ဒါလော့ကိုသာချီးကျူးခဲ့ပြီး တန်ဟတ်မျက်ကွယ်ပြုခြင်းခံရတဲ့ ဘစ်ဆာကာရဲ့ သရဲနီအနာဂါတ်ပြီးဆုံးသွားနိုင်

ဝက်စ်ဟမ်းနဲ့ပွဲစဉ်အပြီးမှာတော့ အမေ့ခံဖြစ်နေတဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာရဲ့ ယူနိုက်တက်ကစားသမားဘ၀ကုန်ဆုံးသွားနိုင်ကြောင်း တန်ဟတ်ကအရိပ်အမြွက် ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကိုအနိုင်ယူခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ် မှာ ၈ပွဲဆက်မရှုံးတဲ့မှတ်တမ်းစိုက်ထူးပြီး ချဲလ်ဆီးကိုကျော်ဖြတ်ကာ အမှတ်ပေးဇ ယားအဆင့် ၅နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ရဲ့အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘော နှစ်ကြိမ်ကိုခေါင်းတိုက်ရှင်းထုတ်ပြီး ကာကွယ်နိုင်ခဲ့သလို တိုးတက်မှုရှိလာခဲ့တဲ့ ဒါလော့နဲ့ပတ်သတ်ပြီး နည်းပြတန်ဟတ်

ကိုမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ်ဒါလော့ဟာ ဒီရာသီမှာ မန်ယူအတွက်ပြိုင်ပွဲစုံ ၁၇ပွဲအထိပွဲထွက် ပါဝင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ်လုပ်ထားနိုင်သူဖြစ်တယ်။

ပွဲအပြီး Sky Sports ရုပ်သံနဲ့တွေ့ဆုံမှုမှာ နည်းပြတန်ဟတ်က “ဒါလော့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒီနေရာမှာ သူတကယ်ကောင်းပါတယ်။

အတက်အဆင်းနဲ့ ဝင်သက်ထွက်သက်တွေ တကယ်ကိုကောင်းတာပါ” လို့ ချီးကျူးခဲ့ပါတယ်။ တန်ဟတ်ဟာ ဒါလော့နေရာကို ကာမိစေဖို့အတွက် ကစားသမားသစ်တစ်ဦးခေါ်ယူမယ့်

လမ်းကြောင်းမျိုးပေးခဲ့ပြီး ဘစ်ဆာကာကိစ္စနဲ့ ပတ်သတ်လို့ ဘာမှမပြောခဲ့တဲ့အတွက် ပဲလေ့စ်ကစားသမားဟောင်းရဲ့ မန်ယူအနာဂတ်က ကုန်ဆုံးဖို့နီးစပ်ခဲ့တာဖြစ်တယ်။

နည်းပြတိုင်းဟာ ဒီကာလမှာ သူတို့အသင်းကစားသမားတွေ ကမ္ဘာ့ဖလားလိုက်ပါနိုင်ဖို့အတွက် အလှည့်ကျသုံးစွဲ ပြီးကြိုးစားခွင့်ပေးနေကြပေမဲ့ တန်ဟတ်ကတော့ ဘစ်ဆာကာကို ချောင်ထိုးထားခဲ့တာဖြစ်တယ်။

(Zawgyi)

ဒါေလာ့ကိုသာခ်ီးက်ဴးခဲ့ၿပီး တန္ဟတ္မ်က္ကြယ္ျပဳျခင္းခံရတဲ့ ဘစ္ဆာကာရဲ႕ သရဲနီအနာဂါတ္ၿပီးဆုံးသြားႏိုင္

ဝက္စ္ဟမ္းနဲ႔ပြဲစဥ္အၿပီးမွာေတာ့အေမ့ခံျဖစ္ေနတဲ့ ညာေနာက္ခံလူဝမ္ဘစ္ဆာကာရဲ႕ ယူႏိုက္တက္ကစားသမားဘ၀ကုန္ဆုံးသြားႏိုင္ေၾကာင္း တန္ဟတ္ကအရိပ္အႁမြက္ ဆိုခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဝက္စ္ဟမ္းကိုအႏိုင္ယူခဲ့ၿပီးေနာက္ အိုးလ္ထရက္ဖို႔ဒ္ မွာ ၈ပြဲဆက္မရႈံးတဲ့မွတ္တမ္းစိုက္ထူးၿပီး ခ်ဲလ္ဆီးကိုေက်ာ္ျဖတ္ကာ အမွတ္ေပးဇ ယားအဆင့္ ၅ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ရဲ႕အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေဘာ ႏွစ္ႀကိမ္ကိုေခါင္းတိုက္ရွင္းထုတ္ၿပီး ကာကြယ္ႏိုင္ခဲ့သလို တိုးတက္မႈရွိလာခဲ့တဲ့ ဒါေလာ့နဲ႔ပတ္သတ္ၿပီး နည္းျပတန္ဟတ္ ကိုေမးျမန္းမႈေတြလုပ္ခဲ့ပါတယ္။ အသက္ ၂၃ႏွစ္အ႐ြယ္ဒါေလာ့ဟာ ဒီရာသီမွာ မန္ယူအတြက္ၿပိဳင္ပြဲစုံ ၁၇ပြဲအထိပြဲထြက္ပါဝင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၂ႀကိမ္လုပ္ထားႏိုင္သူျဖစ္တယ္။ ပြဲအၿပီး Sky Sports ႐ုပ္သံနဲ႔ေတြ႕ဆုံမႈမွာ နည္းျပတန္ဟတ္က “ဒါေလာ့ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ တကယ္ကိုေပ်ာ္႐ႊင္မိပါတယ္။ ဒီေနရာမွာ သူတကယ္ေကာင္းပါတယ္။ အတက္အဆင္းနဲ႔ ဝင္သက္ထြက္သက္ေတြ တကယ္ကိုေကာင္းတာပါ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ တန္ဟတ္ဟာ ဒါေလာ့ေနရာကိုကာမိေစဖို႔အတြက္ ကစားသမားသစ္တစ္ဦးေခၚယူမယ့္ လမ္းေၾကာင္းမ်ိဳးေပးခဲ့ၿပီး ဘစ္ဆာကာကိစၥနဲ႔ ပတ္သတ္လို႔ ဘာမွမေျပာခဲ့တဲ့အတြက္ ပဲေလ့စ္ကစားသမားေဟာင္းရဲ႕ မန္ယူအနာဂါတ္ကကုန္ဆုံးဖို႔နီးစပ္ခဲ့တာျဖစ္တယ္။ နည္းျပတိုင္းဟာ ဒီကာလမွာ သူတို႔အသင္းကစားသမားေတြ ကမာၻ႔ဖလားလိုက္ပါႏိုင္ဖို႔အတြက္ အလွည့္က်သုံးစြဲ ၿပီးႀကိဳးစားခြင့္ေပးေနၾကေပမဲ့ တန္ဟတ္ကေတာ့ ဘစ္ဆာကာကိုေခ်ာင္ထိုးထားခဲ့ တာျဖစ္တယ္။