ဒါဘီအသင်းဘယ်နောက်ခံလူ ဒိုင်လန်ဝီလျံကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ချဲလ်ဆီး အတည်ပြု

ချဲလ်ဆီးအသင်းဟာ ဒါဘီအသင်းဘယ်နောက်ခံလူ ဒိုင်လန်ဝီလျံကို

အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက် ပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဝီလျံအတွက် ပြောင်းရွှေ့ကြေး

ဘယ်လောက်ပေးခဲ့ရသလဲဆိုတာကိုတော့ ချဲလ်ဆီး ဘက်ကထုတ်ပြန်ခြင်းမရှိပါဘူး။

ဝီလျံဟာ ဒါဘီနည်းပြဖြစ်တဲ့ ဝိန်းရူနီကိုယ်တိုင် စင်ပေါ်တင်ပေးခဲ့သူဖြစ်ပြီး

၂၀၂၁ က ချော် လေ နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ

ဒါဘီအတွက်ပထမဆုံးပွဲထွက်ခွင့်ရခဲ့တာပါ။

အဲဒီအချိန်ကစလို့သူဟာ ရူနီရဲ့အကြိုက် ဖြစ်ခဲ့ပြီး

ဒီရာသီမှာစီနီယာအသင်းအတွက် ၉ ပွဲကစားကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သူဟာလက်ရှိဇန်နဝါရီဈေးကွက်ထဲမှာ ချဲလ်ဆီးအသင်းခေါ်ယူတဲ့

ပထမဆုံးကစားသမားဖြစ်ခဲ့ပြီး ဒဏ်ရာကြောင့် ရေရှည်အနားယူနေရတဲ့

ဘင်ချီဝဲလ်နေရာမှာအစား ထိုးနိုင်ဖို့လည်း ချဲလ်ဆီးဘက်ကမျှော်လင့်နေပါတယ်။

ချဲလ်ဆီးနဲ့လက်မှတ်ရေးထိုးပြီးနောက်မှာ ဝီလျံက

” ကမ္ဘာပေါ်ကအကောင်းဆုံးကလပ်တွေထဲကတစ်ခုနဲ့

လက်မှတ်ရေးထိုး နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။

ဒါဘီကနည်းပြတွေနဲ့ ကစားသမားတွေကိုလည်းကျေးဇူးတင်ပါတယ်။

ချဲလ်ဆီးအတွက်ပွဲထွက်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ပြောသွားပါတယ်။

ဒါဘီဟာတန်းမဆင်းရဖို့အတွက် အပြင်းအထန်ရုန်းကန်နေရလို့

ဝီလျံလိုကစား သမားမျိုးကို လက်မလွှတ်ချင်ပေမယ့်

ဒီလူငယ်ရဲ့တိုးတက်မှုကို မတားဆီးခြင်လို့

သူကိုယ်တိုင်ဘဲထွက်ခွင့်ပြုလိုက်တာလို့ ရူနီကပြောခဲ့ပါတယ်။

သူက” ကျွန်တော်တို့ဟာ ဒိုင်လန်ဝီလျံအတွက်သဘောတူညီချက်ရရှိသွားပါပြီ။

သူ့ရဲ့တိုးတက်ဖို့အခွင့် အရေးကိုကျွန်တော်မတားချင်တဲ့အတွက်

ထွက်ဖို့ခွင့်ပြုလိုက်တာပါ။

ဒါဟာကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး

ကလပ်အုပ်ချုပ် သူတွေရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။

သူ့လိုကစားသမားအတွက် ပရီးမီးယားလိဂ်မှာကစားရဖို့ဆိုတာ

မဟာအခွင့်အရေးဖြစ် လို့ ကျွန်တော်နားလည်ပေးလိုက်တာပါ။

သူ့တန်ကြေးကိုတော့ အုပ်ချုပ်သူတွေဘက်က သာသဘောတူခဲ့လို့

ဘယ်လောက်လဲ ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး” လို့ပြောသွားပါတယ်။

ဒါဘီဟာဘဏ္ဍာရေးပြဿနာတွေကြောင့် ၂၁ မှတ်လျှော့ခံခဲ့ရ တဲ့အပြင်

အုပ်ချုပ်မှုပိုင်းဆိုင်ရာအပြောင်းအလဲခံယူထားရတာပါ။

ဒါကြောင့်လက်ရှိမှာ ဒါဘီကို Quantuma အဖွဲ့က လောလောဆယ်စီမံခန့်ခွဲနေတာပါ။

zawgyi

ဒါဘီအသင္းဘယ္ေနာက္ခံလူ ဒိုင္လန္ဝီလ်ံကို အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း ခ်ဲလ္ဆီး အတည္ျပဳ

ခ်ဲလ္ဆီးအသင္းဟာ ဒါဘီအသင္းဘယ္ေနာက္ခံလူ ဒိုင္လန္ဝီလ်ံကို

အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳလိုက္ ပါတယ္။

အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဝီလ်ံအတြက္ ေျပာင္းေ႐ႊ႕ေၾကး

ဘယ္ေလာက္ေပးခဲ့ရသလဲဆိုတာကိုေတာ့ ခ်ဲလ္ဆီး ဘက္ကထုတ္ျပန္ျခင္းမရွိပါဘူး။

ဝီလ်ံဟာ ဒါဘီနည္းျပျဖစ္တဲ့ ဝိန္း႐ူနီကိုယ္တိုင္ စင္ေပၚတင္ေပးခဲ့သူျဖစ္ၿပီး

၂၀၂၁ က ေခ်ာ္ ေလ နဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ

ဒါဘီအတြက္ပထမဆုံးပြဲထြက္ခြင့္ရခဲ့တာပါ။

အဲဒီအခ်ိန္ကစလို႔သူဟာ ႐ူနီရဲ႕အႀကိဳက္ ျဖစ္ခဲ့ၿပီး

ဒီရာသီမွာစီနီယာအသင္းအတြက္ ၉ ပြဲကစားကာေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

သူဟာလက္ရွိဇန္နဝါရီေဈးကြက္ထဲမွာ ခ်ဲလ္ဆီးအသင္းေခၚယူတဲ့

ပထမဆုံးကစားသမားျဖစ္ခဲ့ၿပီး ဒဏ္ရာေၾကာင့္ ေရရွည္အနားယူေနရတဲ့

ဘင္ခ်ီဝဲလ္ေနရာမွာအစား ထိုးႏိုင္ဖို႔လည္း ခ်ဲလ္ဆီးဘက္ကေမွ်ာ္လင့္ေနပါတယ္။

ခ်ဲလ္ဆီးနဲ႔လက္မွတ္ေရးထိုးၿပီးေနာက္မွာ ဝီလ်ံက

” ကမာၻေပၚကအေကာင္းဆုံးကလပ္ေတြထဲကတစ္ခုနဲ႔

လက္မွတ္ေရးထိုး ႏိုင္ခဲ့လို႔ ဝမ္းသာမိပါတယ္။

ဒါဘီကနည္းျပေတြနဲ႔ ကစားသမားေတြကိုလည္းေက်းဇူးတင္ပါတယ္။

ခ်ဲလ္ဆီးအတြက္ပြဲထြက္ဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး” လို႔ေျပာသြားပါတယ္။

ဒါဘီဟာတန္းမဆင္းရဖို႔အတြက္ အျပင္းအထန္႐ုန္းကန္ေနရလို႔

ဝီလ်ံလိုကစား သမားမ်ိဳးကို လက္မလႊတ္ခ်င္ေပမယ့္

ဒီလူငယ္ရဲ႕တိုးတက္မႈကို မတားဆီးျခင္လို႔

သူကိုယ္တိုင္ဘဲထြက္ခြင့္ျပဳလိုက္တာလို႔ ႐ူနီကေျပာခဲ့ပါတယ္။

သူက” ကြၽန္ေတာ္တို႔ဟာ ဒိုင္လန္ဝီလ်ံအတြက္သေဘာတူညီခ်က္ရရွိသြားပါၿပီ။

သူ႔ရဲ႕တိုးတက္ဖို႔အခြင့္ အေရးကိုကြၽန္ေတာ္မတားခ်င္တဲ့အတြက္

ထြက္ဖို႔ခြင့္ျပဳလိုက္တာပါ။

ဒါဟာကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္ျဖစ္ၿပီး

ကလပ္အုပ္ခ်ဳပ္ သူေတြရဲ႕ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး။

သူ႔လိုကစားသမားအတြက္ ပရီးမီးယားလိဂ္မွာကစားရဖို႔ဆိုတာ

မဟာအခြင့္အေရးျဖစ္ လို႔ ကြၽန္ေတာ္နားလည္ေပးလိုက္တာပါ။

သူ႔တန္ေၾကးကိုေတာ့ အုပ္ခ်ဳပ္သူေတြဘက္က သာသေဘာတူခဲ့လို႔

ဘယ္ေလာက္လဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္မသိပါဘူး” လို႔ေျပာသြားပါတယ္။

ဒါဘီဟာဘ႑ာေရးျပႆနာေတြေၾကာင့္ ၂၁ မွတ္ေလွ်ာ့ခံခဲ့ရ တဲ့အျပင္

အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာအေျပာင္းအလဲခံယူထားရတာပါ။

ဒါေၾကာင့္လက္ရွိမွာ ဒါဘီကို Quantuma အဖြဲ႕က ေလာေလာဆယ္စီမံခန႔္ခြဲေနတာပါ။