ဒိုင်လူကြီဆီကာဝီးကြောင့် ပုံမှန်ပွဲချိန်ပြီးဆုံးအောင်ပင်မကစားခဲ့ရတဲ့ မာလီ-တူနီးရှားပွဲစဉ်

အာဖရိကနိုင်ငံများဖလား တူနီးရှား(ဝ-၁)မာလီပွဲစဉ်တွင်

ကွင်းလယ်ဒိုင်လူကြီး ဆီကာဝီ၏လုပ်ဆောင်မှုများမှာ

ဘောလုံးပရိသတ်များအတွက် အံ့အားသင့်စရာနှင့် အငြင်းပွားစရာများ ဖြစ်ခဲ့ပါတယ်။

တူနီးရှားဟာမာလီကို၁-ဝဂိုးနဲ့ ရှုံးနိမ့်တဲ့အာဖရိကဖလားအုပ်စု(F) ပွဲစဉ်ကို

ပြန်လည်ကစားခွင့်ပေးရန်အယူခံဝင်လိုက်ပြီဖြစ်ပါတယ်။

မာလီဟာအီဘရာဟီမာကိုနေးရဲ့ပင်နယ်တီဂိုးဖြင့်တူနီးရှားကို၁-ဝဂိုးဖြင့်

အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒိုင်လူကြီးဆီကာဝီကပွဲသိမ်းခရာကိုစောစောစီးစီးမှုတ်ခဲ့ပါတယ်။

ဇမ်ဘာဘွေဒိုင်လူကြီးဟာပွဲချိန်၈၅မိနစ်တွင်ပွဲပြီးခရာမှုတ်ခဲ့ပြီးနောက်

၄မိနစ်ထပ်ကစားစေခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၈၉မိနစ်၊၄၃စက္ကန့်တွင်ပွဲပြီးခရာထပ်မှုတ်ခဲ့ပါတယ်။

ကိုနေးရဲ့ပင်နယ်တီဖြစ်ရပ်ကို VAR ကစစ်ဆေးမှုပြုလုပ်ရာတွင်

အချိန်များစွာကုန်ဆုံးခဲ့သလို တူနီးရှားရဲ့ပင်နယ်တီတစ်ကြိမ်လည်းလွဲချော်ခဲ့မှုကြောင့်

နာကျင်အချိန်ပိုများစွာပေးရမယ်ဆိုပေမယ့်ပုံမှန်ပွဲချိန်ပြီးဆုံးအောင်ပင်မကစားခဲ့ရပါဘူး။

ဆီကာဝီဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက အာဖရိကချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲကို

ကိုင်တွယ်ရာတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များကြောင့်

ခြစားမှုသံသယဖြင့် ပွဲကြီးကြပ်ခွင့် ရပ်ဆိုင်းခံရပြီး

၂၀၁၉ ခုနှစ် ဇန်နဝါရီလရောက်မှ ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့တာပါ။

ဆာကာဝီအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်

ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘယ်လ်ဂျီယံ-ပနားမားပွဲနှင့်

ဂျပန်-ပိုလန်ပွဲများကို တာဝန်ယူခဲ့ပါတယ်။

zawgyi

ဒိုင္လူႀကီဆီကာဝီးေၾကာင့္ ပုံမွန္ပြဲခ်ိန္ၿပီးဆုံးေအာင္ပင္မကစားခဲ့ရတဲ့ မာလီ-တူနီးရွားပြဲစဥ္

အာဖရိကႏိုင္ငံမ်ားဖလား တူနီးရွား(ဝ-၁)မာလီပြဲစဥ္တြင္

ကြင္းလယ္ဒိုင္လူႀကီး ဆီကာဝီ၏လုပ္ေဆာင္မႈမ်ားမွာ

ေဘာလုံးပရိသတ္မ်ားအတြက္ အံ့အားသင့္စရာႏွင့္ အျငင္းပြားစရာမ်ား ျဖစ္ခဲ့ပါတယ္။

တူနီးရွားဟာမာလီကို၁-ဝဂိုးနဲ႔ ရႈံးနိမ့္တဲ့အာဖရိကဖလားအုပ္စု(F) ပြဲစဥ္ကို

ျပန္လည္ကစားခြင့္ေပးရန္အယူခံဝင္လိုက္ၿပီျဖစ္ပါတယ္။

မာလီဟာအီဘရာဟီမာကိုေနးရဲ႕ပင္နယ္တီဂိုးျဖင့္တူနီးရွားကို၁-ဝဂိုးျဖင့္

အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒိုင္လူႀကီးဆီကာဝီကပြဲသိမ္းခရာကိုေစာေစာစီးစီးမႈတ္ခဲ့ပါတယ္။

ဇမ္ဘာေဘြဒိုင္လူႀကီးဟာပြဲခ်ိန္၈၅မိနစ္တြင္ပြဲၿပီးခရာမႈတ္ခဲ့ၿပီးေနာက္

၄မိနစ္ထပ္ကစားေစခဲ့ပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၈၉မိနစ္၊၄၃စကၠန႔္တြင္ပြဲၿပီးခရာထပ္မႈတ္ခဲ့ပါတယ္။

ကိုေနးရဲ႕ပင္နယ္တီျဖစ္ရပ္ကို VAR ကစစ္ေဆးမႈျပဳလုပ္ရာတြင္

အခ်ိန္မ်ားစြာကုန္ဆုံးခဲ့သလို တူနီးရွားရဲ႕ပင္နယ္တီတစ္ႀကိမ္လည္းလြဲေခ်ာ္ခဲ့မႈေၾကာင့္

နာက်င္အခ်ိန္ပိုမ်ားစြာေပးရမယ္ဆိုေပမယ့္ပုံမွန္ပြဲခ်ိန္ၿပီးဆုံးေအာင္ပင္မကစားခဲ့ရပါဘူး။

ဆီကာဝီဟာ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလက အာဖရိကခ်န္ပီယံလိဂ္ပြဲစဥ္တစ္ပြဲကို

ကိုင္တြယ္ရာတြင္ အျငင္းပြားဖြယ္ဆုံးျဖတ္ခ်က္မ်ားေၾကာင့္

ျခစားမႈသံသယျဖင့္ ပြဲႀကီးၾကပ္ခြင့္ ရပ္ဆိုင္းခံရၿပီး

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလေရာက္မွ ျပန္လည္တာဝန္ထမ္းေဆာင္ေစခဲ့တာပါ။

ဆာကာဝီအေနျဖင့္ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္

ဒိုင္လူႀကီးအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး ဘယ္လ္ဂ်ီယံ-ပနားမားပြဲႏွင့္

ဂ်ပန္-ပိုလန္ပြဲမ်ားကို တာဝန္ယူခဲ့ပါတယ္။