ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ တရားဝင်ဆွေးနွေးနေပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း

အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ကွင်းလယ်လူ
ဖရန်ကီဒီဂျောင်ကို ခေါ်ယူနိုင်ရေးအတွက်
သူ့ရဲ့ကလပ် ဘာစီလိုနာအသင်းနဲ့
တရားဝင်ဆွေးနွေးနေပြီဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင် ဒီဂျောင်ဟာ

နူးကမ့်မှာ ပျော်ရွှင်နေပေမယ့် ဘာစီလိုနာအသင်းက
ဘဏ္ဍာရေးအခက်အခဲတွေကြောင့်
မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင်
အေဂျက်စ်ကြယ်ပွင့်ဟောင်းကို ထုတ်ရောင်းဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းပြဿနာကို

ဖြေရှင်းနိုင်ရေးအတွက် ဒီဂျောင်ကို
ပေါင် ၇၅သန်းကျော်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပြီး
အသင်းက ပေ့ါဂ်ဘာ၊ မာတစ်၊ ဟွမ်မာတာနဲ့
လင်ဂတ်တို့ကို အသင်းကနေ ထွက်ခွာခွင့်
ပေးလိုက်ပြီဖြစ်ရာ ကွင်းလယ်ပိုင်းကို

မဖြစ်မနေအင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက
ဒီဂျောင်ကို ခေါ်ယူနိုင်ရင် အဲဒီလိုအပ်ချက်တွေကို
ဖြည့်ဆည်းနိုင်မှာဖြစ်တဲ့အပြင် ကွင်းလယ်အင်အား
ပိုမိုတောင့်တင်းသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါပေမဲ့ စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ
ယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို
ခေါ်ယူနိုင်ရေးအတွက် အခက်အခဲတွေနဲ့
ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။
ပထမဆုံးအခက်အခဲကတော့ ကစားသမားဖြစ်သူကို

အသင်းပြောင်းရွှေ့ဖို့ ဆွဲဆောင်နိုင်ရေးဖြစ်ပြီး
ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့အချက်ကလည်း
အတားအဆီးတစ်ခုဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေအတွက်
မျှော်လင့်စရာတစ်ခုကတော့ လက်ရှိနည်းပြ

တန်ဟတ်နဲ့ ဒီဂျောင်တို အေဂျက်စ်မှာ
အတွဲညီခဲ့တဲ့အချက်ဖြစ်ပြီး တန်ဟတ်ကြောင့်
ဒီဂျောင် အသင်းပြောင်းလာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။
ဒီဂျောင်ဟာ အေဂျက်စ်မှာ
တန်ဟတ်ရဲ့အရောင်တင်ပေးမှုနဲ့အတူ

နာမည်ကျော်လာခဲ့ပြီး အဲဒီအတွက်ကြောင့်ပဲ
သူ့ရဲ့အိပ်မက်ကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်းကို
မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာပါ။
ယူနိုက်တက်ဟာ နွေရာသီအတွင်း
ကွင်းလယ်ပိုင်းကို အဓိကထားပြင်ဆင်လိုနေပြီး

ဒီဂျောင်အနေနဲ့ ဘာစီလိုနာကနေ
ထွက်ခွာဖို့ ဆုံးဖြတ်ရင်တောင်မှ
ယူနိုက်တက်က သူပြောင်းချင်တဲ့စာရင်းမှာ
ထိပ်ပိုင်းနားရှိနိုင်မှာမဟုတ်ပါဘူး။

Zawgyi

ဒီေဂ်ာင္ကို ေခၚယူႏုိင္ဖို႔ ဘာစီလုိနာနဲ႔ တရား၀င္ေဆြးေႏြးေနၿပီျဖစ္တဲ့ ယူႏုိက္တက္
ယူႏုိက္တက္ဟာ ယခုေႏြရာသီအတြင္း
အသင္းရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ ကြင္းလယ္လူ

ဖရန္ကီဒီေဂ်ာင္ကို ေခၚယူႏိုင္ေရးအတြက္
သူ႕ရဲ႕ကလပ္ ဘာစီလုိနာအသင္းနဲ႔
တရား၀င္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။
နယ္သာလန္လက္ေရြးစင္ ဒီေဂ်ာင္ဟာ
ႏူးကမ့္မွာ ေပ်ာ္ရႊင္ေနေပမယ့္ ဘာစီလုိနာအသင္းက

ဘ႑ာေရးအခက္အခဲေတြေၾကာင့္
ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာရင္
ေအဂ်က္စ္ၾကယ္ပြင့္ေဟာင္းကို ထုတ္ေရာင္းဖြယ္ရွိေနပါတယ္။
ယူႏုိက္တက္ဟာ ကြင္းလယ္ပိုင္းျပႆနာကို
ေျဖရွင္းႏိုင္ေရးအတြက္ ဒီေဂ်ာင္ကို

ေပါင္ ၇၅သန္းေက်ာ္နဲ႔ ကမ္းလွမ္းဖြယ္ရွိေနၿပီး
အသင္းက ေပ့ါဂ္ဘာ၊ မာတစ္၊ ဟြမ္မာတာနဲ႔
လင္ဂတ္တုိ႔ကို အသင္းကေန ထြက္ခြာခြင့္
ေပးလုိက္ၿပီျဖစ္ရာ ကြင္းလယ္ပိုင္းကို
မျဖစ္မေနအင္အားျဖည့္တင္းဖို႔ လိုအပ္ေနပါတယ္။

ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြက
ဒီေဂ်ာင္ကို ေခၚယူႏုိင္ရင္ အဲဒီလိုအပ္ခ်က္ေတြကို
ျဖည့္ဆည္းႏိုင္မွာျဖစ္တဲ့အျပင္ ကြင္းလယ္အင္အား
ပိုမုိေတာင့္တင္းသြားလိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
ဒါေပမဲ့ စကိုင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ

ယူႏုိက္တက္အေနနဲ႔ ဒီေဂ်ာင္ကို
ေခၚယူႏိုင္ေရးအတြက္ အခက္အခဲေတြနဲ႔
ရင္ဆုိင္ရႏိုင္တယ္လုိ႔ သိရပါတယ္။
ပထမဆုံးအခက္အခဲကေတာ့ ကစားသမားျဖစ္သူကို
အသင္းေျပာင္းေရႊ႕ဖုိ႔ ဆြဲေဆာင္ႏိုင္ေရးျဖစ္ၿပီး

ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့တဲ့အခ်က္ကလည္း
အတားအဆီးတစ္ခုျဖစ္လာႏိုင္ပါတယ္။
ယူႏုိက္တက္ပရိသတ္ေတြအတြက္
ေမွ်ာ္လင့္စရာတစ္ခုကေတာ့ လက္ရွိနည္းျပ
တန္ဟတ္နဲ႔ ဒီေဂ်ာင္တို ေအဂ်က္စ္မွာ

အတြဲညီခဲ့တဲ့အခ်က္ျဖစ္ၿပီး တန္ဟတ္ေၾကာင့္
ဒီေဂ်ာင္ အသင္းေျပာင္းလာႏိုင္တယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။
ဒီေဂ်ာင္ဟာ ေအဂ်က္စ္မွာ
တန္ဟတ္ရဲ႕အေရာင္တင္ေပးမႈနဲ႔အတူ
နာမည္ေက်ာ္လာခဲ့ၿပီး အဲဒီအတြက္ေၾကာင့္ပဲ

သူ႕ရဲ႕အိပ္မက္ကလပ္ျဖစ္တဲ့ ဘာစီလိုနာအသင္းကို
ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိခဲ့တာပါ။
ယူႏုိက္တက္ဟာ ေႏြရာသီအတြင္း
ကြင္းလယ္ပိုင္းကို အဓိကထားျပင္ဆင္လုိေနၿပီး
ဒီေဂ်ာင္အေနနဲ႔ ဘာစီလုိနာကေန

ထြက္ခြာဖို႔ ဆုံးျဖတ္ရင္ေတာင္မွ
ယူႏုိက္တက္က သူေျပာင္းခ်င္တဲ့စာရင္းမွာ
ထိပ္ပိုင္းနားရွိႏိုင္မွာမဟုတ္ပါဘူး။