ဒိုင်လူကြီး မျက်မှန်တပ်ဖို့ လိုနေပြီဆိုပြီး ရော်နယ်ဒို ပေါက်ကွဲ

ချန်ပီယံလိဂ်မှာ အက်သလက်ကို ဝ-၁ဂိုးနဲ့

အရေးနိမ့်ကာ ယူနိုက်တက်အသင်း ၁၆သင်းအဆင့်ကနေ
ထွက်ခဲ့ရပြီးနောက် ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုဟာ ဒိုင်လူကြီးရဲ့စွမ်းဆောင်ရည်နဲ့
ပတ်သက်လို့ ပေါက်ကွဲနေပါတယ်။
အက်သလက်ဟာ လိုဒီရဲ့ခေါင်းတိုက်ဂိုးကြောင့်

အနိုင်ရကာ နှစ်ကျော့ပေါင်း ၂-၁ ဂိုးနဲ့
အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ စပါးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်
အက်သလက်နဲ့ပွဲမှာတော့ ဂိုးပေါက်ကန်သွင်းမှု

မရှိခဲ့တဲ့အထိ ပြိုင်ဘက်ရဲ့ထိန်းချုပ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်းသားတွေဟာ ဂရစ်ဇ်မန်းရဲ့
ထောင့်ဖြတ်ဘောကနေ လိုဒီ ခေါင်းတိုက်သွင်းခဲ့တာနဲ့ပတ်သက်လို့
Build-up လုပ်ရာမှာ အီလန်ဂါကို ဥပဒေပကစားတယ်ဆိုပြီး
ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုကလည်း
ဂိုးပေးလိုက်တဲ့ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်
ပေါက်ကွဲသွားပြီး မျက်မှန်သင်္ကေတဖြစ်တဲ့
မျက်လုံး ၂လုံးကို လက်နဲ့ အဝိုင်းလေးပုံစံလုပ်ပြကာ
မျက်မှန်တပ်ဖို့ လိုအပ်နေပြီလို့ ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုရဲ့စောဒကတက်မှုကလည်း
အဆင်မပြေခဲ့ဘဲ အဆိုပါဖြစ်ရပ်ကို
VAR ပြန်ကြည့်ခဲ့ပေမယ့် လိုဒီရဲ့ဂိုးကို အတည်ပြုခဲ့ပါတယ်။

Zawgyi

ဒိုင္လူႀကီး မ်က္မွန္တပ္ဖို႔ လိုေနၿပီဆိုၿပီး ေရာ္နယ္ဒို ေပါက္ကြဲ
ခ်န္ပီယံလိဂ္မွာ အက္သလက္ကို ဝ-၁ဂိုးနဲ႔
အေရးနိမ့္ကာ ယူႏိုက္တက္အသင္း ၁၆သင္းအဆင့္ကေန
ထြက္ခဲ့ရၿပီးေနာက္ ယူႏိုက္တက္တိုက္စစ္မႉး

ေရာ္နယ္ဒိုဟာ ဒိုင္လူႀကီးရဲ႕စြမ္းေဆာင္ရည္နဲ႔
ပတ္သက္လို႔ ေပါက္ကြဲေနပါတယ္။
အက္သလက္ဟာ လိုဒီရဲ႕ေခါင္းတိုက္ဂိုးေၾကာင့္
အႏိုင္ရကာ ႏွစ္ေက်ာ့ေပါင္း ၂-၁ ဂိုးနဲ႔
အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ စပါးကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ဟက္ထရစ္သြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
အက္သလက္နဲ႔ပြဲမွာေတာ့ ဂိုးေပါက္ကန္သြင္းမႈ
မရွိခဲ့တဲ့အထိ ၿပိဳင္ဘက္ရဲ႕ထိန္းခ်ဳပ္ျခင္းခံခဲ့ရပါတယ္။
ယူႏိုက္တက္အသင္းသားေတြဟာ ဂရစ္ဇ္မန္းရဲ႕

ေထာင့္ျဖတ္ေဘာကေန လိုဒီ ေခါင္းတိုက္သြင္းခဲ့တာနဲ႔ပတ္သက္လို႔
Build-up လုပ္ရာမွာ အီလန္ဂါကို ဥပေဒပကစားတယ္ဆိုၿပီး
ကြင္းလယ္ဒိုင္ကို ဝိုင္းဝန္းေစာဒကတက္ခဲ့ပါတယ္။
အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ေရာ္နယ္ဒိုကလည္း
ဂိုးေပးလိုက္တဲ့ကြင္းလယ္ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ

ေပါက္ကြဲသြားၿပီး မ်က္မွန္သေကၤတျဖစ္တဲ့
မ်က္လုံး ၂လုံးကို လက္နဲ႔ အဝိုင္းေလးပုံစံလုပ္ျပကာ
မ်က္မွန္တပ္ဖို႔ လိုအပ္ေနၿပီလို႔ ေဝဖန္ခဲ့ပါတယ္။
ဒါေပမဲ့ ေရာ္နယ္ဒိုရဲ႕ေစာဒကတက္မႈကလည္း
အဆင္မေျပခဲ့ဘဲ အဆိုပါျဖစ္ရပ္ကို

VAR ျပန္ၾကည့္ခဲ့ေပမယ့္ လိုဒီရဲ႕ဂိုးကို အတည္ျပဳခဲ့ပါတယ္။