
ဝက်စ်ဟမ်းမှာ ကစားနေတဲ့အသက် ၂၃ နှစ်ရှိ
အင်္ဂလန်ကွင်းလယ်ကစားသမားလေး ဒီကလန်ရိုက်စ်ကို
လာမယ့်နွေရာသီအပြောင်းအရွေ့စျေးကွက် မှာ
ပေါင် ၁၁၅ သန်းအထိပေးပြီးခေါ်ယူဖို့ မန်ယူက ပစ်မှတ်ထားကြိုးစားနေပြီလို့
ဗြိတိန်ကလာတဲ့သတင်းတွေက ဖော်ပြပါတယ်။
ဒီကလန်ရိုက်စ်ဟာ ဒီရာသီ ဝက်စ်ဟမ်းအတွက်
ပရီးမီးဟားလိဂ် ၂၃ ပွဲကစားပြီး ၁ ဂိုးသွင်းယူထားသူပါ။
ပြိုင်ပွဲစုံ ၃၀ ပွဲကစားပြီး ၄ ဂိုးသွင်းထားသလို ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းကလည်း
အင်္ဂလန်အတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နောက်ဆုံး ၁၈ အတွင်း ပရီးမီးယားလိဂ်မှာ
ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားအဖြစ်
သူ့ကိုယ်သူတည်ဆောက်ပြနိုင်ခဲ့တာကြောင့်လည်း
ချဲလ်ဆီး၊ မန်စီးတီးအပါအဝင် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့
စောင့်ကြည့်ခြင်းကို ခံနေရသူပါ။
မန်ယူကတော့ သူတို့ရဲ့ ကွင်းလယ်ကို ပြန်လည်အားဖြည့်ဖို့ ပြင်ဆင်နေတာပါ။
ဒီကလန်ရိုက်စ်ကိုလည်း ကာလအတန်ကြာကတည်းက
စောင်ကြည့်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ ပြောင်းရွေ့ကြေးဟာ
အနည်းဆုံး ပေါင်သန်း ၁၀၀ ကျော်တယ်လို့လည်း
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားထားပါတယ်။
မန်ယူကတော့ အင်္ဂလန်လက်ရွေးစင်လည်းဖြစ်သလို
အသက် ၂၃ နှစ်သာရှိသေးပေမယ့် ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းစွာရှိနေတဲ့
ဒီကလန်ရိုက်စ်ကို နွေစျေးကွက်မှာ ခေါ်ယူမယ့်
အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားလိုက်တာဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ကြိုးစားရာမှာ ချဲလ်ဆီးနဲ့ အပြိုင်လုရမယ့်
အခြေအနေတွေလည်း ရှိနေလို့ မန်ယူက ပေါင် ၁၁၅ သန်းအထိ
အသုံးပြုပြီးခေါ်ယူဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
ဒီပြောင်းရွေ့ကြေးနဲ့သာ ကစားသမားပြောင်းရွေ့မှုဖြစ်ခဲ့ရင်တော့
ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်ဘောလုံးလောကမှာ
အင်္ဂလိပ်အသင်းတစ်သင်းရဲ့ ပြောင်းရွေ့ကြေးအမြင့်ဆုံးပေးပြီး
ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာမှာပါ။
ဗီလာကနေ မန်စီးတီးကို ပေါင် သန်း၁၀၀ နဲ့ ရောက်လာခဲ့ပြီး
အင်္ဂလန်ကစားသမားတွေအနက် ပြောင်းရွေ့ကြေးအမြင့်ဆုံးဖြစ်တဲ့
ဂရီယာလစ်ရှ်ရဲ့ စံချိန်ကိုလည်း ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကတော့ ဒီကလန်ရိုက်စ်ရဲ့
ပြောင်းရွေ့ကြေးဟာ ပေါင်သန်းရာကျော်တယ်လို့ ပြောကြားခဲ့ပေမယ့်
ရောင်းထုတ်လိုခြင်း မရှိဘဲ ဆက်ထိန်းထားဖို့သာ
ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။
zawgyi
ဒီကလန္႐ိုက္စ္ကို ခ်ဲလ္ဆီးနဲ႔ အၿပိဳင္လုရမယ့္အေျခအေနေၾကာင့္ ေပါင္ ၁၁၅ သန္းနဲ႔ စံခ်ိန္တင္ေစ်းနဲ႔ ေခၚယူေတာ့မယ့္ မန္ယူ
ဝက္စ္ဟမ္းမွာ ကစားေနတဲ့အသက္ ၂၃ ႏွစ္ရွိ
အဂၤလန္ကြင္းလယ္ကစားသမားေလး ဒီကလန္႐ိုက္စ္ကို
လာမယ့္ေႏြရာသီအေျပာင္းအေ႐ြ႕ေစ်းကြက္ မွာ
ေပါင္ ၁၁၅ သန္းအထိေပးၿပီးေခၚယူဖို႔ မန္ယူက ပစ္မွတ္ထားႀကိဳးစားေနၿပီလို႔
ၿဗိတိန္ကလာတဲ့သတင္းေတြက ေဖာ္ျပပါတယ္။
ဒီကလန္႐ိုက္စ္ဟာ ဒီရာသီ ဝက္စ္ဟမ္းအတြက္
ပရီးမီးဟားလိဂ္ ၂၃ ပြဲကစားၿပီး ၁ ဂိုးသြင္းယူထားသူပါ။
ၿပိဳင္ပြဲစုံ ၃၀ ပြဲကစားၿပီး ၄ ဂိုးသြင္းထားသလို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတုန္းကလည္း
အဂၤလန္အတြက္ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေနာက္ဆုံး ၁၈ အတြင္း ပရီးမီးယားလိဂ္မွာ
ၿပီးျပည့္စုံတဲ့ ကြင္းလယ္ကစားသမားအျဖစ္
သူ႔ကိုယ္သူတည္ေဆာက္ျပႏိုင္ခဲ့တာေၾကာင့္လည္း
ခ်ဲလ္ဆီး၊ မန္စီးတီးအပါအဝင္ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕
ေစာင့္ၾကည့္ျခင္းကို ခံေနရသူပါ။
မန္ယူကေတာ့ သူတို႔ရဲ႕ ကြင္းလယ္ကို ျပန္လည္အားျဖည့္ဖို႔ ျပင္ဆင္ေနတာပါ။
ဒီကလန္႐ိုက္စ္ကိုလည္း ကာလအတန္ၾကာကတည္းက
ေစာင္ၾကည့္ေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ေျပာင္းေ႐ြ႕ေၾကးဟာ
အနည္းဆုံး ေပါင္သန္း ၁၀၀ ေက်ာ္တယ္လို႔လည္း
ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္က ေျပာၾကားထားပါတယ္။
မန္ယူကေတာ့ အဂၤလန္လက္ေ႐ြးစင္လည္းျဖစ္သလို
အသက္ ၂၃ ႏွစ္သာရွိေသးေပမယ့္ ပရီးမီးယားလိဂ္အေတြ႕အႀကဳံေကာင္းစြာရွိေနတဲ့
ဒီကလန္႐ိုက္စ္ကို ေႏြေစ်းကြက္မွာ ေခၚယူမယ့္
အဓိကပစ္မွတ္အျဖစ္သတ္မွတ္ထားလိုက္တာျဖစ္ပါတယ္။
ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ႀကိဳးစားရာမွာ ခ်ဲလ္ဆီးနဲ႔ အၿပိဳင္လုရမယ့္
အေျခအေနေတြလည္း ရွိေနလို႔ မန္ယူက ေပါင္ ၁၁၅ သန္းအထိ
အသုံးျပဳၿပီးေခၚယူဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။
ဒီေျပာင္းေ႐ြ႕ေၾကးနဲ႔သာ ကစားသမားေျပာင္းေ႐ြ႕မႈျဖစ္ခဲ့ရင္ေတာ့
ဒီကလန္႐ိုက္စ္ဟာ အဂၤလန္ေဘာလုံးေလာကမွာ
အဂၤလိပ္အသင္းတစ္သင္းရဲ႕ ေျပာင္းေ႐ြ႕ေၾကးအျမင့္ဆုံးေပးၿပီး
ေခၚယူခဲ့တဲ့ ကစားသမားျဖစ္လာမွာပါ။
ဗီလာကေန မန္စီးတီးကို ေပါင္ သန္း၁၀၀ နဲ႔ ေရာက္လာခဲ့ၿပီး
အဂၤလန္ကစားသမားေတြအနက္ ေျပာင္းေ႐ြ႕ေၾကးအျမင့္ဆုံးျဖစ္တဲ့
ဂရီယာလစ္ရွ္ရဲ႕ စံခ်ိန္ကိုလည္း ျဖတ္ေက်ာ္ႏိုင္မွာ ျဖစ္ပါတယ္။
ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္ကေတာ့ ဒီကလန္႐ိုက္စ္ရဲ႕
ေျပာင္းေ႐ြ႕ေၾကးဟာ ေပါင္သန္းရာေက်ာ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္
ေရာင္းထုတ္လိုျခင္း မရွိဘဲ ဆက္ထိန္းထားဖို႔သာ
ဆႏၵရွိေနေၾကာင္းလည္း သိရပါတယ္။