ဒါဘီအသင်း တန်းဆင်းရဖို့သေချာနေပေမယ့် နည်းပြအဖြစ် ဆက်ရှိနေမယ့် ဝိန်းရွန်နီ

ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက်

စုစုပေါင်း ၂၁ မှတ်အထိ အမှတ်လျော့ခံလိုက်ရပြီး ချန်ပီယံရှစ်ကနေ

လိဂ်-၁ ကို တန်းဆင်းရဖို့ သေချာသလောက်ရှိသွားခဲ့ပေမယ့်

ဝိန်းရွန်းနီကတော့ ဒါဘီမှာပဲ နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့

သတင်းတွေက ဖော်ပြပါတယ်။

ကစားသမားတွေကို လစာပေးချေမှုတွေအပါအဝင်

အခွန်၊ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေကြောင့် ဒါဘီဟာ

စက်တင်ဘာလအတွင်းက ၁၂ မှတ်လျော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို

အခုလည်း နောက်ထပ် ၉ မှတ်လျော့ခံခဲ့ရပြီး စုစုပေါင်း ၂၁ မှတ်

လျော့ခံလိုက်ရတာပါ။ ချန်ပီယံရှစ်ပွဲစဥ္ ၁၇ ပွဲကစားပြီးချိန်မှာ ရွန်းနီရဲ့

ဒါဘီဟာ ၃ပွဲနိုင်၊ ၉ပွဲသရေ၊ ၅ပွဲရှုံးရလဒ်နဲ့ ရမှတ် ၁၈ မှတ်ရရှိခဲ့ပေမယ့်

အခု စုစုပေါင်း ၂၁ မှတ် အထိ အလျော့ခံလိုက်ရလို့ ရမှတ် -၃ မှတ်သာ

ရှိတော့တာဖြစ်ပါတယ်။ ၂၄ သင်းပါဝင်ယှဥ္ပြိုင်နေတဲ့ချန်ပီယံရှစ်မှာ

ဇယားအောက်ဆုံးကိုရောက်နေသလို လိဂ်-၁ကို တန်းမဆင်းရမယ့်

အဆင့် ၂၁ နေရာက ၁၅မှတ်ရထားတဲ့ ပီတာဘရော့နဲ့လည်း

၁၈ မှတ်ကွာဟနေပြီဖြစ်လို့ ရာသီအပြီးမှာ ဒါဘီတန်းဆင်းရဖို့ များနေပါပြီ။

ဒါဘီကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့လုပ်ငန်းရှင်တွေရှိနေပေမယ့်

အခွန်ပေါင် ၂၅ သန်းပေးရမယ့်ကိစ္စတွေ၊ မစ်ဒယ်ဘရော့၊ဝိုင်ကွမ်ဘီတို့လို

အသင်းတွေက နစ်နာကြေးတောင်းမယ့်ကိစ္စတွေ စီစဥ္နေကြတာကြောင့်လည်း

ဒါဘီကို ရင်းနှီးမြှပ်နှံသူအသစ်ထံ ရောင်းချနိုင်ဖို့အရေးက အခက်အခဲဖြစ်နေပါတယ်။

zawgyi










လျော့ခံလိုက်ရတာပါ။ ချန်ပီယံရှစ်ပွဲစဉ် ၁၇ ပွဲကစားပြီးချိန်မှာ ရွန်းနီရဲ့



ရှိတော့တာဖြစ်ပါတယ်။ ၂၄ သင်းပါဝင်ယှဉ္ပြိုင်နေတဲ့ချန်ပီယံရှစ်မှာ






အသင်းတွေက နစ်နာကြေးတောင်းမယ့်ကိစ္စတွေ စီစဉ္နေကြတာကြောင့်လည်း
