ဒိန်းမတ်နဲ့ပွဲအပြီးမှာ အမ်ဘာပီနဲ့ ဒေါ်နယ်ထရန့်ရဲ့သမီး အီဗန်ကာတို့အတူရှိနေခဲ့တယ်

ပြင်သစ်ကြယ်ပွင့်အမ်ဘာပီဟာ ဒိန်းမတ်နဲ့ရင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အပြီးမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သမီး အီဗန်ကာတို့မိသားစုနဲ့တွေ့ဆုံသွားခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဒိန်းမတ်ဘက်ကို တစ်ဦးတည်းနှစ်ဂိုးသွင်းခဲ့ပြီး လက်ရှိချန်ပီယံတွေကို ၁၆ သင်းအဆင့်ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်တယ်။ ပွဲအပြီးမှာတော့

အမ်ဘာပီဟာ အီဗန်ကာအပါအဝင် သူမရဲ့ခင်ပွန်း ကက်ရှ်နာနဲ့ သူမတို့ကလေး ၃ ယောက်ကိုတွေ့ဆုံခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်တယ်။ အမ်ဘာပီဟာ

ပြင်သစ်ကစားသမားတွေထဲမှာတော့ စတားပလေယာတစ်ယောက်အဖြစ်ရပ်တည်နေခဲ့ပြီး နာမည်ကျော်တွေအားလုံးဟာ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကို

အသိအမှတ်ပြုလာကြတာဖြစ်တယ်။ ဒေါ်နယ်ထရန့်ရဲ့သမီး အီဗန်ကာနဲ့ မိသားစုဝင်တွေဟာ အကျော်ကြားဆုံးပြိုင်ပွဲကိုအားပေးဖို့ ကာတာရောက်နေတယ်ဆိုတာကို တွစ်တာကနေအသိပေးထားခဲ့ပြီး

သူတို့သဘောကျတဲ့ အမ်ဘာပီနဲ့ တွေ့ဆုံသွားခဲ့တာဖြစ်တယ်။ အမေရိကန်သမ္မတဟောင်းကိုယ်တိုင်ကလည်း ဒီပုံရိပ်ကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ ဖော်ပြပြီး အမ်ဘာပီကိုဂုဏ်ပြုပေးခဲ့ပါတယ်။

ဒက်ချမ့်စ်ရဲ့ ပြင်သစ်အသင်းဟာ တူနီးရှားနဲ့ အုပ်စုအပိတ်ပွဲကစားဖို့ကျန်ရှိနေသေးပေမဲ့ ပြိုင်ဘက်က အစောပိုင်းအုပ်စု ၂ပွဲစလုံးရှုံးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုနှုတ်ဆက်ရဖို့သေချာနေပြီဖြစ်တာကြောင့်

အုပ်စုဗိုလ်နဲ့အဆုံးသတ်ဖို့သေချာသလောက်နီးပါးရှိနေတာဖြစ်တယ်။

(Zawgyi)

ဒိန္းမတ္နဲ႔ပြဲအၿပီးမွာ အမ္ဘာပီနဲ႔ ေဒၚနယ္ထရန႔္ရဲ႕သမီးအီဗန္ကာတို႔အတူရွိေနခဲ့တယ္

ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီဟာ ဒိန္းမတ္နဲ႔ရင္ဆိုင္ခဲ့တဲ့ ကမာၻ႔ဖလားပြဲစဥ္အၿပီးမွာ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရန႔္သမီး အီဗန္ကာတို႔မိသားစုနဲ႔ေတြ႕ဆုံသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ဒိန္းမတ္ဘက္ကို

တစ္ဦးတည္းႏွစ္ဂိုးသြင္းခဲ့ၿပီး လက္ရွိခ်န္ပီယံေတြကို ၁၆ သင္းအဆင့္ေရာက္ေအာင္ပို႔ေဆာင္ေပးႏိုင္ခဲ့သူျဖစ္တယ္။ ပြဲအၿပီးမွာေတာ့ အမ္ဘာပီဟာ အီဗန္ကာအပါအဝင္ သူမရဲ႕ခင္ပြန္း ကက္ရွ္နာနဲ႔

သူမတို႔ကေလး ၃ ေယာက္ကိုေတြ႕ဆုံခဲ့ၿပီး မွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ခဲ့ၾကတာျဖစ္တယ္။ အမ္ဘာပီဟာ ျပင္သစ္ကစားသမားေတြထဲမွာေတာ့ စတားပေလယာတစ္ေယာက္အျဖစ္ရပ္တည္ေနခဲ့ၿပီး

နာမည္ေက်ာ္ေတြအားလုံးဟာ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ကြင္းတြင္းစြမ္းေဆာင္ရည္ကိုအသိအမွတ္ျပဳလာၾကတာျဖစ္တယ္။ ေဒၚနယ္ထရန႔္ရဲ႕သမီး အီဗန္ကာနဲ႔ မိသားစုဝင္ေတြဟာ

အေက်ာ္ၾကားဆုံးၿပိဳင္ပြဲကိုအားေပးဖို႔ ကာတာေရာက္ေနတယ္ဆိုတာကို တြစ္တာကေနအသိေပးထားခဲ့ၿပီး သူတို႔သေဘာက်တဲ့ အမ္ဘာပီနဲ႔ ေတြ႕ဆုံသြားခဲ့တာျဖစ္တယ္။

အေမရိကန္သမၼတေဟာင္းကိုယ္တိုင္ကလည္း ဒီပုံရိပ္ကို သူ႔ရဲ႕အင္စတာဂရမ္စာမ်က္ႏွာမွာ ေဖာ္ျပၿပီး အမ္ဘာပီကိုဂုဏ္ျပဳေပးခဲ့ပါတယ္။ ဒက္ခ်မ့္စ္ရဲ႕ ျပင္သစ္အသင္းဟာ တူနီးရွားနဲ႔

အုပ္စုအပိတ္ပြဲကစားဖို႔က်န္ရွိေနေသးေပမဲ့ ၿပိဳင္ဘက္က အေစာပိုင္းအုပ္စု ၂ပြဲစလုံးရႈံးထားၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကိုႏႈတ္ဆက္ရဖို႔ေသခ်ာေနၿပီျဖစ္တာေၾကာင့္

အုပ္စုဗိုလ္နဲ႔အဆုံးသတ္ဖို႔ေသခ်ာသေလာက္နီးပါးရွိေနတာျဖစ္တယ္။