ဒိုဟာမှာ အာနိုးနဲ့ ဘယ်လင်ဂမ်တစ်ပူးတွဲတွဲရှိနေတယ်…အာနိုးတော့ အေးဂျင့်လုပ်နေပြီလို့ ပွဲတည်ပေးလိုက်တဲ့ သတင်းထောက်

လီဗာပူးကြယ်ပွင့်အာနိုးဟာ အင်္ဂလန်အသင်းလေ့ကျင့်ရေးမှာ ဘယ်လင်ဂမ်နဲ့ခွာမရအောင်ဖြစ်နေပြီး အေးဂျင့်လိုက်လုပ်နေတယ်လို့ Dailymail သတင်းထောက်

ဒိုမီနစ်ကင်းကပွဲတည်ပေးလိုက်ရာမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ တုံ့ပြန်မှုတွေရှိလာခဲ့ပါတယ်။ တချို့သောပရိသတ်တွေက ဘယ်လင်ဂမ်ကို အန်ဖီးလ်အရောက်ခေါ်ယူဖို့အတွက် အာနိုးက

အရေးအကြီးဆုံးလူသားဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါတယ်။ ပေါင် ၈၇ သန်းတန်ဒေါ့တ်မန်ကြယ်ပွင့်ဟာ လီဗာပူးနဲ့ချိတ်ဆက်နေသူဖြစ်ပြီး အသက် ၁၉နှစ်အရွယ်ကစားသမားဟာ

နည်းပြကလော့ပ်ကိုအထင်ကြီးလောက်စရာခြေစွမ်းနဲ့ ဖမ်းစားထားနိုင်တယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာတော့ မန်စီးတီး၊ ချဲလ်ဆီးနဲ့ မန်ယူတို့ကပါ စိတ်ဝင်စားနေတာကြောင့် လီဗာပူးဟာ

အင်္ဂလန်ကြယ်ပွင့်အတွက်အကြိတ်အနယ် ပြိုင်ဆိုင်ရဖို့ရှိနေပါတယ်။ တွစ်တာက တစ်ဆင့်အာနိုးနဲ့ ဘယ်လင်ဂမ်တို့ အခြေအနေအပေါ် Dailymail သတင်းထောက် ဒိုမီနစ်ကင်းက

“အာနိုးနဲ့ ဘယ်လင်ဂမ်တို့လေ့ကျင့်ရေးလုပ်ဖို့ပြင်ဆင်နေပါပြီ။ ဒိုဟာကိုရောက်ကတည်းက တစ်ယောက်နဲ့တစ်ယောက်အဝေးကြီးမှာရှိမနေပါဘူး၊ တစ်ယောက်သွားတဲ့နောက်

တစ်ယောက်လျှောက်လိုက်နေတယ်” လို့ ပွဲတည်ပေးလိုက်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “သူကတော့ ဒေါ့တ်မန်ကနေ အနီရောင်ကြီးတွေဆီလာနေပြီ” လို့

တုံ့ပြန်ခဲ့သလို ဒုတိယတစ်ယောက်က “အေးဂျင့် ထရန့်” လို့မှတ်ချက်ပေးခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “ဖြစ်နိုင်တယ်လို့ ငါမြင်တယ်၊ နံပါတ် ၈ နဲ့ဂျူဒီဘင်လင်ဂမ် ဝင်လာမယ်”

လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ လီဗာပူးနဲ့ ဘယ်လင်ဂမ်မဆိုင်ပါဘူးလို့တုံ့ပြန်ရေးလိုက်ပြီး လီဗာပူးဆီသွားဖို့အတွက်ကို ရပ်တန့်လိုက်ပါလို့ မတူကွဲပြားစွာ တောင်းဆိုခဲ့ပါတယ်။

(Zawgyi)

ဒိုဟာမွာ အာႏိုးနဲ႔ ဘယ္လင္ဂမ္တစ္ပူးတြဲတြဲရွိေနတယ္…အာႏိုးေတာ့ ေအးဂ်င့္လုပ္ေနၿပီလို႔ ပြဲတည္ေပးလိုက္တဲ့ သတင္းေထာက္

လီဗာပူးၾကယ္ပြင့္အာႏိုးဟာ အဂၤလန္အသင္းေလ့က်င့္ေရးမွာ ဘယ္လင္ဂမ္နဲ႔ခြာမရေအာင္ျဖစ္ေနၿပီး ေအးဂ်င့္လိုက္လုပ္ေနတယ္လို႔ Dailymail သတင္းေထာက္ ဒိုမီနစ္ကင္းကပြဲတည္ေပးလိုက္ရာမွာေတာ့

ဆိုရွယ္မီဒီယာေပၚမွာ တုံ႔ျပန္မႈေတြရွိလာခဲ့ပါတယ္။ တခ်ိဳ႕ေသာပရိသတ္ေတြက ဘယ္လင္ဂမ္ကို အန္ဖီးလ္အေရာက္ေခၚယူဖို႔အတြက္ အာႏိုးက အေရးအႀကီးဆုံးလူသားျဖစ္ေနၿပီလို႔

ေကာက္ခ်က္ခ်လိုက္ပါတယ္။ ေပါင္ ၈၇ သန္းတန္ေဒါ့တ္မန္ၾကယ္ပြင့္ဟာ လီဗာပူးနဲ႔ခ်ိတ္ဆက္ေနသူျဖစ္ၿပီး အသက္ ၁၉ႏွစ္အ႐ြယ္ကစားသမားဟာ နည္းျပကေလာ့ပ္ကိုအထင္ႀကီးေလာက္စရာေျခစြမ္းနဲ႔

ဖမ္းစားထားႏိုင္တယ္လို႔ သိရပါတယ္။ အျခားတစ္ဖက္မွာေတာ့ မန္စီးတီး၊ ခ်ဲလ္ဆီးနဲ႔ မန္ယူတို႔ကပါစိတ္ဝင္စားေနတာေၾကာင့္ လီဗာပူးဟာ အဂၤလန္ၾကယ္ပြင့္အတြက္အႀကိတ္အနယ္ၿပိဳင္ဆိုင္ရဖို႔ရွိေနပါတယ္။

တြစ္တာက တစ္ဆင့္ အာႏိုးနဲ႔ ဘယ္လင္ဂမ္တို႔အေျခအေနအေပၚ Dailymail သတင္းေထာက္ ဒိုမီနစ္ကင္းက “အာႏိုးနဲ႔ ဘယ္လင္ဂမ္တို႔ေလ့က်င့္ေရးလုပ္ဖို႔ျပင္ဆင္ေနပါၿပီ။ ဒိုဟာကိုေရာက္ကတည္းက

တစ္ေယာက္နဲ႔တစ္ေယာက္အေဝးႀကီးမွာရွိမေနပါဘူး၊ တစ္ေယာက္သြားတဲ့ေနာက္ တစ္ေယာက္ေလွ်ာက္လိုက္ေနတယ္” လို႔ ပြဲတည္ေပးလိုက္ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ ပရိသတ္တစ္ေယာက္က

“သူကေတာ့ ေဒါ့တ္မန္ကေန အနီေရာင္ႀကီးေတြဆီလာေနၿပီ” လို႔ တုံ႔ျပန္ခဲ့သလို ဒုတိယတစ္ေယာက္က “ေအးဂ်င့္ ထရန႔္” လို႔မွတ္ခ်က္ေပးခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “ျဖစ္ႏိုင္တယ္လို႔

ငါျမင္တယ္၊ နံပါတ္ ၈ နဲ႔ဂ်ဴဒီဘင္လင္ဂမ္ ဝင္လာမယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ လီဗာပူးနဲ႔ ဘယ္လင္ဂမ္မဆိုင္ပါဘူးလို႔တုံ႔ျပန္ေရးလိုက္ၿပီး လီဗာပူးဆီသြားဖို႔အတြက္ကို ရပ္တန႔္လိုက္ပါလို႔

မတူကြဲျပားစြာ ေတာင္းဆိုခဲ့ပါတယ္။