ဒါဝင်းနူးနက်ဇ်ခြေစွမ်းပိုင်း ပရောပရီဖြစ်နေပုံကို စိတ်ဝင်စားစရာပုံစံနဲ့ ခွဲခြမ်း စိတ်ဖြာပြခဲ့တဲ့ အွန်နရီ

ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးကျယ်ဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အွန်နရီဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင်းနူးနက်ဇ်ရဲ့ အင်္ဂလန်ထိပ်တန်းကစားသမားဘ၀အစကို

စိတ်လှုပ်ရှားဖွယ်ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါည ချန်ပီယံလိဂ်အစီအစဉ်မှာ ရုပ်သံဘောလုံးဝေဖန်သူတွေအဖြစ် ပါဝင်ခဲ့တဲ့ မီကာရစ်ချတ်နဲ့ ဂျင်မီကာရေဂါတို့က

နူနက်ဇ်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ ဆွေးနွေးဖို့အတွက် အွန်နရီကိုစကားကမ်းလှမ်းခဲ့ကြပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ဒီရာသီလီဗာပူးအတွက် ၇ဂိုးသွင်းထားပေမဲ့

ခြေစွမ်းပိုင်းကပရောပရီပုံစံမျိုးဖြစ်နေခဲ့တာပါ။ အွန်နရီက “သူယုံကြည်မှုရှိဖို့လိုအပ် သလို ကျွန်တော့်ဘက်ကဒီယုံကြည်မှုအကြောင်းပဲပြောမှာပါ။ ခင်ဗျားအနေနဲ့

ကလပ်အသင်းမှာအပါတ်တိုင်းကစားခွင့်ရမယ်လို့ခံစားလာရရင်…ဂိုးရှေ့မှာပိုပြီးခေါင်း အေးအေးထားလာနိုင်ပါလိမ့်မယ်။ ကျွန်တော်ဒါကိုဖြတ်ပြောချင်တယ်။

ထိပ်တန်းခေါ်ယူမှုအဖြစ်ရောက်လာတယ်ဆိုရင် တစ်ခါတလေမှာ လွန်လွန်ကဲကဲလုပ် ရတာတွေရှိတယ်။ မာနေး နေရာကိုဝင်လာပြီး ဒီလိုလုပ်ပြဖို့မလွယ်တာကြောင့်

အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားရမှာတွေအတွက် ပိုပြီးလုပ်နေရတယ်။ နူးနက်ဇ်ဟာ တစ်ဂိုးရပြီဆိုတာနဲ့ သူ့ဆီကိုအရာအားလုံးရောက်လာမယ့် လူစားမျိုးပါ။

သူက ရော်ဘီဖောင်လာလို ချောမွေ့တဲ့အဆုံးသတ်သမားပုံစံ မဟုတ်ပါ ဘူး။ လူအတော်များများက ဖောင်လာလိုပုံစံမလုပ်နိုင်ကြပေမဲ့ သူ့လိုသွင်းဂိုးတွေရ

အောင်ယူနိုင်စွမ်းတော့ရှိပါတယ်။ သူကလက်တစ်ဆုပ်စာ နည်းနည်းပိုပါတယ်။ တစ်ခါတရံမှာ ဆန်းချက်ဇ်နဲ့ ဆွာရက်ဇ်တို့ငယ်ရွယ်စဉ်ကလိုခပ်သွက်သွက်အရာတွေ

သူ့ဆီကထွက်လာတတ်ပြီး အလျင်စလိုတွေဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ကောင်းကောင်းတတ်မြောက်လာတဲ့အချိန်မှာ ပိုကောင်းအောင်ထိန်းချုပ်လာနိုင်ပါ လိမ့်မယ်။

ဒီလိုဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်အထင်သူလုပ်နိုင် မှာပါ” လို့ သုံးသပ်ခဲ့တဲ့အပေါ် ကာရေဂါကစိတ်ဝင်တစားနားထောင်ခဲ့ပါတယ်။

ဒါဝင်းနူးနက်ဇ်ဟာ ချန်ပီယံလိဂ်နောက်ဆုံး ၃ပွဲမှာ ကြိုးကြာနီတွေအတွက် ၃ဂိုး သွင်းပေးထားနိုင်ပေမဲ့ အပိုင်အခွင့်အရေးလွဲချော်မှုတွေနဲ့ မကြာခဏရင်ဆိုင်ရဆဲဖြစ် ပါတယ်။

(Zawgyi)

ဒါဝင္းႏူးနက္ဇ္ေျခစြမ္းပိုင္း ပေရာပရီျဖစ္ေနပုံကို စိတ္ဝင္စားစရာပုံစံနဲ႔ ခြဲျခမ္း စိတ္ျဖာျပခဲ့တဲ့ အြန္နရီ

ပရီးမီးယားလိဂ္သမိုင္းမွာ အႀကီးက်ယ္ဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အြန္နရီဟာ လီဗာပူးတိုက္စစ္မႉးဒါဝင္းႏူးနက္ဇ္ရဲ႕ အဂၤလန္ထိပ္တန္းကစားသမားဘ၀အစကို

စိတ္လႈပ္ရွားဖြယ္ခြဲျခမ္းစိတ္ျဖာခဲ့ပါတယ္။ ၿပီးခဲ့တဲ့အဂၤါည ခ်န္ပီယံလိဂ္အစီအစဥ္မွာ ႐ုပ္သံေဘာလုံးေဝဖန္သူေတြအျဖစ္ပါဝင္ခဲ့တဲ့ မီကာရစ္ခ်တ္နဲ႔

ဂ်င္မီကာေရဂါတို႔က ႏူနက္ဇ္နဲ႔ပတ္သတ္တဲ့အေၾကာင္းအရာေတြေဆြးေႏြးဖို႔အတြက္ အြန္နရီကိုစကားကမ္းလွမ္းခဲ့ၾကပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ ဒီရာသီလီဗာပူးအတြက္ ၇ဂိုးသြင္းထားေပမဲ့ ေျခစြမ္းပိုင္းကပေရာပရီပုံစံမ်ိဳးျဖစ္ေနခဲ့တာပါ။

အြန္နရီက “သူယုံၾကည္မႈရွိဖို႔လိုအပ္ သလို ကြၽန္ေတာ့္ဘက္ကဒီယုံၾကည္မႈအေၾကာင္းပဲေျပာမွာပါ။ ခင္ဗ်ားအေနနဲ႔

ကလပ္အသင္းမွာအပါတ္တိုင္းကစားခြင့္ရမယ္လို႔ခံစားလာရရင္…ဂိုးေရွ႕မွာပိုၿပီးေခါင္း ေအးေအးထားလာႏိုင္ပါလိမ့္မယ္။

ကြၽန္ေတာ္ဒါကိုျဖတ္ေျပာခ်င္တယ္။ ထိပ္တန္းေခၚယူမႈအျဖစ္ေရာက္လာတယ္ဆိုရင္ တစ္ခါတေလမွာလြန္လြန္ကဲကဲလုပ္ ရတာေတြရွိတယ္။

မာေနး ေနရာကိုဝင္လာၿပီး ဒီလိုလုပ္ျပဖို႔မလြယ္တာေၾကာင့္ ေအးေအးေဆးေဆးနဲ႔ၿပီးဆုံးသြားရမွာေတြအတြက္ ပိုၿပီးလုပ္ေနရတယ္။

ႏူးနက္ဇ္ဟာ တစ္ဂိုးရၿပီဆိုတာနဲ႔ သူ႔ဆီကိုအရာအားလုံးေရာက္လာမယ့္ လူစားမ်ိဳးပါ။ သူက ေရာ္ဘီေဖာင္လာလို ေခ်ာေမြ႕တဲ့အဆုံးသတ္သမားပုံစံမဟုတ္ပါ ဘူး။

လူအေတာ္မ်ားမ်ားက ေဖာင္လာလိုပုံစံမလုပ္ႏိုင္ၾကေပမဲ့ သူ႔လိုသြင္းဂိုးေတြရ ေအာင္ယူႏိုင္စြမ္းေတာ့ရွိပါတယ္။ သူကလက္တစ္ဆုပ္စာနည္းနည္းပိုပါတယ္။

တစ္ခါတရံမွာ ဆန္းခ်က္ဇ္နဲ႔ ဆြာရက္ဇ္တို႔ငယ္႐ြယ္စဥ္ကလိုခပ္သြက္သြက္အရာေတြ သူ႔ဆီကထြက္လာတတ္ၿပီး အလ်င္စလိုေတြျဖစ္ကုန္ပါတယ္။

ဒါေပမဲ့ ေကာင္းေကာင္းတတ္ေျမာက္လာတဲ့အခ်ိန္မွာ ပိုေကာင္းေအာင္ထိန္းခ်ဳပ္လာႏိုင္ပါ လိမ့္မယ္။ ဒီလိုျဖစ္လာမယ္လို႔လည္း ယုံၾကည္ပါတယ္။

ကြၽန္ေတာ့္အထင္သူလုပ္ႏိုင္ မွာပါ” လို႔ သုံးသပ္ခဲ့တဲ့အေပၚ ကာေရဂါကစိတ္ဝင္တစားနားေထာင္ခဲ့ပါတယ္။ ဒါဝင္းႏူးနက္ဇ္ဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံး ၃ပြဲမွာ

ႀကိဳးၾကာနီေတြအတြက္ ၃ဂိုး သြင္းေပးထားႏိုင္ေပမဲ့ အပိုင္အခြင့္အေရးလြဲေခ်ာ္မႈေတြနဲ႔ မၾကာခဏရင္ဆိုင္ရဆဲျဖစ္ ပါတယ္။