
မန်ယူအသင်းနောက်ခံလူ ဝမ်ဘစ်ဆာကာ ဟာဝုဗ်နဲ့ပွဲမှာခြေစွမ်းဆိုးရွားခဲ့ပြီး
တိုက်စစ်ကိုပံ့ပိုးမှုတွေမထိရောက်ခဲ့လို့ ဆိုရှယ်မီဒီယာပေါ်မှာ
ပိုးစိုးပက်စက်ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။ မန်ယူဟာဒီပွဲမှာ
၈၂ မိနစ်မှာမော်တင်ဟိုသွင်းယူခဲ့တဲ့ဂိုးနဲ့အိမ်ကွင်းမှာအရှုံးပေးခဲ့ရတာကြောင့်
ဝုဗ်နဲ့ရင်ဆိုင်ခဲ့သမျှကာလမှာနှစ်ပေါင်း ၄၀ အတွင်းအဆိုးဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာမန်ယူအသင်းဟာ နည်းပြရန်းနစ်ခ်ရဲ့ နည်းစနစ်နဲ့အသားမကျခဲ့ဘဲ
ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့်ပရိသတ်တွေက အားမရဘဲဝေဖန်ခဲ့ကြတဲ့အထဲမှာ
ဘစ်ဆာကာ ကအဆိုးဆုံးဖြစ်ခဲ့ပါတယ်။ ညာနောက်ခံလူဖြစ်တဲ့
ဘစ်ဆာကာ ဟာကစားပုံဆိုးခဲ့တဲ့အပြင် တိုက်စစ်ကိုလိုက်ပါတိုင်းမှာလည်း
အသုံးမကျခဲ့လို့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။
သူတိုက်စစ်လိုက်ပါရင် ဘောလုံးကပျက်တာများပြီး ဖြတ်တင်ဘောအများစုဟာလည်း
ဂိုးလွန်ဘောဖြစ်သွားတာကများနေပါတယ်။ အထူးသဖြင့်ဒုတိယပိုင်းမှာ
စီရော်နယ်ဒိုကဘောလုံးကိုကောင်းစွာပြန်လည်ရယူပြီး ပေးခဲ့တာကို
အလဟဿဖြစ်အောင်လုပ်ခဲ့တာက အရမ်းကိုဆိုးရွားလွန်းခဲ့တာပါ။
ဒါကြောင့်လည်း ဒီလိုခြေစွမ်းမျိုးနဲ့ မန်ယူလိုအသင်းမှာကစားနေရတာ
ကံကောင်းလှပြီလို့ဝေဖန်နေကြတာပါ။သူတိုက်စစ်လိုက်ပြီဆိုရင် ပျက်တာများပြီး
ပေးပို့မှုတွေကလည်း နည်းလိုက် များလိုက်နဲ့လိုရာမရောက်တဲ့အတွက်
မန်ယူရဲ့တိုက်စစ်ဆင်အခွင့်အရေးတွေသူ့ကြောင့်ဆုံးရှုံးခဲ့တာအများကြီးရှိခဲ့တာပါ။
တွစ်တာပေါ်ကသူနဲ့ ပတ်သက်တဲ့ပို့စ်တွေကိုကြည့်ရင် ဘစ်ဆာကာ ရဲ့
ခြေစွမ်းဘယ်လောက်ဆိုးခဲ့သလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။
ဒီပို့စ်တွေမှာ ပရီးမီးယားလိဂ်ရဲ့အဆိုးဆုံးညာနောက်ခံလူဖြစ်ပြီး
ဘယ်လိုပုံစံနဲ့ဘောလုံးသမားဖြစ်လာလဲမသိဘူး၊
သူ့ဘဝကိုကယ်တင်ဖို့အတွက်တောင် ဖြတ်တင်ဘောပေးပို့နိုင်မယ့်သူမဟုတ်ဘူး၊
ဘောလုံးကမင်းရဲ့မိတ်ဆွေကွ ရန်သူမဟုတ်ဘူး ဘစ်ဆာကာရ၊
ဘစ်ဆာကာရဲ့ဖြတ်တင်ဘောတွေလား..ပိုကောင်းတဲ့ပေးပို့မှုမျိုး
တစ်လုံးတစ်လေလောက်များမြင်ခဲ့ဘူးလား၊
တိုက်စစ်အတွက်အခွင့်အရေးမှန်သမျှကိုဖျက်ဆီးပစ်တဲ့သူ. အစရှိသဖြင့်
ရေးသားခဲ့ကြပါတယ်။ ဘစ်ဆာကာ ဒီလောက်ခြေစွမ်းညံနေပေမယ့်
ဒါလော့တ်ကို အသုံးမပြုခဲ့တဲ့ နည်းပြရန်းနစ်ခ်ကိုလည်းမေးခွန်းထုတ်မှုတွေရှိနေပါတယ်။
zawgyi
ဒီေျခစြမ္းမ်ိဳးနဲ႔ မန္ယူလိုအသင္းမွာကစားေနရတာ ကံေကာင္းလွၿပီ ဘစ္ဆာကာ
မန္ယူအသင္းေနာက္ခံလူ ဝမ္ဘစ္ဆာကာ ဟာဝုဗ္နဲ႔ပြဲမွာေျခစြမ္းဆိုး႐ြားခဲ့ၿပီး
တိုက္စစ္ကိုပံ့ပိုးမႈေတြမထိေရာက္ခဲ့လို႔ ဆိုရွယ္မီဒီယာေပၚမွ
ာပိုးစိုးပက္စက္ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။ မန္ယူဟာဒီပြဲမွာ
၈၂ မိနစ္မွာေမာ္တင္ဟိုသြင္းယူခဲ့တဲ့ဂိုးနဲ႔အိမ္ကြင္းမွာအရႈံးေပးခဲ့ရတာေၾကာင့္
ဝုဗ္နဲ႔ရင္ဆိုင္ခဲ့သမွ်ကာလမွာႏွစ္ေပါင္း ၄၀ အတြင္းအဆိုးဆုံးမွတ္တမ္းျဖစ္ခဲ့ပါတယ္။
ဒီပြဲမွာမန္ယူအသင္းဟာ နည္းျပရန္းနစ္ခ္ရဲ႕ နည္းစနစ္နဲ႔အသားမက်ခဲ့ဘဲ
႐ုန္းကန္ခဲ့ရပါတယ္။ ဒါေၾကာင့္ပရိသတ္ေတြက အားမရဘဲေဝဖန္ခဲ့ၾကတဲ့အထဲမွာ
ဘစ္ဆာကာ ကအဆိုးဆုံးျဖစ္ခဲ့ပါတယ္။ ညာေနာက္ခံလူျဖစ္တဲ့
ဘစ္ဆာကာ ဟာကစားပုံဆိုးခဲ့တဲ့အျပင္ တိုက္စစ္ကိုလိုက္ပါတိုင္းမွာလည္း
အသုံးမက်ခဲ့လို႔ ျပင္းထန္တဲ့ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတာပါ။
သူတိုက္စစ္လိုက္ပါရင္ ေဘာလုံးကပ်က္တာမ်ားၿပီး ျဖတ္တင္ေဘာအမ်ားစုဟာလည္း
ဂိုးလြန္ေဘာျဖစ္သြားတာကမ်ားေနပါတယ္။ အထူးသျဖင့္ဒုတိယပိုင္းမွာ
စီေရာ္နယ္ဒိုကေဘာလုံးကိုေကာင္းစြာျပန္လည္ရယူၿပီး ေပးခဲ့တာကို
အလဟႆျဖစ္ေအာင္လုပ္ခဲ့တာက အရမ္းကိုဆိုး႐ြားလြန္းခဲ့တာပါ။
ဒါေၾကာင့္လည္း ဒီလိုေျခစြမ္းမ်ိဳးနဲ႔ မန္ယူလိုအသင္းမွာကစားေနရတာ
ကံေကာင္းလွၿပီလို႔ေဝဖန္ေနၾကတာပါ။သူတိုက္စစ္လိုက္ၿပီဆိုရင္ ပ်က္တာမ်ားၿပီး
ေပးပို႔မႈေတြကလည္း နည္းလိုက္ မ်ားလိုက္နဲ႔လိုရာမေရာက္တဲ့အတြက္
မန္ယူရဲ႕တိုက္စစ္ဆင္အခြင့္အေရးေတြသူ႔ေၾကာင့္ဆုံးရႈံးခဲ့တာအမ်ားႀကီးရွိခဲ့တာပါ။
တြစ္တာေပၚကသူနဲ႔ ပတ္သက္တဲ့ပို႔စ္ေတြကိုၾကည့္ရင္ ဘစ္ဆာကာ ရဲ႕
ေျခစြမ္းဘယ္ေလာက္ဆိုးခဲ့သလဲဆိုတာေတြ႕ရမွာျဖစ္ပါတယ္။
ဒီပို႔စ္ေတြမွာ ပရီးမီးယားလိဂ္ရဲ႕အဆိုးဆုံးညာေနာက္ခံလူျဖစ္ၿပီး
ဘယ္လိုပုံစံနဲ႔ေဘာလုံးသမားျဖစ္လာလဲမသိဘူး၊
သူ႔ဘဝကိုကယ္တင္ဖို႔အတြက္ေတာင္ ျဖတ္တင္ေဘာေပးပို႔ႏိုင္မယ့္သူမဟုတ္ဘူး၊
ေဘာလုံးကမင္းရဲ႕မိတ္ေဆြကြ ရန္သူမဟုတ္ဘူး ဘစ္ဆာကာရ၊
ဘစ္ဆာကာရဲ႕ျဖတ္တင္ေဘာေတြလား..ပိုေကာင္းတဲ့ေပးပို႔မႈမ်ိဳး
တစ္လုံးတစ္ေလေလာက္မ်ားျမင္ခဲ့ဘူးလား၊
တိုက္စစ္အတြက္အခြင့္အေရးမွန္သမွ်ကိုဖ်က္ဆီးပစ္တဲ့သူ. အစရွိသျဖင့္
ေရးသားခဲ့ၾကပါတယ္။ ဘစ္ဆာကာ ဒီေလာက္ေျခစြမ္းညံေနေပမယ့္
ဒါေလာ့တ္ကို အသုံးမျပဳခဲ့တဲ့ နည္းျပရန္းနစ္ခ္ကိုလည္းေမးခြန္းထုတ္မႈေတြရွိေနပါတယ္။