ဒီဂျောင်ကို အနုကြမ်းစီးပြီး သရဲနီတွေရဲ့အသည်းကို ခွဲတော့မယ့် ခြင်္သေ့ပြာ

အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူအသင်း ပစ်မှတ်ထားပြီး လိုက်နေတဲ့ ကွင်းလယ်လူဖရန်ကီဒီဂျောင်ကို ချဲလ်ဆီးက လျှပ်တစ်ပြက် အနုကြမ်းဝင်စီး တဲ့ပုံစံမျိုးနဲ့ ခေါ်ယူနိုင်ဖို ရှိနေတယ်လို talksport သတင်းဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ယူဟာ ဘာစီလိုနာကွင်းလယ်လူကို ခေါ်ယူ ဖိုအတွက် ၃ လလောက် အားထုတ်ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်မှာ တော့ ချဲလ်ဆီးဟာ ဒီဂျောင်ကို အနုကြမ်းဝင်စီးမယ့်ပုံစံမျိုး ရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဒီဂျောင်က နူးကမ့်နဲ့အတူ ခရီးဆက်လိုနေတဲ့ပုံစံမျိုး ရှိနေတာကြောင့်

ချဲလ်ဆီးတိုအဖို ထင်သလောက် ခရီးမပေါက်နိုင်သေးပေမယ့် ကာယကံရှင်ကိုယ်တိုင်ကသာ မီးစိမ်းပြလိုက်ပြီဆိုရင်တော့ ဒီဂျောင်ဟာ မန်ချက်စတာမြိုကိုသွားမယ့် လေယာဉ်ပေါ်မတက်တော့ဘဲ လန်ဒန်ဆီကို ဆိုက်ရောက်မယ့် လေယာဉ်ပေါ်မှာပဲ ပါလာလိမ့်မယ်လို talksport က ဖော် ပြပါတယ်။

ဒီဂျောင်ကို ပေါင် ၆၃ သန်းနဲ့ ခေါ်ယူနိုင်ဖိုအတွက် အခု နွေရာသီ အစောပိုင်းမှာ မန်ယူနဲ့ ဘာစီလိုနာအကြား သဘောတူညီမှု ရခဲ့ပေမယ့် က စားသမားကိုယ်တိုင်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားလိုနေတာကြောင့် ငြင်းဆန် ခဲ့တာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်လည်း

ချန်ပီယံ လိဂ် ဝင်ကစားခွင့်ရနေတဲ့ ချဲလ်ဆီးကိုသာ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ် တဲ့ ဒီဂျောင်က ဦးစားပေးဖိုရှိနေတယ်လို သိရပါတယ်။ စပိန်ကလပ် ဘာစီလို နာဟာ COVID-19 ကပ်ရောဂါ ကာလအတွင်းမှာ ဒီဂျောင်ရဲ့ လုပ်ခလစာတွေ ကို ယာယီဆိုင်းငံ့ထားတာကြောင့်

ပေါင် ၁၇ သန်းနီးပါး ပေးချေဖို ကျန်နေ သေးတဲ့အချက်လည်း ရှိနေလို နူးကမ့်မှာပဲ ဆက်ရှိနေနိုင်တယ်ဆိုတဲ့ သုံး သပ်မှုမျိုးတွေလည်း ရှိနေပါတယ်။ ဒီ နယ်သာလန် လက်ရွေးစင် ကစားသမား အတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးမဆို

ဘာစီလိုနာနဲ့ ဒီဂျောင်တိုအကြား သဘောတူညီမှုက အဓိက ကျနေတာကြောင့် ဒီဂျောင်ရဲ့ လက်ရှိစာချုပ်ပါ အချက်အလက် တချိုဟာ ဘောင်မဝင်ဘူးလို ပြောဆိုထားပြီးဖြစ်တဲ့ ဘာစီ လိုနာအနေနဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် လိုသလို

အကွက်ရွှေ့ဖို အခြေ အနေမျိုးတွေ ပိုတိုးလာဖွယ်ရှိနေပါတယ်။ လက်ရှိ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေဟာလည်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီး အသင်း ကြွေးမြီပမာဏ ပေါင် ၁ ဒသမ ၄ ဘီလီယံလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

(zawgyi)







