းရဲ့ အမြင့်မားဆုံး ပြောင်းရွှေ့ကြေးတွေထဲက တစ်ခုဖြစ်လာနိုင် ပါတယ်။

သူ့ရဲ့ ထိန်းကျောင်းနည်းပြမှုအောက်မှာ တိုးတက်မှုတွေ လိုချင်တယ်ဆိုရင်တော့ အရည်အသွေးရှိတဲ့ ကစားသမားကောင်းတွေ ပိုမိုလိုအပ် တယ်လို့ နည်းပြအဲရစ်တန်ဟက်က ပြောဆိုခဲ့ပြီးဖြစ်သလို

အသင်းမှာ တကယ်ကို အရည်အသွေးရှိတဲ့ ကစားသမားတွေ လိုအပ်နေပြီဆိုတာကို လည်း အသင်းပိုင်ရှင် ဂလေဇာ မိသားစု ကောင်းကောင်းနားလည် သဘော ပေါက်ပါတယ်။

(zawgyi)

ယိုယြင္းပ်က္စီးေနတဲ့ ကြင္းလယ္တိုက္စစ္ပိုင္းကို ေသြးသစ္ေလာင္းဖို႔အတြက္ မန္ယူဟာ ဘာစီလိုနာကြင္းလယ္လူ ဒီေဂ်ာင္ကို ေႏြေဈးကြက္မပိတ္ခင္မွာ ေခၚယူႏိုင္ဖို႔ မီးကုန္ယမ္းကုန္ ႀကိဳးစားေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၃၀ အ႐ြယ္ ကြင္းလယ္လူ ကက္စ္မီ႐ိုကို ေခၚယူထားၿပီးျဖစ္ေပမယ့္လည္း သရဲနီေတြဟာ ဒီေဂ်ာင္ကို ေခၚယူဖို႔အတြက္ အိပ္မက္မက္ေနဆဲျဖစ္ တယ္လို႔ သိရၿပီး ေဈးကြက္မပိတ္ခင္မွာ ေခၚယူႏိုင္ဖို႔အတြက္ မီးကုန္ယမ္းကုန္

ႀကိဳးစားမွာျဖစ္တယ္လို႔ အဂၤလန္အေျခစိုက္ သတင္းေတြက ေဖာ္ျပေနၾကပါ တယ္။ အမွတ္ေပးဇယား ေအာက္ဆုံးကေနၿပီး ထိပ္ပိုင္းကို တျဖည္းျဖည္း ခ်င္း ျပန္လည္တက္လွမ္းႏိုင္ဖို႔အတြက္ဆိုရင္ မန္ယူအေနနဲ႔ ကစားသမား ေကာင္းေတြ

လိုအပ္ေနတာေၾကာင့္ ေငြသုံးဖို႔ ဝန္မေလးဘူးဆိုတဲ့ အေနအ ထားမ်ိဳးကိုလည္း ေတြ႕ေနရပါတယ္။ အားလုံးသိထားၾကတာကေတာ့ မန္ယူ နဲ႔ ဒီေဂ်ာင္ဇာတ္လမ္းဟာ ဒ႑ာရီပုံျပင္ဆန္ဆန္ ျဖစ္ပ်က္ခဲ့ၿပီး လက္ရွိအခ်ိန္ မွာ ၿပီးဆုံးသြားၿပီလို႔ ထင္ရေပမယ့္

သရဲနီေတြကေတာ့ ေနာက္ဆုံး ထြက္သက္ အထိ ႀကိဳးစားသြားမယ့္အစီအစဥ္ရွိေနပါတယ္။ နယ္သာလန္ကြင္းလယ္လူ ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အေျပာထက္ တကယ့္လက္ေတြ႕အလုပ္က ပိုခက္ တယ္ဆိုေပမယ့္လည္း ဒီေဂ်ာင္ကို

အိုးလ္ထရက္ဖို႔ဒ္ျမက္ခင္းစိမ္းေတြဆီေခၚ ေဆာင္ႏိုင္ဖို႔အတြက္ မန္ယူဟာ အမဲလိုက္ထြက္ေနဆဲျဖစ္တယ္လို႔ Mirror ရဲ႕ အဆိုအရ သိရပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဒီေဂ်ာင္ကို ေခၚယူဖို႔ဆိုရင္ လက္ရွိေပါက္ေဈးအရ

ေပါင္ ၇၂ သန္းေလာက္ သုံးရမွာျဖစ္ၿပီး ဒီေျပာင္းေ႐ႊ႕ေၾကးဟာ အိုးလ္ထ ရက္ဖို႔ဒ္သမိုင္းရဲ႕ အျမင့္မားဆုံး ေျပာင္းေ႐ႊ႕ေၾကးေတြထဲက တစ္ခုျဖစ္လာႏိုင္ ပါတယ္။ သူ႔ရဲ႕ ထိန္းေက်ာင္းနည္းျပမႈေအာက္မွာ တိုးတက္မႈေတြ လိုခ်င္တယ္ဆိုရင္ေတာ့

အရည္အေသြးရွိတဲ့ ကစားသမားေကာင္းေတြ ပိုမိုလိုအပ္ တယ္လို႔ နည္းျပအဲရစ္တန္ဟက္က ေျပာဆိုခဲ့ၿပီးျဖစ္သလို အသင္းမွာ တကယ္ကို အရည္အေသြးရွိတဲ့ ကစားသမားေတြ လိုအပ္ေနၿပီဆိုတာကို လည္း အသင္းပိုင္ရွင္ ဂေလဇာ မိသားစု ေကာင္းေကာင္းနားလည္ သေဘာ ေပါက္ပါတယ္။