ဒိုင်လူကြီးတွေကို အော်လားငေါက်လားလုပ်တဲ့ နည်းပြတူချယ်တော့ အကြီးကြီး မှားပြီ

စပါးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခင်းအကျင်းတွေနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြတူချယ်ကို မလျော်ကန်တဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

စပါးနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီး တေလာရဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ အခုလို စွဲချက်တင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်ဒိုင် တေလာနဲ့ ဗီဒီယိုနည်းပညာ အကူဒိုင်လူကြီးဖြစ်တဲ့ မိုက်ဒိန်းတို့ဟာ

စပါးအသင်း တစ်မှတ်ရအောင် ကူညီပေးသွားခဲ့တဲ့လို့ တူချယ်က ဒေါသတကြီးနဲ့ ပြောဆိုခဲ့တဲ့အတွက် စွဲချက်တင်မှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ နည်းပြ နှစ်ယောက်အကြား ပွတ်တိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပွဲအပြီးမှာတော့ နှစ်ယောက်စလုံး

အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်အထိ ပွဲက အရုပ်ဆိုး အကျည်းတန်ခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ ဆံပင်ကို စပါး ကစားသမား ရိုမီယို ဆွဲပြီး လှဲပစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် ရုပ်သံမှတ်တမ်းကို လာကြည့်ပေးဖို့ ကွင်းလယ်ဒိုင် တေလာအပေါ် တောင်းဆိုမှု

မပြုလုပ်ခဲ့တာဟာ သူ့ရဲ့ အမှားဖြစ်တယ်လို့ အကူဒိုင်လူကြီးဖြစ်တဲ့ မိုက်ဒိန်းက ပြီးခဲ့တဲ့ တစ်ပတ်မှာ ဝန်ခံခဲ့ပါတယ်။ အဲဒီလို တောင်းဆိုမှုမပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ နည်းပြတူ ချယ်ကို ဒေါသထွက်စေခဲ့တာလည်း ဖြစ်ပါတယ်။

‘’ပွဲအပြီး ၎င်း၏ သတင်း စာရှင်းလင်းပွဲတွင် နည်းပြ၏ မှတ်ချက်များသည် စွပ်စွဲချက်များဖြစ်ပါသည်။ ၎င်းတို့မှာ ဘက်လိုက်သည်ဟု သွက်ဝိုက်ညွှန်းဆိုခြင်း၊ သို့မဟုတ် ပွဲကြီး ကြပ်သူ ဒိုင်လူကြီး၏ သမာဓိအပေါ် မေးခန်းထုတ်ခြင်းနှင့် ပွဲစဉ်ကို သိက္ခာမဲ့ စေခြင်းတို့ ဖြစ်သည်’’ ဆိုပြီး

အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီစွဲချက်တင်မှုနဲ့ပတ်သက်ပြီး နည်းပြတူချယ်ဟာ လာမယ့် ကြာသပတေးနေ့အထိ လျှောက်လဲချက်ပေးနိုင်ဖို့ အက်ဖ်အေက ခွင့်ပြုထားတယ်လို့လည်း ESPN သတင်းဌာနက ဖော်ပြပါတယ်။ တူချယ်ဟာ စပါးနဲ့ပွဲစဉ်က ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေကြောင့် တစ်ပွဲပယ်ဆိုင်းငံ့ ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် ၃၅၀၀၀ ကျခံခဲ့ရပြီး ဖြစ်ပါတယ်။

(zawgyi)

စပါးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အခင္းအက်င္းေတြနဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကို မေလ်ာ္ကန္တဲ့ အျပဳအမူေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့ အခ်က္နဲ႔ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ (အက္ဖ္ေအ)က စြဲခ်က္တင္လိုက္ၿပီ ျဖစ္ပါတယ္။

စပါးနဲ႔သေရက်ခဲ့တဲ့ပြဲစဥ္မွာ ကြင္းလယ္ဒိုင္လူႀကီး ေတလာရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့လို႔ အခုလို စြဲခ်က္တင္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။ ကြင္းလယ္ဒိုင္ ေတလာနဲ႔ ဗီဒီယိုနည္းပညာ အကူဒိုင္လူႀကီးျဖစ္တဲ့ မိုက္ဒိန္းတို႔ဟာ စပါးအသင္း

တစ္မွတ္ရေအာင္ ကူညီေပးသြားခဲ့တဲ့လို႔ တူခ်ယ္က ေဒါသတႀကီးနဲ႔ ေျပာဆိုခဲ့တဲ့အတြက္ စြဲခ်က္တင္မႈနဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ နည္းျပ ႏွစ္ေယာက္အၾကား ပြတ္တိုက္မႈေတြ ျဖစ္ေပၚခဲ့ၿပီး ပြဲအၿပီးမွာေတာ့ ႏွစ္ေယာက္စလုံး

အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရသည္အထိ ပြဲက အ႐ုပ္ဆိုး အက်ည္းတန္ခဲ့ပါတယ္။ ခ်ဲလ္ဆီးေနာက္ခံလူ ကူကူရယ္လာရဲ႕ ဆံပင္ကို စပါး ကစားသမား ႐ိုမီယို ဆြဲၿပီး လွဲပစ္ခဲ့တဲ့ အျဖစ္အပ်က္အတြက္ ႐ုပ္သံမွတ္တမ္းကို လာၾကည့္ေပးဖို႔ ကြင္းလယ္ဒိုင္ ေတလာအေပၚ

ေတာင္းဆိုမႈ မျပဳလုပ္ခဲ့တာဟာ သူ႔ရဲ႕ အမွားျဖစ္တယ္လို႔ အကူဒိုင္လူႀကီးျဖစ္တဲ့ မိုက္ဒိန္းက ၿပီးခဲ့တဲ့ တစ္ပတ္မွာ ဝန္ခံခဲ့ပါတယ္။ အဲဒီလို ေတာင္းဆိုမႈမျပဳဖို႔ ဆုံးျဖတ္ခဲ့တာဟာ နည္းျပတူ ခ်ယ္ကို ေဒါသထြက္ေစခဲ့တာလည္း ျဖစ္ပါတယ္။

‘’ပြဲအၿပီး ၎၏ သတင္း စာရွင္းလင္းပြဲတြင္ နည္းျပ၏ မွတ္ခ်က္မ်ားသည္ စြပ္စြဲခ်က္မ်ားျဖစ္ပါသည္။ ၎တို႔မွာ ဘက္လိုက္သည္ဟု သြက္ဝိုက္ၫႊန္းဆိုျခင္း၊ သို႔မဟုတ္ ပြဲႀကီး ၾကပ္သူ ဒိုင္လူႀကီး၏ သမာဓိအေပၚ ေမးခန္းထုတ္ျခင္းႏွင့္ ပြဲစဥ္ကို သိကၡာမဲ့ ေစျခင္းတို႔ ျဖစ္သည္’’ ဆိုၿပီး အက္ဖ္ေအရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒီစြဲခ်က္တင္မႈနဲ႔ပတ္သက္ၿပီး နည္းျပတူခ်ယ္ဟာ လာမယ့္ ၾကာသပေတးေန႔အထိ ေလွ်ာက္လဲခ်က္ေပးႏိုင္ဖို႔ အက္ဖ္ေအက ခြင့္ျပဳထားတယ္လို႔လည္း ESPN သတင္းဌာနက ေဖာ္ျပပါတယ္။ တူခ်ယ္ဟာ စပါးနဲ႔ပြဲစဥ္က ျဖစ္ပ်က္ခဲ့တဲ့ ျပႆနာေတြေၾကာင့္ တစ္ပြဲပယ္ဆိုင္းငံ့ ျပစ္ဒဏ္ နဲ႔ ဒဏ္ေငြ ေပါင္ ၃၅၀၀၀ က်ခံခဲ့ရၿပီး ျဖစ္ပါတယ္။