
ပြင်သစ်ကြယ်ပွင့်အမ်ဘာပီဟာ ပြင်သစ်ဖလား ၃၂ သင်းအဆင့်ပွဲစဉ်မှာ
ဒီကက်ဆဲလ်သင်းဘက်ကို တစ်ဦးတည်း ၅ဂိုးသွင်းနိုင်ခဲ့ပြီးနောက်
အသင်းသမိုင်းမှာ တစ်ပွဲတည်း ၅ဂိုးသွင်းတဲ့ ပထမဆုံး
ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြဂယ်လ်တီရာဟာ
မက်ဆီမပါတဲ့တိုက်စစ်မှာ အမ်ဘာပီ၊ နေမာနဲ့ အီကီတီကီ တို့
တိုက်စစ်အတွဲကိုပွဲထုတ်ခဲ့ပြီး ၅ဂိုးသွင်းခဲ့တဲ့ အမ်ဘာပီကို
ဂိုးသွင်းစက်လို့ချီးကျူးခဲ့တာဖြစ်တယ်။ နှစ်သင်းကြားခြေစွမ်း
ကွာဟချက်ကြီးမားပြီး ပြိုင်ဘက်ကအပျော်တမ်းအဆင့်လောက်သာ
ရှိပေမဲ့ ပီအက်စ်ဂျီနည်းပြဂယ်လ်တီရာကတော့ အမ်ဘာပီရဲ့
ခြေစွမ်းကအမြင့်ဆုံးကိုရောက်လာပြီလို့ချီးကျူးခဲ့တာပါ။
ဒါပေမဲ့ ပရိသတ်တွေဘက်ကတော့ သူ့ရဲ့အဆိုကိုလက်မခံသလို
မက်ဆီရဲ့ခြေဖျားကိုမမီပါဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။
အမ်ဘာပီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းခေါင်းဆောင်လက်ပတ်ကို
ဝတ်ဆင်ခွင့်ရခဲ့ပြီး စံချိန်ကောင်းတစ်ခုရခဲ့ပေမဲ့ ဆဌမတန်း
အဆင့်လောက်သာရှိတဲ့ပြိုင်ဘက်ကို ၅ဂိုးသွင်းနိုင်တာနဲ့ပက်သတ်လို့တော့
ပရိသတ်တွေကအထင်မကြီးခဲ့ပါဘူး။ ပရိသတ်တစ်ယောက်ကတော့
၂၀၁၂ မှာ လေဗာကူဆင်ဘက်ကို မက်ဆီ ၅ဂိုးသွင်းပြခဲ့တာနဲ့
နှိုင်းယှဉ်ပြခဲ့ပါတယ်။ “မက်ဆီက ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ
တရားဝင် ၅ဂိုးသွင်းပြီးသား၊ ဒီလောက်လွယ်နေရင် ဘိုင်ယန်မြူးနစ်ကို
၅ဂိုး သွင်းခိုင်းလေ” လို့ မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က
“သူ ၅ဂိုးသွင်းလည်း ဘာမှမထူးခြားဘူး။ ပြိုင်ဘက်က
အပျော်တမ်းကလပ်လေ။ မက်ဆီက ဂုဏ်သိက္ခာကြီးမား
ချန်ပီယံလိဂ်မှာ လေဗာကူဆင်ဘက်ကို ၅ဂိုးသွင်းခဲ့တာ” လို့
တုံ့ပြန်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာမယ့်ချန်ပီယံလိဂ်
ရှုံးထွက်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်နဲ့ထိပ်တိုက်တွေ့နေပြီး
ပရိသတ်တွေကတော့ အရေးကြီးတဲ့ပွဲမျိုးမှာ မက်ဆီမပါရင်
ဘာမှဖြစ်မလာနိုင်ဘူးလို့ ယုံကြည်နေကြတာဖြစ်တယ်။
zawgyi
ဒီကက္ဆဲလ္ကိုစံခ်ိန္တင္ ၅ဂိုးသြင္းခဲ့တဲ့ အမ္ဘာပီကို အရမ္းေကာင္းေနရင္ ဘိုင္ယန္ကို ၅ဂိုးသြင္းျပလို႔ ပရိသတ္ေတြ တုံ႔ျပန္
ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီဟာ ျပင္သစ္ဖလား ၃၂ သင္းအဆင့္ပြဲစဥ္မွာ
ဒီကက္ဆဲလ္သင္းဘက္ကို တစ္ဦးတည္း ၅ဂိုးသြင္းႏိုင္ခဲ့ၿပီးေနာက္
အသင္းသမိုင္းမွာ တစ္ပြဲတည္း ၅ဂိုးသြင္းတဲ့ ပထမဆုံး
ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ နည္းျပဂယ္လ္တီရာဟာ
မက္ဆီမပါတဲ့တိုက္စစ္မွာ အမ္ဘာပီ၊ ေနမာနဲ႔ အီကီတီကီ တို႔
တိုက္စစ္အတြဲကိုပြဲထုတ္ခဲ့ၿပီး ၅ဂိုးသြင္းခဲ့တဲ့ အမ္ဘာပီကို
ဂိုးသြင္းစက္လို႔ခ်ီးက်ဴးခဲ့တာျဖစ္တယ္။ ႏွစ္သင္းၾကားေျခစြမ္း
ကြာဟခ်က္ႀကီးမားၿပီး ၿပိဳင္ဘက္ကအေပ်ာ္တမ္းအဆင့္ေလာက္သာ
ရွိေပမဲ့ ပီအက္စ္ဂ်ီနည္းျပဂယ္လ္တီရာကေတာ့ အမ္ဘာပီရဲ႕
ေျခစြမ္းကအျမင့္ဆုံးကိုေရာက္လာၿပီလို႔ခ်ီးက်ဴးခဲ့တာပါ။
ဒါေပမဲ့ ပရိသတ္ေတြဘက္ကေတာ့ သူ႔ရဲ႕အဆိုကိုလက္မခံသလို
မက္ဆီရဲ႕ေျခဖ်ားကိုမမီပါဘူးလို႔ တုံ႔ျပန္ခဲ့ၾကပါတယ္။
အမ္ဘာပီဟာ ဒီပြဲမွာ ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္လက္ပတ္ကို
ဝတ္ဆင္ခြင့္ရခဲ့ၿပီး စံခ်ိန္ေကာင္းတစ္ခုရခဲ့ေပမဲ့ ဆဌမတန္း
အဆင့္ေလာက္သာရွိတဲ့ၿပိဳင္ဘက္ကို ၅ဂိုးသြင္းႏိုင္တာနဲ႔ပက္သတ္လို႔ေတာ့
ပရိသတ္ေတြကအထင္မႀကီးခဲ့ပါဘူး။ ပရိသတ္တစ္ေယာက္ကေတာ့
၂၀၁၂ မွာ ေလဗာကူဆင္ဘက္ကို မက္ဆီ ၅ဂိုးသြင္းျပခဲ့တာနဲ႔
ႏႈိင္းယွဥ္ျပခဲ့ပါတယ္။ “မက္ဆီက ခ်န္ပီယံလိဂ္လိုၿပိဳင္ပြဲမွာ
တရားဝင္ ၅ဂိုးသြင္းၿပီးသား၊ ဒီေလာက္လြယ္ေနရင္ ဘိုင္ယန္ျမဴးနစ္ကို
၅ဂိုး သြင္းခိုင္းေလ” လို႔ မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က
“သူ ၅ဂိုးသြင္းလည္း ဘာမွမထူးျခားဘူး။ ၿပိဳင္ဘက္က
အေပ်ာ္တမ္းကလပ္ေလ။ မက္ဆီက ဂုဏ္သိကၡာႀကီးမား
ခ်န္ပီယံလိဂ္မွာ ေလဗာကူဆင္ဘက္ကို ၅ဂိုးသြင္းခဲ့တာ” လို႔
တုံ႔ျပန္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ခ်န္ပီယံလိဂ္
ရႈံးထြက္ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္နဲ႔ထိပ္တိုက္ေတြ႕ေနၿပီး
ပရိသတ္ေတြကေတာ့ အေရးႀကီးတဲ့ပြဲမ်ိဳးမွာ မက္ဆီမပါရင္
ဘာမွျဖစ္မလာႏိုင္ဘူးလို႔ ယုံၾကည္ေနၾကတာျဖစ္တယ္။




