ဒီဂီယာကြောင့် စိတ်ပျက်စရာညတစ်ည ဖြစ်ခဲ့ရတယ်ဟု ဘရန့်ဖို့ဒ်နည်းပြ ပြောကြား

ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲရဲ့ပထမပိုင်းမှာ

လက်စွမ်းပြကာကွယ်မှုတွေလုပ်ခဲ့တာကြောင့်

မန်ယူဂိုးသမားဒီဂီယာဟာ ပွဲဝေဖန်သုံးသပ်သူတွေနဲ့

ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိနေပါတယ်။

အဲဒီစပိန်သားဟာ ပထမပိုင်း ၄၅ မိနစ်မှာ ဘရန့်ဖို့ဒ်ကွင်းလယ်လူ

ဂျန်ဆန်ရဲ့အပိုင်အခွင့်အရေးနှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့တာပါ။

သူ့ရဲ့အဲဒီလက်စွမ်းပြကာကွယ်မှုတွေကြောင့်ပဲ

မန်ယူဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုးပေးရခြင်းမရှိခဲ့ဘဲ

ဒုတိယပိုင်းအရောက်မှာ ဦးဆောင်ဂိုးတွေသွင်းနိုင်ခဲ့တာပါ။

အဲဒီပွဲပထမပိုင်းပြီးချိန်မှာဆိုရင် ရီးရဲလ်ဂန္ထဝင်ဟောင်းရီယိုဖာဒီနန်က

”ဒီဂီယာသာမရှိရင် ၂ ဂိုး၊ ၃ ဂိုးလောက်ဖြစ်နေပြီ။

သူက အုတ်တံတိုင်းကြီးတစ်ခုလိုပဲ။

ကျွန်တော်တို့ ဒီမှာထိုင်ပြီး အဲဒီအကြောင်း

ဘယ်လောက်အကြိမ်ရေများများပြောရမလဲ မသိဘူး”လို့

BT Sport ရုပ်သံမှာ ပြောခဲ့ပါတယ်။

ပြိုင်ဘက်အသင်းနည်းပြဖြစ်တဲ့ သောမတ်စ်ဖရန့်တောင်

အဲဒီပွဲက ဒီဂီယာရဲ့လက်စွမ်းကို အသိအမှတ်ပြုလက်ခံခဲ့ပါတယ်။

”ဒီဂီယာကြောင့် ကျွန်တော်တို့အတွက် စိတ်ပျက်စရာညတစ်ခုဖြစ်ခဲ့ရတယ်။

ဒီလိုအခွင့်အရေးတွေ နောက်တစ်ကြိမ်ရရင်တော့

သေချာပေါက် တစ်ဂိုးဝင်မှာပါ”လို့ ပွဲအပြီးမှာ ဘရန့်ဖို့ဒ်နည်းပြက ပြောခဲ့တာပါ။

ဒီဂီယာဟာ အဲဒီပွဲမှာ သူ့ရဲ့ခြေထောက်တွေနဲ့

အရေးပါတဲ့ကာကွယ်မှုအချို့လုပ်နိုင်ခဲ့ပြီး

သူ့ရဲ့နေရာယူပုံကလည်း မေးခွန်းထုတ်စရာမရှိခဲ့ပါဘူး။

ပရိသတ်တစ်ယောက်ကဆိုရင် ”သမိုင်းတစ်လျှောက်

ဘယ်ယူနိုက်တက်ဂိုးသမားထက်မဆို ဂိုးမပေးရပွဲပိုရနိုင်မယ့်

အခွင့်အရေးနဲ့ ဒီဂီယာထိုက်တန်ပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ် ရေးတင်ခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ”ဒီဂီယာဟာ ပရီးမီးယားလိဂ်မှာ

ကာကွယ်မှုအများဆုံးပါ။ ဒါဟာ ပွဲတွေမှာ

မန်ယူမထိန်းချုပ်နိုင်ဘူးဆိုတာပြရာရောက်နေတဲ့

ကသိကအောက်ကိန်းဂဏန်းတစ်ခုပါ။ ဒီဂီယာသာမရှိရင်

ယူနိုက်တက်ဟာ အခုရောက်နေတဲ့အဆင့်မှာ

ရှိနေမှာမဟုတ်ဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။

zawgyi

ဒီဂီယာေၾကာင့္ စိတ္ပ်က္စရာညတစ္ည ျဖစ္ခဲ့ရတယ္ဟု ဘရန႔္ဖို႔ဒ္နည္းျပ ေျပာၾကား

ဘရန႔္ဖို႔ဒ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲရဲ႕ပထမပိုင္းမွာ

လက္စြမ္းျပကာကြယ္မႈေတြလုပ္ခဲ့တာေၾကာင့္

မန္ယူဂိုးသမားဒီဂီယာဟာ ပြဲေဝဖန္သုံးသပ္သူေတြနဲ႔

ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈကို ရရွိေနပါတယ္။

အဲဒီစပိန္သားဟာ ပထမပိုင္း ၄၅ မိနစ္မွာ ဘရန႔္ဖို႔ဒ္ကြင္းလယ္လူ

ဂ်န္ဆန္ရဲ႕အပိုင္အခြင့္အေရးႏွစ္ႀကိမ္ကို ကာကြယ္ႏိုင္ခဲ့တာပါ။

သူ႔ရဲ႕အဲဒီလက္စြမ္းျပကာကြယ္မႈေတြေၾကာင့္ပဲ

မန္ယူဟာ ပထမပိုင္းမွာ ဦးေဆာင္ဂိုးေပးရျခင္းမရွိခဲ့ဘဲ

ဒုတိယပိုင္းအေရာက္မွာ ဦးေဆာင္ဂိုးေတြသြင္းႏိုင္ခဲ့တာပါ။

အဲဒီပြဲပထမပိုင္းၿပီးခ်ိန္မွာဆိုရင္ ရီးရဲလ္ဂႏၴဝင္ေဟာင္းရီယိုဖာဒီနန္က

”ဒီဂီယာသာမရွိရင္ ၂ ဂိုး၊ ၃ ဂိုးေလာက္ျဖစ္ေနၿပီ။

သူက အုတ္တံတိုင္းႀကီးတစ္ခုလိုပဲ။

ကြၽန္ေတာ္တို႔ ဒီမွာထိုင္ၿပီး အဲဒီအေၾကာင္း

ဘယ္ေလာက္အႀကိမ္ေရမ်ားမ်ားေျပာရမလဲ မသိဘူး”လို႔

BT Sport ႐ုပ္သံမွာ ေျပာခဲ့ပါတယ္။

ၿပိဳင္ဘက္အသင္းနည္းျပျဖစ္တဲ့ ေသာမတ္စ္ဖရန႔္ေတာင္

အဲဒီပြဲက ဒီဂီယာရဲ႕လက္စြမ္းကို အသိအမွတ္ျပဳလက္ခံခဲ့ပါတယ္။

”ဒီဂီယာေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ စိတ္ပ်က္စရာညတစ္ခုျဖစ္ခဲ့ရတယ္။

ဒီလိုအခြင့္အေရးေတြ ေနာက္တစ္ႀကိမ္ရရင္ေတာ့

ေသခ်ာေပါက္ တစ္ဂိုးဝင္မွာပါ”လို႔ ပြဲအၿပီးမွာ ဘရန႔္ဖို႔ဒ္နည္းျပက ေျပာခဲ့တာပါ။

ဒီဂီယာဟာ အဲဒီပြဲမွာ သူ႔ရဲ႕ေျခေထာက္ေတြနဲ႔

အေရးပါတဲ့ကာကြယ္မႈအခ်ိဳ႕လုပ္ႏိုင္ခဲ့ၿပီး

သူ႔ရဲ႕ေနရာယူပုံကလည္း ေမးခြန္းထုတ္စရာမရွိခဲ့ပါဘူး။

ပရိသတ္တစ္ေယာက္ကဆိုရင္ ”သမိုင္းတစ္ေလွ်ာက္

ဘယ္ယူႏိုက္တက္ဂိုးသမားထက္မဆို ဂိုးမေပးရပြဲပိုရႏိုင္မယ့္

အခြင့္အေရးနဲ႔ ဒီဂီယာထိုက္တန္ပါတယ္” လို႔ ဆိုရွယ္မီဒီယာေပၚ ေရးတင္ခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ”ဒီဂီယာဟာ ပရီးမီးယားလိဂ္မွာ

ကာကြယ္မႈအမ်ားဆုံးပါ။ ဒါဟာ ပြဲေတြမွာ

မန္ယူမထိန္းခ်ဳပ္ႏိုင္ဘူးဆိုတာျပရာေရာက္ေနတဲ့

ကသိကေအာက္ကိန္းဂဏန္းတစ္ခုပါ။ ဒီဂီယာသာမရွိရင္

ယူႏိုက္တက္ဟာ အခုေရာက္ေနတဲ့အဆင့္မွာ ရွိေနမွာမဟုတ္ဘူး”လို႔ ဖြင့္ဟခဲ့ပါတယ္။