ဒိုကိုကြီးကိုလာမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ညီမ

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသက် ၃၈ နှစ်ရှိနေပြီဖြစ်တာကြောင့် ရီးရဲလ်အသင်းဆီကို တစ်ဖန်ပြန်ပြီး ခေါ်ယူမှာ မဟုတ်ဘူးလို ဥက္ကဋ္ဌ ပီရက်ဇ် က ပြောဆိုလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် တုံပြန်ပေါက်ကွဲပြလိုက်သူက တော့

ကာယကံရှင်ကစားသမားရဲ့ ညီမဖြစ်သူ ကာတီယာ အေဗီရိုပဲ ဖြစ်ပါ တယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် ၃၇ နှစ် ပြည့်မြောက်ပြီးသူဖြစ်ပြီး ၃၈ နှစ်ထဲကို ရောက်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပေါ်တူဂီသားဟာ အကျဘက် မ ရောက်သေးဘူးဆိုတာကို

ပြီးခဲ့တဲ့ရာသီမှာ မန်ယူနဲ့အတူ ၁၈ ဂိုးသွင်းပြီး သက် သေထူနိုင်ခဲ့သူပါ။ အဲဒီသွင်းဂိုးအရေအတွက်ဟာ မန်ယူမှာရှိတဲ့ ကစားသမား တိုင်းထက် အနည်းဆုံး ၈ ဂိုး ပိုများနေပါတယ်။ ဒါကြောင့် သူ့ရဲ့ အစ်ကိုဖြစ်သူကို အိုမင်းနေပြီလို ပြောလိုက်တဲ့

ပီရက်ဇ်ကြီးကို ညီမဖြစ်သူ အေဗီရိုက လူမှုကွန်ရက်ကနေတစ်ဆင့် အခုလို တုံပြန်လိုက်ပါတယ်။ ‘’သူက အသက် ၃၈ နှစ်ရှိနေပြီ။ ဒါပေမဲ့ သူက လေထဲမှာ ၂ မီတာအမြင့်အထိ ခုန်ပျံနိုင်ပြီး အဲ ဒီအပေါ်မှာ ၃ မိနစ်လောက် နေနိုင်ပါတယ်။

သူ့ရဲ့ ကိုယ်လုံးကိုယ်ထည်က လည်း မဝပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုရှိပါဦး အဘိုးကြီးရဲ့။ ရှင်က ၇၅ နှစ်နော်’’ ဆိုပြီး အေဗီရိုက အင်စတာဂရမ်ကနေတစ်ဆင့် တုံပြန်ခဲ့ပါတယ်။

မန်ယူက ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ ရှုးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရော် နယ်ဒိုဟာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့် အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ဘရန်ဖိုဒ်နဲ့ ပွဲစဉ်မှာတော့ ပထမဦးစားပေး ပွဲထွက်ကစား သမားအဖြစ်

ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ် ဖိုက ၃ ပတ်နီးပါး လိုနေသေးပေမယ့် ရော်နယ်ဒိုတစ်ယောက် အိုးလ်ထရက် ဖိုဒ်မှာပဲ ဆက်ရှိနေမယ့် ပုံစံမျိုး ရှိနေပါပြီ။

(zawgyi)

မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ အသက္ ၃၈ ႏွစ္ရွိေနၿပီျဖစ္တာေၾကာင့္ ရီးရဲလ္အသင္းဆီကို တစ္ဖန္ျပန္ၿပီး ေခၚယူမွာ မဟုတ္ဘူးလို ဥကၠ႒ ပီရက္ဇ္ က ေျပာဆိုလိုက္တဲ့အေပၚ ျပင္းျပင္းထန္ထန္

တုံျပန္ေပါက္ကြဲျပလိုက္သူက ေတာ့ ကာယကံရွင္ကစားသမားရဲ႕ ညီမျဖစ္သူ ကာတီယာ ေအဗီ႐ိုပဲ ျဖစ္ပါ တယ္။ ေရာ္နယ္ဒိုဟာ လက္ရွိမွာ အသက္ ၃၇ ႏွစ္ ျပည့္ေျမာက္ၿပီးသူျဖစ္ၿပီး

၃၈ ႏွစ္ထဲကို ေရာက္ေနသူျဖစ္ပါတယ္။ ဒါေပမဲ့ ဒီေပၚတူဂီသားဟာ အက်ဘက္ မ ေရာက္ေသးဘူးဆိုတာကို ၿပီးခဲ့တဲ့ရာသီမွာ မန္ယူနဲ႔အတူ ၁၈ ဂိုးသြင္းၿပီး သက္ ေသထူႏိုင္ခဲ့သူပါ။

အဲဒီသြင္းဂိုးအေရအတြက္ဟာ မန္ယူမွာရွိတဲ့ ကစားသမား တိုင္းထက္ အနည္းဆုံး ၈ ဂိုး ပိုမ်ားေနပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ အစ္ကိုျဖစ္သူကို အိုမင္းေနၿပီလို ေျပာလိုက္တဲ့ ပီရက္ဇ္ႀကီးကို

ညီမျဖစ္သူ ေအဗီ႐ိုက လူမႈကြန္ရက္ကေနတစ္ဆင့္ အခုလို တုံျပန္လိုက္ပါတယ္။ ‘’သူက အသက္ ၃၈ ႏွစ္ရွိေနၿပီ။ ဒါေပမဲ့ သူက ေလထဲမွာ ၂ မီတာအျမင့္အထိ ခုန္ပ်ံႏိုင္ၿပီး အဲ ဒီအေပၚမွာ ၃ မိနစ္ေလာက္ ေနႏိုင္ပါတယ္။

သူ႔ရဲ႕ ကိုယ္လုံးကိုယ္ထည္က လည္း မဝပါဘူး။ ကိုယ့္ကိုယ္ကိုယ္လည္း ေလးစားမႈရွိပါဦး အဘိုးႀကီးရဲ႕။ ရွင္က ၇၅ ႏွစ္ေနာ္’’ ဆိုၿပီး ေအဗီ႐ိုက အင္စတာဂရမ္ကေနတစ္ဆင့္ တုံျပန္ခဲ့ပါတယ္။

မန္ယူက ဘ႐ိုက္တန္ကို ၂-၁ ဂိုးနဲ႔ ရႈးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေရာ္ နယ္ဒိုဟာ အရန္ကစားသမားအျဖစ္သာ ပါဝင္ခြင့္ရခဲ့ေပမယ့္ အခုတစ္ပတ္ ယွဥ္ၿပိဳင္ကစားမယ့္ ဘရန္ဖိုဒ္နဲ႔ ပြဲစဥ္မွာေတာ့ ပထမဦးစားေပး ပြဲထြက္ကစား သမားအျဖစ္

ပါဝင္လာႏိုင္ဖြယ္ ရွိေနပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ ဖိုက ၃ ပတ္နီးပါး လိုေနေသးေပမယ့္ ေရာ္နယ္ဒိုတစ္ေယာက္ အိုးလ္ထရက္ ဖိုဒ္မွာပဲ ဆက္ရွိေနမယ့္ ပုံစံမ်ိဳး ရွိေနပါၿပီ။