
အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့ ဘာလုပ်မလဲ၊
ဘယ်လိုဆုံးဖြတ်မလဲဆိုတာ အရင်ဆုံးမေးခွန်းထုတ်ချင်ပါတယ်။ လီဗာပူးလ်နဲ့
ပွဲပြီးကတည်းက နည်းပြထိုင်ခုံပေါ်မှာမရှိသင့်တော့တဲ့ ဆိုးလ်ရှားကို အချိန်တစ်ခု
ဆက်ပေးတာက အသင်းအတွက်ရလဒ်ဆိုးတွေ ထပ်ကြုံရတာကလွဲလို့ ဘာမှ
မထူးခြားလာဘူးဆိုတာ အသေအချာပါပဲ။
ရှုံးပွဲတစ်ပွဲကြုံပြီးတိုင်း နောက်ပွဲကျရင်ကျွန်တော်တို့ပြန်လာပ့ါမယ်ဆိုတဲ့
ဆိုးလ်ရှားနဲ့ယူနိုက်တက်ကစားသမားတွေရဲ့ချွေးသိပ်စကားလုံးတွေက
လက်တွေ့မှာ ဘာမှအသုံးမဝင်ပါဘူး။ အခု ယူနိုက်တက်အသင်းရဲဲ့အနေအထားက
‘လူမလေး၊ ခွေးမခန့်’တဲ့အဆင့်ရောက်နေပြီး ကိုယ်နဲ့အဆင့်တူလို့သတ်မှတ်ရမယ့်
လီဗာပူးလ်၊ မန်စီးတီးတို့နှစ်ပွဲစလုံးကို အိမ်ကွင်းမှာကစားရတာတောင်
အောက်အသင်းပုံစံနဲ့ကစားနေတာကို မြင်ရတာက တကယ်စိတ်ပျက်နာကျင်စရာ
ကောင်းပါတယ်။
ဆိုးလ်ရှားက ဒီပွဲမှာ ဒီနည်းဗျူဟာ မထင်မှတ်ဘဲအလုပ်ဖြစ်သွားရင် အဲဒီပုံစံကိုပဲ
ဆက်သုံးလေ့ရှိတဲ့အတိုင်း အခုပွဲမှာ (၅-၃-၂)ပုံစံကိုဆက်ခင်းခဲ့တယ်။ ဂရင်းဝုဒ်လို
Space ရှိမှ လှုပ်ကစားနိုင်တဲ့ Wide Player မျိုးကိုအခုပွဲမှာ ဆိုးလ်ရှားက False 9
ဆန်ဆန်သုံးခဲ့တာကြောင့် (၅-၃-၁-၁)ပုံစံဖြစ်နေပြီးဂရင်းဝုဒ်လည်း ဘာမှမလုပ်နိုင်သလို
စီရော်နယ်လ်ဒိုနဲ့လည်း အတွဲအဖက်မမိခဲ့ဘူး။တွမ်မီနေးနဲ့ဖရက်ဒ်ကတော့
ကွင်းထဲမှာ (၁၁)ယောက်ပြည့်အောင်လို့သာထည့်ထားရတဲ့အတိုင်းဖြစ်နေပြီး
တိုက်စစ်လည်းမလိုက်နိုင်၊ အဖျက်လည်းမလုပ်နိုင်နဲ့တော်တော်လေးစိတ်ပျက်ဖို့ကောင်းခဲ့တယ်။
ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ်မှာယူနိုက်တက်ကို ရှုံးတဲ့ပွဲအများစုက
တိုက်စစ်ဖွင့်ကစားရင်း Counter ပြန်မိပြီးဂိုးတွေပေးလိုက်ရတာဖြစ်လို့ အခုပွဲမှာ
အရမ်းတိုက်စစ်ဖွင့်ကစားတာမျိုးမလုပ်ဘဲ ဘောလုံ;ပိုင်ဆိုင်မှုအသာယူပြီးမှ
အချိန်တန်ရင်ဂိုးရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ကစားစေခဲ့တယ်။
တောင်ပံတိုက်စစ်နှစ်ယောက်ဖြစ်တဲ့ ဖိုဒန်နဲ့ဂျေးဆုတို့က အရင်လို ပြိုင်ဘက်အသင်း
Final Third Zone ထဲမှာ နေရာယူတာမျိုးမဟုတ်ဘဲ ကွင်းလယ် Half Line
လောက်မှာပဲနေရာယူပြီးတော့ ယူနိုက်တက် Wing Backs တွေဖြစ်တဲ့ လုခ်ရှော၊
ဘစ်ဆာကာတို့ တိုက်စစ်ကိုမလိုက်နိုင်အောင် ထောက်ထားတာကြောင့် ယူနိုက်တက်
တိုက်စစ်က မန်စီးတီးကွင်းဘက်ကို ထိုးဖောက်ကစားနိုင်တဲ့အကြိမ်က အရမ်းနည်းလွန်းခဲ့တယ်။
မန်စီးတီးတိုက်စစ်မှာ ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂမ်တို့က
ယူနိုက်တက်အသင်းရဲ့(၁၈)ကိုက်ထဲမှာ အဓိကလှုပ်ရှားခဲ့ပြီး သူတို့ရဲ့အနေအထားကို
ကြည့်ပြီးမှ ဖိုဒန်နဲ့ဂျေးဆုတို့က တိုက်စစ်လိုက်ကစားခဲ့ပါတယ်။ Wing Backs နှစ်ဦး
ဖြစ်တဲ့ လုခ်ရှော၊ ဘစ်ဆာကာတို့က အလုပ်မဖြစ်၊ မန်စီးတီးကွင်းလယ်တိုက်စစ်
ကစားသမားတွေကလည်း ယူနိုက်တက်ဂိုးဧရိယာဘက်ခြမ်းအထိ တက်ပြီးတော့
ဘောလုံးဖျက်ယူလေ့ရှိတဲ့အတွက် ယူနိုက်တက်ကစားသမားတွေ မန်စီးတီးဘက်ခြမ်းကို
ထိုးဖောက်ဖို့နေနေသာသာ၊ ကိုယ့်ဧရိယာအတွင်းမှာတောင် ဘောလုံးပျက်ခဲ့တာ
အကြိမ်ကြိမ်ပါပဲ။ ဆိုးလ်ရှားကတော့ ထုံးစံအတိုင်းပဲ ဒီနည်းဗျူဟာနဲ့အလုပ်မဖြစ်ရင်
ဘာမှမလုပ်တတ်တော့ဘဲ ကြောင်တောင်တောင်နဲ့ထိုင်နေရုံကလွဲလို့ ဘာမှကို
အပြောင်းအလဲမလုပ်နိုင်ခဲ့ဘူး။
ပထမပိုင်းကတည်းက မန်စီးတီးအသင်း ဂိုးကိုဂိုးရမယ့်အပိုင်အခွင့်အရေး
(၅)ကြိမ်လောက်ကို ဒီဂီယာလက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ
လီဗာပူးလ်နဲ့ပွဲတုန်းကလို ပထမပိုင်းမှာပဲ ယူနိုက်တက်ဂိုးပြတ်မရှုံးခဲ့တာပါ။
မန်စီးတီးအသင်းအတွက်အဖွင့်ဂိုးကို ပွဲအစ(၇)မိနစ်မှာပဲ ကန်ဆယ်လိုဖြတ်တင်
ပေးလိုက်တာကို ဘာယီဖျက်ထုတ်ဖို့ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။
ဂိုးစောစောရလိုက်လို့ မန်စီးတီး ဖိအားလျော့သွားပေမယ့် ယူနိုက်တက်ကတော့
ရှုံးကိုရှုံးပြီလို့သတ်မှတ်လိုက်တဲ့အတိုင်း မိနစ်(၉၀)စလုံးကို စိတ်မပါလက်မပါနဲ့
ကစားသွားခဲ့တယ်။ မန်စီးတီးအတွက် ဒုတိယဂိုးကို ကန်ဆယ်လိုရဲ့ဖြတ်တင်ဘော
ကနေ ပြေးတက်လာတဲ့ ဘာနာဒိုဆေးလ်ဗားက ပိတ်သွင်းခဲ့တာဖြစ်ပြီး သူနဲ့အတူ
ဘာနာဒိုဆေးလ်ဗားပြေးလာတာကိုသိလျက်နဲ့ Marking မလုပ်ဘဲ ဂိုးလွန်ဘော
ဖြစ်အောင်စောင့်နေတဲ့ လုခ်ရှောရဲ့အမှားလို့ပြောရမှာပါပဲ။
ပထမပိုင်းမှာ စီရော်နယ်လ်ဒိုရဲ့Volley ကန်ချက်ကို အီဒါဆင်ကာကွယ်လိုက်ရတာကလွဲလို့
တစ်ပွဲလုံးကြီးကြီးမားမားခြိမ်းခြောက်နိုင်တာမျိုးမရှိဘဲ ယူနိုက်တက်တစ်သင်းလုံးက
စုစည်းမှုမရှိ၊ စိတ်ဓာတ်မရှိတဲ့တပ်ပျက်ကြီးလိုဖြစ်နေတာက တကယ်ဆိုးရွားလွန်းပါတယ်။
အခုပွဲရှုံးတာတောင်ဆိုးလ်ရှားကို နည်းပြအဖြစ်ဆက်ထားဦးမယ်ဆိုရင် ဒါဟာ
ဆိုးလ်ရှားအပြစ်မဟုတ်တော့ဘဲဂလေဇာမိသားစုရဲ့ရူးကြောင်ကြောင်နိုင်တဲ့ ဆုံးဖြတ်ချက်လို့ပဲ
သတ်မှတ်ရမှာဖြစ်ပါတော့တယ်။
zawgyi
ဒီဂီယာရဲ႕ကာကြယ္မႈေတြနဲ႔ တစ္ဖက္သက္ မန္ခ်က္စတာဒါဘီ
အခုအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဘုတ္အဖြဲ႕ ဘာလုပ္မလဲ၊
ဘယ္လိုဆုံးျဖတ္မလဲဆိုတာ အရင္ဆုံးေမးခြန္းထုတ္ခ်င္ပါတယ္။ လီဗာပူးလ္နဲ႔
ပြဲၿပီးကတည္းက နည္းျပထိုင္ခုံေပၚမွာမရွိသင့္ေတာ့တဲ့ ဆိုးလ္ရွားကို အခ်ိန္တစ္ခု
ဆက္ေပးတာက အသင္းအတြက္ရလဒ္ဆိုးေတြ ထပ္ႀကဳံရတာကလြဲလို႔ ဘာမွ
မထူးျခားလာဘူးဆိုတာ အေသအခ်ာပါပဲ။
ရႈံးပြဲတစ္ပြဲႀကဳံၿပီးတိုင္း ေနာက္ပြဲက်ရင္ကြၽန္ေတာ္တို႔ျပန္လာပ့ါမယ္ဆိုတဲ့
ဆိုးလ္ရွားနဲ႔ယူႏိုက္တက္ကစားသမားေတြရဲ႕ေခြၽးသိပ္စကားလုံးေတြက
လက္ေတြ႕မွာ ဘာမွအသုံးမဝင္ပါဘူး။ အခု ယူႏိုက္တက္အသင္းရဲဲ့အေနအထားက
‘လူမေလး၊ ေခြးမခန႔္’တဲ့အဆင့္ေရာက္ေနၿပီး ကိုယ္နဲ႔အဆင့္တူလို႔သတ္မွတ္ရမယ့္
လီဗာပူးလ္၊ မန္စီးတီးတို႔ႏွစ္ပြဲစလုံးကို အိမ္ကြင္းမွာကစားရတာေတာင္
ေအာက္အသင္းပုံစံနဲ႔ကစားေနတာကို ျမင္ရတာက တကယ္စိတ္ပ်က္နာက်င္စရာ
ေကာင္းပါတယ္။
ဆိုးလ္ရွားက ဒီပြဲမွာ ဒီနည္းဗ်ဴဟာ မထင္မွတ္ဘဲအလုပ္ျဖစ္သြားရင္ အဲဒီပုံစံကိုပဲ
ဆက္သုံးေလ့ရွိတဲ့အတိုင္း အခုပြဲမွာ (၅-၃-၂)ပုံစံကိုဆက္ခင္းခဲ့တယ္။ ဂရင္းဝုဒ္လို
Space ရွိမွ လႈပ္ကစားႏိုင္တဲ့ Wide Player မ်ိဳးကိုအခုပြဲမွာ ဆိုးလ္ရွားက False 9
ဆန္ဆန္သုံးခဲ့တာေၾကာင့္ (၅-၃-၁-၁)ပုံစံျဖစ္ေနၿပီးဂရင္းဝုဒ္လည္း ဘာမွမလုပ္ႏိုင္သလို
စီေရာ္နယ္လ္ဒိုနဲ႔လည္း အတြဲအဖက္မမိခဲ့ဘူး။တြမ္မီေနးနဲ႔ဖရက္ဒ္ကေတာ့
ကြင္းထဲမွာ (၁၁)ေယာက္ျပည့္ေအာင္လို႔သာထည့္ထားရတဲ့အတိုင္းျဖစ္ေနၿပီး
တိုက္စစ္လည္းမလိုက္ႏိုင္၊ အဖ်က္လည္းမလုပ္ႏိုင္နဲ႔ေတာ္ေတာ္ေလးစိတ္ပ်က္ဖို႔ေကာင္းခဲ့တယ္။
ဂြါဒီယိုလာကေတာ့ ပရီးမီးယားလိဂ္မွာယူႏိုက္တက္ကို ရႈံးတဲ့ပြဲအမ်ားစုက
တိုက္စစ္ဖြင့္ကစားရင္း Counter ျပန္မိၿပီးဂိုးေတြေပးလိုက္ရတာျဖစ္လို႔ အခုပြဲမွာ
အရမ္းတိုက္စစ္ဖြင့္ကစားတာမ်ိဳးမလုပ္ဘဲ ေဘာလုံ;ပိုင္ဆိုင္မႈအသာယူၿပီးမွ
အခ်ိန္တန္ရင္ဂိုးရမယ္ဆိုတဲ့ ယုံၾကည္မႈနဲ႔ကစားေစခဲ့တယ္။
ေတာင္ပံတိုက္စစ္ႏွစ္ေယာက္ျဖစ္တဲ့ ဖိုဒန္နဲ႔ေဂ်းဆုတို႔က အရင္လို ၿပိဳင္ဘက္အသင္း
Final Third Zone ထဲမွာ ေနရာယူတာမ်ိဳးမဟုတ္ဘဲ ကြင္းလယ္ Half Line
ေလာက္မွာပဲေနရာယူၿပီးေတာ့ ယူႏိုက္တက္ Wing Backs ေတြျဖစ္တဲ့ လုခ္ေရွာ၊
ဘစ္ဆာကာတို႔ တိုက္စစ္ကိုမလိုက္ႏိုင္ေအာင္ ေထာက္ထားတာေၾကာင့္ ယူႏိုက္တက္
တိုက္စစ္က မန္စီးတီးကြင္းဘက္ကို ထိုးေဖာက္ကစားႏိုင္တဲ့အႀကိမ္က အရမ္းနည္း
လြန္းခဲ့တယ္။
မန္စီးတီးတိုက္စစ္မွာ ဒီဘ႐ိုင္းနား၊ ဘာနာဒိုေဆးလ္ဗား၊ ဂြန္ဒိုဂမ္တို႔က
ယူႏိုက္တက္အသင္းရဲ႕(၁၈)ကိုက္ထဲမွာ အဓိကလႈပ္ရွားခဲ့ၿပီး သူတို႔ရဲ႕အေနအထားကို
ၾကည့္ၿပီးမွ ဖိုဒန္နဲ႔ေဂ်းဆုတို႔က တိုက္စစ္လိုက္ကစားခဲ့ပါတယ္။ Wing Backs ႏွစ္ဦး
ျဖစ္တဲ့ လုခ္ေရွာ၊ ဘစ္ဆာကာတို႔က အလုပ္မျဖစ္၊ မန္စီးတီးကြင္းလယ္တိုက္စစ္
ကစားသမားေတြကလည္း ယူႏိုက္တက္ဂိုးဧရိယာဘက္ျခမ္းအထိ တက္ၿပီးေတာ့
ေဘာလုံးဖ်က္ယူေလ့ရွိတဲ့အတြက္ ယူႏိုက္တက္ကစားသမားေတြ မန္စီးတီးဘက္ျခမ္းကို
ထိုးေဖာက္ဖို႔ေနေနသာသာ၊ ကိုယ့္ဧရိယာအတြင္းမွာေတာင္ ေဘာလုံးပ်က္ခဲ့တာ
အႀကိမ္ႀကိမ္ပါပဲ။ ဆိုးလ္ရွားကေတာ့ ထုံးစံအတိုင္းပဲ ဒီနည္းဗ်ဴဟာနဲ႔အလုပ္မျဖစ္ရင္
ဘာမွမလုပ္တတ္ေတာ့ဘဲ ေၾကာင္ေတာင္ေတာင္နဲ႔ထိုင္ေန႐ုံကလြဲလို႔ ဘာမွကို
အေျပာင္းအလဲမလုပ္ႏိုင္ခဲ့ဘူး။
ပထမပိုင္းကတည္းက မန္စီးတီးအသင္း ဂိုးကိုဂိုးရမယ့္အပိုင္အခြင့္အေရး
(၅)ႀကိမ္ေလာက္ကို ဒီဂီယာလက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔သာ
လီဗာပူးလ္နဲ႔ပြဲတုန္းကလို ပထမပိုင္းမွာပဲ ယူႏိုက္တက္ဂိုးျပတ္မရႈံးခဲ့တာပါ။
မန္စီးတီးအသင္းအတြက္အဖြင့္ဂိုးကို ပြဲအစ(၇)မိနစ္မွာပဲ ကန္ဆယ္လိုျဖတ္တင္
ေပးလိုက္တာကို ဘာယီဖ်က္ထုတ္ဖို႔ႀကိဳးစားရင္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္ပါတယ္။
ဂိုးေစာေစာရလိုက္လို႔ မန္စီးတီး ဖိအားေလ်ာ့သြားေပမယ့္ ယူႏိုက္တက္ကေတာ့
ရႈံးကိုရႈံးၿပီလို႔သတ္မွတ္လိုက္တဲ့အတိုင္း မိနစ္(၉၀)စလုံးကို စိတ္မပါလက္မပါနဲ႔
ကစားသြားခဲ့တယ္။ မန္စီးတီးအတြက္ ဒုတိယဂိုးကို ကန္ဆယ္လိုရဲ႕ျဖတ္တင္ေဘာ
ကေန ေျပးတက္လာတဲ့ ဘာနာဒိုေဆးလ္ဗားက ပိတ္သြင္းခဲ့တာျဖစ္ၿပီး သူနဲ႔အတူ
ဘာနာဒိုေဆးလ္ဗားေျပးလာတာကိုသိလ်က္နဲ႔ Marking မလုပ္ဘဲ ဂိုးလြန္ေဘာ
ျဖစ္ေအာင္ေစာင့္ေနတဲ့ လုခ္ေရွာရဲ႕အမွားလို႔ေျပာရမွာပါပဲ။
ပထမပိုင္းမွာ စီေရာ္နယ္လ္ဒိုရဲ႕Volley ကန္ခ်က္ကို အီဒါဆင္ကာကြယ္လိုက္ရတာကလြဲလို႔
တစ္ပြဲလုံးႀကီးႀကီးမားမားၿခိမ္းေျခာက္ႏိုင္တာမ်ိဳးမရွိဘဲ ယူႏိုက္တက္တစ္သင္းလုံးက
စုစည္းမႈမရွိ၊ စိတ္ဓာတ္မရွိတဲ့တပ္ပ်က္ႀကီးလိုျဖစ္ေနတာက တကယ္ဆိုး႐ြားလြန္းပါတယ္။
အခုပြဲရႈံးတာေတာင္ဆိုးလ္ရွားကို နည္းျပအျဖစ္ဆက္ထားဦးမယ္ဆိုရင္ ဒါဟာ
ဆိုးလ္ရွားအျပစ္မဟုတ္ေတာ့ဘဲဂေလဇာမိသားစုရဲ႕႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္လို႔ပဲ
သတ္မွတ္ရမွာျဖစ္ပါေတာ့တယ္။