ဒါဘီပွဲမှာ ယူနိုက်တက်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ကလော့ပ်နဲ့လီဗာပူးအသင်းသားတွေ ပေါက်ကွဲနေလိမ့်မယ်လို့ ရက်ဒ်နက်ခန့်မှန်း

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်နဲ့

အသင်းသားတွေဟာ မန်ချက်စတာဒါဘီပွဲမှာ
ယူနိုက်တက်အသင်းရဲ့ခြေစွမ်းနဲ့ ခံယူချကတွေအပေါ်
ပေါက်ကွဲနေလိမ့်မယ်လို့ လီဗာပူးကွင်းလယ်လူဟောင်း
ဂျေမီရက်ဒ်နက်က အခိုင်အမာပြောပါတယ်။
စီးတီးဟာ ဒီဘရိုင်းနဲ့ မာရက်ဇ်တို့ ၂ဂိုးစီ

သွင်းယူမှုနဲ့အတူ ယူနိုက်တက်ကို ၄-၁ ဂိုးနဲ့
အနိုင်ရခဲ့ပြီး ဒုတိယနေရာက လီဗာပူးကို
၁ပွဲပို ၆ မှတ်ပြန်ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီး ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက်
အင်္ဂလန်လက်ရွေးစင်ဟောင်း ရက်ဒ်နက်က
ဒါဘီပွဲမှာ ယူနိုက်တက်ရဲ့ခြေစွမ်းကြောင့်
လီဗာပူးအသင်းသားတွေ ဘာဖြစ်လို့
ဒေါသထွက် ပေါက်ကွဲနေနိုင်လဲဆိုတာ ရှင်းပြသွားပါတယ်။

”တကယ်လို့ ခင်ဗျားသာ ကလော့ပ်ဖြစ်ဖြစ်
လီဗာပူးအသင်းသားတစ်ဦးဦးပဲဖြစ်ဖြစ်
ဖြစ်မယ်ဆိုရင် ခင်ဗျား ပေါက်ကွဲနေပါလိမ့်မယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ခြေထောက်
တစ်ဘက်လေး လှုပ်ဖို့တောင် မကြိုးစားခဲ့ပါဘူး”လို့

ရက်ဒ်နက်က ပြောပါတယ်။


ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း
ယူနိုက်တက်အသင်းသားတွေအနေနဲ့

ရှက်စရာကောင်းတဲ့ခြေစွမ်းအပြင် ဒုတိယပိုင်းမှာ
အရှုံးပေးလိုက်တဲ့အပြုအမူတွေအပေါ်
ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။
မန်စီးတီးဟာ ယူနိုက်တက်ကို ဒုတိယပိုင်းမှာ
ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ

ဘောလုံးပိုင်ဆိုင်မှု ၉၂ ရာခိုင်နှုန်းရှိတဲ့အထိ
ပြိုင်ဘက်ကို အေးဆေးဖိအားပေးကစားနိုင်ခဲ့ပါတယ်။
”၃-၁ ဂိုးနဲ့ အရေးနိမ့်နေချိန် ယူနိုက်တက်ရဲ့ကစားပုံက
အတော်လေးရှက်စရာကောင်းတယ်ဗျာ။
အရင်တုန်းက ဘယ်ပွဲမှာမှ ဒီလိုကစားပုံ

မမြင်ဖူးဘူး။ ယူနိုက်တက်က အရှုံးပေးလိုက်တာလေ။
ပွဲရလဒ်က သိပ်ပြးပြဿနာမရှိဘူးလို့ထင်ပါတယ်။
အကြီးမားဆုံးပြဿနာကတော့ ၃-၁ ဂိုးနဲ့
အရေးနိမ့်နေချိန် အသင်းရဲ့ တုံ့ပြန်မှုပါပဲ”လို့ နဗီးလ်က ပြောပါတယ်။