ဒိုလေးလို ပုံစံ အောင်ပွဲခံပြီးနောက် ဆေးရုံရောက်သွားတဲ့ ဘောလုံးပရိသတ်တစ်ဦး

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ “Siuuu” ပုံစံ အောင်ပွဲခံမှုဟာ ဘောလုံးလောကမှာ

လူသိအများဆုံး အောင်ပွဲခံပုံတစ်ခုဖြစ်ပြီး အခြားသော အားကစားပြိုင်ပွဲတွေမှာ

အတုယူပြုလုပ်လာကြတာတေွ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း PDC World Championship ပြိုင်ပွဲမှာ

Ricky Evans ဟာလည်း “Siuuu” ပုံစံနဲ့ အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

ဘောလုံးပရိသတ်များစွာဟာလည်း အဆိုပါ အောင်ပွဲခံပုံကို

အိမ်တွေ ၊ ဘောလုံးကွင်းတွေမှာ စမ်းကြည့်လေ့ရှိကြပါတယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် ခင်ဗျားတို့တောင်

အဲ့လို ပြုလုပ်ဖူးမယ်လို့ ထင်ပါတယ်။

ဘောလုံးပရိသတ်တစ်ဦးဟာ တစ်ဖက် ( ၅ ) ယောက်ကစားရတဲ့

အပျော်တမ်းဖူဆယ်ပွဲတစ်ခုအမှာ ပင်နယ်တီသွင်းယူပြီးနောက်

“Siuuu” ပုံစံ အောင်ပွဲခံခဲ့ပေမယ့် အခြအနေတွေက

မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး ။

အဆိုပါ ပုဂ္ဂိုလ်ဟာ အောင်ပွဲခံစဥ် ခြေခေါက်ကာ ြမက်ခင်းပေါ်

ပုံလျက်လဲကျခဲ့တာတွေ့ရပါတယ်။

ဒဏ်ရာပြဿနာက ဆိုးရွားပုံရပြီး ဆေးစစ်ချက်တွေရယူဖို့

ဆေးရုံကို သွားရောက်ခဲ့ရပါတယ်။

သူ့ရဲ့ နောက်ဆုံးအခြေအနေကို မသိရှိရပေမယ့် ဒဏ်ရာပြဿနာက

အရမ်းကို နာကျင်စေပုံရပါတယ် ။

ဆေးစစ်ချက်ရလာဒ်တွေ စောင့်ဆိုင်းနေစဥ် ပီဇာစားပြီး ၊

ဘီယာသောက်နေတဲ့ ပုံစံကို ကြည့်ခြင်းဖြင့်

အခြေအနေက အရမ်းကြီးဆိုးရွားနိုင်မယ့် အလားအလာတော့မရှိပါဘူး ။

လူသိများတဲ့ အဆိုပါ “Siuuu” အောင်ပွဲခံပုံကို ရီးရဲမက်ဒရစ်

ကြယ်ပွင့်ဟောင်း နှင့် လက်ရှိမန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး

ခရစ္စတီယာနို ရော်နယ်ဒိုက တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

သူက ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က

မန်ချက်စတာ ဒါဘီပွဲစဥ်ကို လွဲချော်ခဲ့ပါတယ်။

zawgyi

ဒိုေလးလို ပုံစံ ေအာင္ပြဲခံၿပီးေနာက္ ေဆး႐ုံေရာက္သြားတဲ့ ေဘာလုံးပရိသတ္တစ္ဦး

ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ “Siuuu” ပုံစံ ေအာင္ပြဲခံမႈဟာ ေဘာလုံးေလာကမွာ

လူသိအမ်ားဆုံး ေအာင္ပြဲခံပုံတစ္ခုျဖစ္ၿပီး အျခားေသာ အားကစားၿပိဳင္ပြဲေတြမွာ

အတုယူျပဳလုပ္လာၾကတာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္း PDC World Championship ၿပိဳင္ပြဲမွာ

Ricky Evans ဟာလည္း “Siuuu” ပုံစံနဲ႔ ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။

ေဘာလုံးပရိသတ္မ်ားစြာဟာလည္း အဆိုပါ ေအာင္ပြဲခံပုံကို

အိမ္ေတြ ၊ ေဘာလုံးကြင္းေတြမွာ စမ္းၾကည့္ေလ့ရွိၾကပါတယ္။

အမွန္အတိုင္းေျပာရမယ္ဆိုရင္ ခင္ဗ်ားတို႔ေတာင္ အဲ့လို ျပဳလုပ္ဖူးမယ္လို႔ ထင္ပါတယ္။

ေဘာလုံးပရိသတ္တစ္ဦးဟာ တစ္ဖက္ ( ၅ ) ေယာက္ကစားရတဲ့

အေပ်ာ္တမ္းဖူဆယ္ပြဲတစ္ခုအမွာ ပင္နယ္တီသြင္းယူၿပီးေနာက္

“Siuuu” ပုံစံ ေအာင္ပြဲခံခဲ့ေပမယ့္ အျခအေနေတြက

ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပါဘူး ။

အဆိုပါ ပုဂၢိဳလ္ဟာ ေအာင္ပြဲခံစဥ္ ေျခေခါက္ကာ ျမက္ခင္းေပၚ

ပုံလ်က္လဲက်ခဲ့တာေတြ႕ရပါတယ္။

ဒဏ္ရာျပႆနာက ဆိုး႐ြားပုံရၿပီး ေဆးစစ္ခ်က္ေတြရယူဖို႔

ေဆး႐ုံကို သြားေရာက္ခဲ့ရပါတယ္။

သူ႔ရဲ႕ ေနာက္ဆုံးအေျခအေနကို မသိရွိရေပမယ့္ ဒဏ္ရာျပႆနာက

အရမ္းကို နာက်င္ေစပုံရပါတယ္ ။ေဆးစစ္ခ်က္ရလာဒ္ေတြ

ေစာင့္ဆိုင္းေနစဥ္ ပီဇာစားၿပီး ၊ ဘီယာေသာက္ေနတဲ့ ပုံစံကို ၾကည့္ျခင္းျဖင့္

အေျခအေနက အရမ္းႀကီးဆိုး႐ြားႏိုင္မယ့္ အလားအလာေတာ့မရွိပါဘူး ။

လူသိမ်ားတဲ့ အဆိုပါ “Siuuu” ေအာင္ပြဲခံပုံကို ရီးရဲမက္ဒရစ္

ၾကယ္ပြင့္ေဟာင္း ႏွင့္ လက္ရွိမန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး

ခရစၥတီယာႏို ေရာ္နယ္ဒိုက တီထြင္အသုံးျပဳခဲ့တာျဖစ္ပါတယ္။

သူက ဒဏ္ရာျပႆနာေၾကာင့္ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က

မန္ခ်က္စတာ ဒါဘီပြဲစဥ္ကို လြဲေခ်ာ္ခဲ့ပါတယ္။