ပြီးခဲ့တဲ့ ယူနိုက်တက် 2-0 ဘရိုက်တန် ပွဲစဉ်မှာ ပွဲကစားချိန် (53) မိနစ်၌
ဘရိုက်တန်ကစားသမား Lewis Dunk ရဲ့ ပြစ်ဒဏ်အားအနီကဒ်ပြသရန်
ယူနိုက်တက်ကစားသမားများက ဒိုင်လူကြီးအပေါ် စိတ်လွတ်ကိုယ်လွတ်
စည်းမဲ့ကမ်းမဲ့အော်ငေါက်တောင်းဆိုမှုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့်
FA က ယူနိုက်တက်ကို စွဲချက်တင်ခဲ့ပါတယ်။
FA ၏ ထုတ်ပြန်ချက်တစ်ခုတွင် “ယူနိုက်တက်အသင်းသည် အင်္ဂါနေ့ [15/2/22] တွင်
ဘရိုက်တန်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် FA စည်းမျဉ်း
E20.1 ကိုချိုးဖောက်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။” “ယူနိုက်တက်အသင်းသည် 53 မိနစ်တွင်
၎င်း၏ကစားသမားများအားစံနမူနာပြသည့် ပုံစံအတိုင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်
းစွပ်စွဲထားပြီး ကလပ်သည်တနင်္လာနေ့ [21/2/22] အထိ တုံ့ပြန်မှုပေးရန်ရှိသည်။”ဆိုပြီး
ပါရှိပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ဒိုင်လူကြီး Bankesက “ယူနိုက်တက်
ကစားသမားတွေက မှန်ပါတယ်။ပြီးတော့ သူတို့ရဲ့ဆန္ဒပြမှုတွေက နောက်ဆုံးမှာ VAR ရဲ့
ဝင်ရောက်စွက်ဖက်မှုကိုဖြစ်စေခဲ့ပါတယ်။” ဆိုပြီး ပြောပါတယ်။
Zawgyi
ဒိုင်လူကြီးကို အော်ငေါက်တောင်းဆိုခဲ့လို့ FA က တရားစွဲတာခံရမယ့် ယူနိုက်တက်
ပါရှိပါတယ်။