ဒီဂီယာသာမကယ်ရင် မန်ယူအသင်းတန်းဆင်းဇုန်ထဲ ရောက်နေလောက်ပြီ

နယူးကာဆယ်နဲ့ပွဲမှာ ပွဲပြီးကာနီး ဒီဂီယာရဲ့ကာကွယ်ချက်ကမန်ယူအသင်းကို

တစ်မှတ်ရရှိစေခဲ့ပြန်တယ်လို့ သိရပါတယ်။ ဒီပွဲမှာနယူးကာဆယ်ဘက်က

စိန့်မက်ဆီမင် ကပွဲချိန် ၇ မိနစ်ကတည်းက မန်ယူအသင်းရဲ့ခံစစ်ပိုင်းအမှားကနေတစ်ဆင့်

ဦးဆောင်ဂိုးသွင်းခဲ့တာပါ။ မန်ယူအတွက်ချေပဂိုးကိုတော့ လူစားဝင်လာတဲ့

ကာဗာနီက ၇၁ မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်းဂိုးသမား

ဒီဂီယာဟာ ထုံးစံအတိုင်းမန်ယူကိုကယ်တင်ပေးခဲ့ရပြီး

နယူးကာဆယ်ကလူစားဝင်ကစားသမား ဖြစ်တဲ့ မင်ဂွဲလ်အယ်လ်မီရွန်ရဲ့ကန်ချက်ကို

သူ မကာကွယ်နိုင်ခဲ့ဘူးဆိုရင် မန်ယူအသင်းရှုံးပွဲကြုံရမှာပါ။ ဂိုးဧရိယာအစပ်နားကနေ

အယ်လ်မီရွန်ရဲ့ ကန်ချက်ဟာ ဂိုးပေါက်ရဲ့ညာဘက်အပေါ်ထောင့်ကိုဦးတည်ခဲ့လို့

ဂိုးဝင်တော့မယ်ထင်ခဲ့ပေမယ့် ဒီဂီယာကလက်တစ်ဖက်တည်းနဲ့

အံ့အားသင့်လောက်အောင်ပုတ်ထုတ်ကာကွယ်ခဲ့ရတာပါ။

ဒီပွဲမှာ ဒီဂီယာဟာ မန်ယူအတွက် ကာကွယ်မှု ၇ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး

စိန့်ဂျိမ်စ်ပါ့ခ်က အကောင်းဆုံးသောမန်ယူကစားသမားဖြစ်ခဲ့ပြန်ပါတယ်။

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီကတောင် အယ်လ်မီရွန်ရဲ့ကန်ချက်

ဂိုးဝင်သွားပြီလို့ဘဲထင်ခဲ့တာလို့ဆိုပြီး ဒီဂီယာကိုချီးကျူးခဲ့ပါတယ်။

သူက” ဒီဂီယာတစ်ယောက် အယ်လ်မီရွန်ရဲ့ကန်ချက်ကို

ဘယ်လိုကာကွယ်ခဲ့သလဲတော့မသိဘူးဗျ။ ကျုပ်ကတော့ဂိုးဝင်သွားပြီဘဲထင်ခဲ့တာ” လို့

ပြောခဲ့ရတဲ့အထိပါဘဲ။သူ့ကာကွယ်ချက်ဟာ အံ့အားသင့်စရာကောင်းလွန်းလို့

ဆိုရှယ်မီဒီယာ ပေါ်မှာသူ့ကိုချီးကျူးမှုတွေရှိခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတွေကြားထဲမှာ ဒီဂီယာနဲ့ပတ်သက်ပြီး

အခုလိုဘဲ ချီးကျူးခဲ့ကြတာပါ။”ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး

ဂိုးသမားဖြစ်တယ်” ” ဒီဂီယာသာမကယ်ရင် မန်ယူအသင်းတန်းဆင်းဇုန်ထဲ

ရောက်နေလောက်ပြီ” ” မန်ယူရဲ့ခြေစွမ်းကတော်တော်ဆိုးရွားခဲ့ပေမယ့်

ဒီဂီယာကတော့ မယုံနိုင်တဲ့ကာကွယ်မှုအချို့လုပ်နိုင်ခဲ့တယ်”

” မန်ယူနည်းပြဖြစ်လာတဲ့သူတိုင်း ဒီဂီယာကိုအသင်းမှာဆက်ရှိဖို့

တောင်းပန်နေရမယ်” အစရှိသဖြင့်ရေးသားခဲ့ကြပါတယ်။

zawgyi

ဒီဂီယာသာမကယ္ရင္ မန္ယူအသင္းတန္းဆင္းဇုန္ထဲ ေရာက္ေနေလာက္ၿပီ

နယူးကာဆယ္နဲ႔ပြဲမွာ ပြဲၿပီးကာနီး ဒီဂီယာရဲ႕ကာကြယ္ခ်က္ကမန္ယူအသင္းကို

တစ္မွတ္ရရွိေစခဲ့ျပန္တယ္လို႔ သိရပါတယ္။ ဒီပြဲမွာနယူးကာဆယ္ဘက္က

စိန႔္မက္ဆီမင္ ကပြဲခ်ိန္ ၇ မိနစ္ကတည္းက မန္ယူအသင္းရဲ႕ခံစစ္ပိုင္းအမွားကေနတစ္ဆင့္

ဦးေဆာင္ဂိုးသြင္းခဲ့တာပါ။ မန္ယူအတြက္ေခ်ပဂိုးကိုေတာ့ လူစားဝင္လာတဲ့

ကာဗာနီက ၇၁ မိနစ္မွာသြင္းယူခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ မန္ယူအသင္းဂိုးသမား

ဒီဂီယာဟာ ထုံးစံအတိုင္းမန္ယူကိုကယ္တင္ေပးခဲ့ရၿပီး

နယူးကာဆယ္ကလူစားဝင္ကစားသမား ျဖစ္တဲ့ မင္ဂြဲလ္အယ္လ္မီ႐ြန္ရဲ႕ကန္ခ်က္ကို

သူ မကာကြယ္ႏိုင္ခဲ့ဘူးဆိုရင္ မန္ယူအသင္းရႈံးပြဲႀကဳံရမွာပါ။ ဂိုးဧရိယာအစပ္နားကေန

အယ္လ္မီ႐ြန္ရဲ႕ ကန္ခ်က္ဟာ ဂိုးေပါက္ရဲ႕ညာဘက္အေပၚေထာင့္ကိုဦးတည္ခဲ့လို႔

ဂိုးဝင္ေတာ့မယ္ထင္ခဲ့ေပမယ့္ ဒီဂီယာကလက္တစ္ဖက္တည္းနဲ႔

အံ့အားသင့္ေလာက္ေအာင္ပုတ္ထုတ္ကာကြယ္ခဲ့ရတာပါ။

ဒီပြဲမွာ ဒီဂီယာဟာ မန္ယူအတြက္ ကာကြယ္မႈ ၇ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး

စိန႔္ဂ်ိမ္စ္ပါ့ခ္က အေကာင္းဆုံးေသာမန္ယူကစားသမားျဖစ္ခဲ့ျပန္ပါတယ္။

နယူးကာဆယ္နည္းျပ အက္ဒီဟိုဝီကေတာင္ အယ္လ္မီ႐ြန္ရဲ႕ကန္ခ်က္

ဂိုးဝင္သြားၿပီလို႔ဘဲထင္ခဲ့တာလို႔ဆိုၿပီး ဒီဂီယာကိုခ်ီးက်ဴးခဲ့ပါတယ္။

သူက” ဒီဂီယာတစ္ေယာက္ အယ္လ္မီ႐ြန္ရဲ႕ကန္ခ်က္ကို

ဘယ္လိုကာကြယ္ခဲ့သလဲေတာ့မသိဘူးဗ်။ က်ဳပ္ကေတာ့ဂိုးဝင္သြားၿပီဘဲထင္ခဲ့တာ” လို႔

ေျပာခဲ့ရတဲ့အထိပါဘဲ။သူ႔ကာကြယ္ခ်က္ဟာ အံ့အားသင့္စရာေကာင္းလြန္းလို႔

ဆိုရွယ္မီဒီယာ ေပၚမွာသူ႔ကိုခ်ီးက်ဴးမႈေတြရွိခဲ့ပါတယ္။

တြစ္တာအသုံးျပဳသူေတြၾကားထဲမွာ ဒီဂီယာနဲ႔ပတ္သက္ၿပီး

အခုလိုဘဲ ခ်ီးက်ဴးခဲ့ၾကတာပါ။”ဒီဂီယာဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံး

ဂိုးသမားျဖစ္တယ္” ” ဒီဂီယာသာမကယ္ရင္ မန္ယူအသင္းတန္းဆင္းဇုန္ထဲ

ေရာက္ေနေလာက္ၿပီ” ” မန္ယူရဲ႕ေျခစြမ္းကေတာ္ေတာ္ဆိုး႐ြားခဲ့ေပမယ့္

ဒီဂီယာကေတာ့ မယုံႏိုင္တဲ့ကာကြယ္မႈအခ်ိဳ႕လုပ္ႏိုင္ခဲ့တယ္”

” မန္ယူနည္းျပျဖစ္လာတဲ့သူတိုင္း ဒီဂီယာကိုအသင္းမွာဆက္ရွိဖို႔

ေတာင္းပန္ေနရမယ္” အစရွိသျဖင့္ေရးသားခဲ့ၾကပါတယ္။