
ဒီပွဲမှာ ဂျာမန်လူမျိုးကွင်းလယ်ဒိုင်ဒန်နီယဲလ်ဆီးဘတ်ရဲ့ ဆုံးဖြတ်ချက်တွေက
နည်းနည်းတော့အငြင်းပွားစရာဖြစ်ခဲ့ရတယ်။
ဂရစ်ဇ်မန်းကို တိုက်ရိုက်အနီကတ်နဲ့ထုတ်ခဲ့တာက ပြင်းထန်တယ်လို့
သတ်မှတ်ရမှာဖြစ်ပြီး ဘောလုံးပြန်အကျမှာ ခြေထောက်မြှောက်ပြီးတော့
ထိန်းဖို့ကြိုးစားတာကနေ ဖေမီနိုခေါင်းဝင်တိုက်ခဲ့တာကြောင့်
ဂရစ်ဇ်မန်းရဲ့ခြေထောက်နဲ့ထိခဲ့မိတဲ့အတွက် ဒိုင်လူကြီးက
တိုက်ရိုက်အနီနဲ့ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေက
ဘောလုံးပွဲတွေမှာဖြစ်လေ့ဖြစ်ထရှိပြီး ဂရစ်ဇ်မန်းဟာ ရည်ရွယ်ချက်မပါခဲ့တဲ့အတွက်
အဝါကတ်လောက်သာပြသင့်တယ်လို့ ယူဆမိတယ်။
လီဗာပူးလ်အသင်းဟာ ပွဲအစပိုင်းမှာ အက်သလက်တီကိုအသင်း
အထလေးနေတာကို အခွင့်ကောင်းယူပြီးတော့
တိုက်စစ်ဆင်ကစားခဲ့သလို ဂိုးတွေလည်းသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲစလို့ (၈)မိနစ်မှာပဲ ပယ်နယ်တီဧရိယာထိပ်ကနေ
ဆာလာ ကန်သွင်းခဲ့တဲ့ဘောလုံးက မီလ်နာထိပြီးတော့လမ်းကြောင်း
နည်းနည်းပြောင်းဂိုးဝင်ခဲ့ပြီး ဒီဂိုးကို ဆာလာရဲ့သွင်းဂိုးအဖြစ်
သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ နာဘီကီတာက
လှပတဲ့ Volley ကန်ချက်နဲ့ ဒုတိယဂိုးသွင်းယူခဲ့တာကြောင့်
လီဗာပူးလ်တို့ မိနစ်(၂၀)မပြည့်ခင်မှာဘဲ အိမ်ရှင်အသင်းကို (၂-ဝ)ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တယ်။
မထင်မှတ်ဘဲ ဂိုးတွေစောစောစီးစီးပေးလိုက်ရပေမယ့် အက်သလက်တီကိုအသင်း
ကစားကွက်ပြန်တည်ခဲ့ပြီး ယာအိုဖိလစ်၊ ဂရစ်ဇ်မန်း၊ လေမာတို့ရဲ့တွဲလုံးတွေနဲ့အတူ
လီဗာပူးလ်ဘက်ကို ပြန်လည်ထိုးဖောက်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းမှာ ဖေမီနိုဟာ သိသိသာသာကို ခြေစွမ်းကျနေပြီး
သူက ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးပြီးတော့ ဆာလာ၊
မာနေးတို့အတွက် အခွင့်အရေးတွေဖန်တီးပေးရတာဖြစ်တာကြောင့်
ဖေမီနို ခြေမပေါ်ရင် လီဗာပူးလ်တိုက်စစ် ရုန်းကန်ရတော့တာပါပဲ။
နောက်ပြီး လီဗာပူးလ်ကွင်းလယ်က တိုက်စစ်ပံ့ပိုးမှုအပိုင်းမှာ
အားနည်းချက်ရှိတာကို ဒီရာသီမှာထင်ထင်ရှားရှားတွေ့နေရပြီး ဂိုးရဖို့က
ဆာလာတစ်ယောက်တည်းအပေါ် အားကိုးနေရသလိုဖြစ်နေတယ်။
ဆာလာတစ်ယောက် ခြေစွမ်းပြနေတဲ့အပြင် Goal Luck ပါရှိနေလို့
လီဗာပူးလ်အသင်းရဲ့အားနည်းချက်တွေက သိပ်မသိသာသေးပေမယ့်
လာမယ့်ဇန်နဝါရီကျရင် အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလား
ပြိုင်ပွဲဆင်နွှဲရမှာဖြစ်လို့ ဆာလာ မပါနိုင်ရင်တော့
လီဗာပူးလ်တိုက်စစ်အခြေအနေမကောင်းနိုင်ဘူး။
ဆီမြွန်နီဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်အခင်းအကျင်းကို
ကြိုတင်သုံးသပ်ထားတဲ့အတွက် (၃-၅-၂)ပုံစံနဲ့ပွဲထွက်လာပြီး
ထရစ်ပီယာ၊ ကာရက်စ်ကိုတို့ကို Wing Back တွေအဖြစ်အသုံးပြုပြီးတော့
ရော်ဘတ်ဆင်နဲ့အာနိုးလ်တို့ကို တိုက်စစ်လိုက်ခွင့်မရအောင်ထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။
ဂိုးတွေရပြီးနောက်ပိုင်း လီဗာပူးလ်အသင်း ဘောလုံးကိုင်ထားနိုင်ပေမယ့်
ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုးမလုပ်နိုင်တော့ဘဲ အက်သလက်တီကိုအသင်းက
ဘောလုံးရတာနဲ့ တိုက်စစ်ကို Direct Ball တွေပေးပို့ပြီးတော့ တန်ပြန်တိုက်စစ်နဲ့တုံ့ပြန်ခဲ့ပါတယ်။
မိနစ်(၂၀)မှာ အက်သလက်တီကို ချေပဂိုးပြန်ရခဲ့ပြီး ကိုကီ
ကန်သွင်းလိုက်တဲ့ဘောလုံးကို ဂရစ်ဇ်မန်းက လမ်းကြောင်းပြောင်းသွင်းယူခဲ့တာပါ။
ချေပဂိုးရခဲ့လို့ အက်သလက်တီကိုကစားသမားတွေ အားတက်လာခဲ့သလို
(၃၄)မိနစ်မှာ ဒုတိယချေပဂိုးထပ်ရခဲ့ပါတယ်။
လီဗာပူးလ်ကစားသမား (၃၊၄)ယောက်ကို ယာအိုဖိလစ်က
တစ်ဦးချင်းအစွမ်းနဲ့ကျော်ဖြတ်ပြီးတော့ ဂိုးရှေ့ချိုးပေးလိုက်တာကနေ
ဂရစ်ဇ်မန်းကပဲ ကန်သွင်းခဲ့တာဖြစ်ပြီး ဂရစ်ဇ်မန်းရဲ့ဘောလုံးထိန်းသိမ်းမှု
ပါးနပ်တာကြောင့် ဂိုးရခဲ့တာလို့လည်းပြောရမယ်။
ဒုတိယပိုင်းအစမှာလည်း အက်သလက်တီကိုအသင်းပဲ
တိုက်စစ်ဆင်ကစားနေတုန်း ဒိုင်လူကြီးက ဂရစ်ဇ်မန်းကို တိုက်ရိုက်အနီကတ်နဲ့
ထုတ်ပယ်ခဲ့တာကြောင့် အက်သလက်တီကို တိုက်စစ် တော်တော်လေးအားလျော့သွားခဲ့ရတယ်။
(၇၇)မိနစ်မှာ ဂျိုတာကို အက်သလက်တီကိုနောက်ခံလူဟာမိုဆို
ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ လီဗာပူးလ်ပယ်နယ်တီရခဲ့ပြီး
ဒီပယ်နယ်တီကို ဆာလာက တည်တည်ငြိမ်ငြိမ်နဲ့ကန်သွင်းခဲ့တာကြောင့်
လီဗာပူးလ်တို့ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။ မိနစ်(၈၀)ကျော်မှာ အက်သလက်တီကိုတို့
ပယ်နယ်တီရမယ့်အခွင့်အရေးရှိခဲ့ပေမယ့် ဒိုင်လူကြီးက VAR
ပြန်ကြည့်ပြီးတော့ ပယ်နယ်တီမပေးခဲ့ပါဘူး။
ပွဲအပြီးမှာ လီဗာပူးလ်အသင်း (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒါဟာ အက်သလက်တီကိုကွင်းမှာ
လီဗာပူးလ်ပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်သလို (၃)ပွဲကစား၊
(၃)ပွဲနိုင်နဲ့ အုပ်စုကတက်ဖို့ အခြေအနေကောင်းသွားပါပြီ။
zawgyi
ဒိုင္လူႀကီးရဲ႕အျငင္းပြားစရာဆုံးျဖတ္ခ်က္ေၾကာင့္ အက္သလက္တီကိုကြင္းမွာ လီဗာပူးလ္ပထမဆုံးႏိုင္ပြဲရခဲ့
ဒီပြဲမွာ ဂ်ာမန္လူမ်ိဳးကြင္းလယ္ဒိုင္ဒန္နီယဲလ္ဆီးဘတ္ရဲ႕ ဆုံးျဖတ္ခ်က္ေတြက
နည္းနည္းေတာ့အျငင္းပြားစရာျဖစ္ခဲ့ရတယ္။
ဂရစ္ဇ္မန္းကို တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ခဲ့တာက ျပင္းထန္တယ္လို႔
သတ္မွတ္ရမွာျဖစ္ၿပီး ေဘာလုံးျပန္အက်မွာ ေျခေထာက္ေျမႇာက္ၿပီးေတာ့
ထိန္းဖို႔ႀကိဳးစားတာကေန ေဖမီႏိုေခါင္းဝင္တိုက္ခဲ့တာေၾကာင့္
ဂရစ္ဇ္မန္းရဲ႕ေျခေထာက္နဲ႔ထိခဲ့မိတဲ့အတြက္ ဒိုင္လူႀကီးက
တိုက္႐ိုက္အနီနဲ႔ထုတ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြက
ေဘာလုံးပြဲေတြမွာျဖစ္ေလ့ျဖစ္ထရွိၿပီး ဂရစ္ဇ္မန္းဟာ ရည္႐ြယ္ခ်က္မပါခဲ့တဲ့အတြက္
အဝါကတ္ေလာက္သာျပသင့္တယ္လို႔ ယူဆမိတယ္။
လီဗာပူးလ္အသင္းဟာ ပြဲအစပိုင္းမွာ အက္သလက္တီကိုအသင္း
အထေလးေနတာကို အခြင့္ေကာင္းယူၿပီးေတာ့
တိုက္စစ္ဆင္ကစားခဲ့သလို ဂိုးေတြလည္းသြင္းယူႏိုင္ခဲ့ပါတယ္။
ပြဲစလို႔ (၈)မိနစ္မွာပဲ ပယ္နယ္တီဧရိယာထိပ္ကေန
ဆာလာ ကန္သြင္းခဲ့တဲ့ေဘာလုံးက မီလ္နာထိၿပီးေတာ့လမ္းေၾကာင္း
နည္းနည္းေျပာင္းဂိုးဝင္ခဲ့ၿပီး ဒီဂိုးကို ဆာလာရဲ႕သြင္းဂိုးအျဖစ္
သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ မိနစ္ပိုင္းအၾကာမွာပဲ နာဘီကီတာက
လွပတဲ့ Volley ကန္ခ်က္နဲ႔ ဒုတိယဂိုးသြင္းယူခဲ့တာေၾကာင့္
လီဗာပူးလ္တို႔ မိနစ္(၂၀)မျပည့္ခင္မွာဘဲ အိမ္ရွင္အသင္းကို (၂-ဝ)ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့တယ္။
မထင္မွတ္ဘဲ ဂိုးေတြေစာေစာစီးစီးေပးလိုက္ရေပမယ့္ အက္သလက္တီကိုအသင္း
ကစားကြက္ျပန္တည္ခဲ့ၿပီး ယာအိုဖိလစ္၊ ဂရစ္ဇ္မန္း၊ ေလမာတို႔ရဲ႕တြဲလုံးေတြနဲ႔အတူ
လီဗာပူးလ္ဘက္ကို ျပန္လည္ထိုးေဖာက္ခဲ့ပါတယ္။
လီဗာပူးလ္အသင္းမွာ ေဖမီႏိုဟာ သိသိသာသာကို ေျခစြမ္းက်ေနၿပီး
သူက ကြင္းလယ္နဲ႔ တိုက္စစ္ကို ခ်ိတ္ဆက္ေပးၿပီးေတာ့ ဆာလာ၊
မာေနးတို႔အတြက္ အခြင့္အေရးေတြဖန္တီးေပးရတာျဖစ္တာေၾကာင့္
ေဖမီႏို ေျခမေပၚရင္ လီဗာပူးလ္တိုက္စစ္ ႐ုန္းကန္ရေတာ့တာပါပဲ။
ေနာက္ၿပီး လီဗာပူးလ္ကြင္းလယ္က တိုက္စစ္ပံ့ပိုးမႈအပိုင္းမွာ
အားနည္းခ်က္ရွိတာကို ဒီရာသီမွာထင္ထင္ရွားရွားေတြ႕ေနရၿပီး ဂိုးရဖို႔က
ဆာလာတစ္ေယာက္တည္းအေပၚ အားကိုးေနရသလိုျဖစ္ေနတယ္။
ဆာလာတစ္ေယာက္ ေျခစြမ္းျပေနတဲ့အျပင္ Goal Luck ပါရွိေနလို႔
လီဗာပူးလ္အသင္းရဲ႕အားနည္းခ်က္ေတြက သိပ္မသိသာေသးေပမယ့္
လာမယ့္ဇန္နဝါရီက်ရင္ အီဂ်စ္အသင္းနဲ႔အတူ အာဖရိကဖလား
ၿပိဳင္ပြဲဆင္ႏႊဲရမွာျဖစ္လို႔ ဆာလာ မပါႏိုင္ရင္ေတာ့
လီဗာပူးလ္တိုက္စစ္အေျခအေနမေကာင္းႏိုင္ဘူး။
ဆီႁမြန္နီဟာ လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္အခင္းအက်င္းကို
ႀကိဳတင္သုံးသပ္ထားတဲ့အတြက္ (၃-၅-၂)ပုံစံနဲ႔ပြဲထြက္လာၿပီး
ထရစ္ပီယာ၊ ကာရက္စ္ကိုတို႔ကို Wing Back ေတြအျဖစ္အသုံးျပဳၿပီးေတာ့
ေရာ္ဘတ္ဆင္နဲ႔အာႏိုးလ္တို႔ကို တိုက္စစ္လိုက္ခြင့္မရေအာင္ထိန္းခ်ဳပ္ဖို႔ႀကိဳးစားခဲ့တယ္။
ဂိုးေတြရၿပီးေနာက္ပိုင္း လီဗာပူးလ္အသင္း ေဘာလုံးကိုင္ထားႏိုင္ေပမယ့္
ထိေရာက္တဲ့တိုက္စစ္ဆင္မႈမ်ိဳးမလုပ္ႏိုင္ေတာ့ဘဲ အက္သလက္တီကိုအသင္းက
ေဘာလုံးရတာနဲ႔ တိုက္စစ္ကို Direct Ball ေတြေပးပို႔ၿပီးေတာ့ တန္ျပန္တိုက္စစ္နဲ႔တုံ႔ျပန္ခဲ့ပါတယ္။
မိနစ္(၂၀)မွာ အက္သလက္တီကို ေခ်ပဂိုးျပန္ရခဲ့ၿပီး ကိုကီ
ကန္သြင္းလိုက္တဲ့ေဘာလုံးကို ဂရစ္ဇ္မန္းက လမ္းေၾကာင္းေျပာင္းသြင္းယူခဲ့တာပါ။
ေခ်ပဂိုးရခဲ့လို႔ အက္သလက္တီကိုကစားသမားေတြ အားတက္လာခဲ့သလို
(၃၄)မိနစ္မွာ ဒုတိယေခ်ပဂိုးထပ္ရခဲ့ပါတယ္။
လီဗာပူးလ္ကစားသမား (၃၊၄)ေယာက္ကို ယာအိုဖိလစ္က
တစ္ဦးခ်င္းအစြမ္းနဲ႔ေက်ာ္ျဖတ္ၿပီးေတာ့ ဂိုးေရွ႕ခ်ိဳးေပးလိုက္တာကေန
ဂရစ္ဇ္မန္းကပဲ ကန္သြင္းခဲ့တာျဖစ္ၿပီး ဂရစ္ဇ္မန္းရဲ႕ေဘာလုံးထိန္းသိမ္းမႈ
ပါးနပ္တာေၾကာင့္ ဂိုးရခဲ့တာလို႔လည္းေျပာရမယ္။
ဒုတိယပိုင္းအစမွာလည္း အက္သလက္တီကိုအသင္းပဲ
တိုက္စစ္ဆင္ကစားေနတုန္း ဒိုင္လူႀကီးက ဂရစ္ဇ္မန္းကို တိုက္႐ိုက္အနီကတ္နဲ႔
ထုတ္ပယ္ခဲ့တာေၾကာင့္ အက္သလက္တီကို တိုက္စစ္ ေတာ္ေတာ္ေလးအားေလ်ာ့သြားခဲ့ရတယ္။
(၇၇)မိနစ္မွာ ဂ်ိဳတာကို အက္သလက္တီကိုေနာက္ခံလူဟာမိုဆို
ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့လို႔ လီဗာပူးလ္ပယ္နယ္တီရခဲ့ၿပီး
ဒီပယ္နယ္တီကို ဆာလာက တည္တည္ၿငိမ္ၿငိမ္နဲ႔ကန္သြင္းခဲ့တာေၾကာင့္
လီဗာပူးလ္တို႔ ဦးေဆာင္ဂိုးျပန္ရခဲ့ပါတယ္။ မိနစ္(၈၀)ေက်ာ္မွာ အက္သလက္တီကိုတို႔
ပယ္နယ္တီရမယ့္အခြင့္အေရးရွိခဲ့ေပမယ့္ ဒိုင္လူႀကီးက VAR
ျပန္ၾကည့္ၿပီးေတာ့ ပယ္နယ္တီမေပးခဲ့ပါဘူး။
ပြဲအၿပီးမွာ လီဗာပူးလ္အသင္း (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒါဟာ အက္သလက္တီကိုကြင္းမွာ
လီဗာပူးလ္ပထမဆုံးႏိုင္ပြဲရခဲ့တာျဖစ္သလို (၃)ပြဲကစား၊
(၃)ပြဲႏိုင္နဲ႔ အုပ္စုကတက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။