ဒါဘီကောင်တီအသင်းကိုပေါင်သန်း ၅၀ နဲ့ဝယ်ယူဖို့  နီးစပ်နေတဲ့ မိုက်အက်ရှ်လေ

အဝတ်အစားတွေထုတ်လုပ်ရောင်းချနေတဲ့ Sports Direct အကြီးအကဲနဲ့

နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ မိုက်အက်ရှ်လေ ဟာ

ဒါဘီကောင်တီအသင်းကိုပေါင်သန်း ၅၀ နဲ့ဝယ်ယူဖို့

ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီသိုးထီးတွေဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် စက်တင်ဘာလကတည်းက

အုပ်ချုပ်မှုပိုင်းဆိုင်ရာအပြောင်းအလဲကို ခံယူခဲ့ရပြီးအသင်းလည်း

၂၁ မှတ်လျှော့ခံလိုက်ရလို့ နည်းပြ ဝိန်းရူနီ ကအတင်းဆွဲတင်ပေးနေရပါတယ်။

ဒါကြောင့်လည်း ဒါဘီအတွက်ပိုင်ရှင်သစ်တွေကိုလိုအပ်နေတာဖြစ်ပြီး

ဒါမှသာလျင်ကစားသမားကောင်းအချို့ခေါ်ယူအင်အားဖြည့်ကာ

ဒါဘီကိုတန်းမဆင်းရအောင်လုပ်နိုင်လိမ့်မယ်လို့ ဆိုနေကြတာပါ။

မိုက်အက်ရှ်လေ ဟာပြီးခဲ့တဲ့အောက်တိုဘာလကနယူးကာဆယ်အသင်းကို

ဆော်ဒီလူမျိုးပိုင်ရှင်တွေဆီပေါင် ၃၀၅ သန်းနဲ့ရောင်းချခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာသူဟာ ဒါဘီကိုတကယ်ဝယ်ယူဖို့လည်းကြိုးစားနေလို့

ပိုင်ဆိုင်ဖို့နီးစပ်နေပြီလို့လည်း The Mirrorသတင်းစာကြီးကဖော်ပြပါတယ်။

လက်ရှိမှာ ဒါဘီအသင်းကိုယာယီစီမံခန့်ခွဲနေတဲ့ Quantuma အဖွဲ့ဟာ

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာမိုက်အက်ရှ်လေနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး

တိုးတက်မှုတွေလည်းရှိနေလို့ မကြာခင်မှာ အက်ရှ်လေ က

ဒါဘီကိုပိုင်ဆိုင်သွားပြီဆိုတာကို အတည်ပြုနိုင်လိမ့်မယ်လို့လည်း

The Telegraph သတင်းစာကြီးကဖော်ပြခဲ့ပါတယ်။

အက်ရှ်လေဘက်က ကမ်းလှမ်းတဲ့တန်ကြေးဟာဒါဘီဥက္ကဌဟောင်း

အန်ဒရူးအက်ပဲလ်ဘိုင်၊ အမှုဆောင်အရာရှိဟောင်း ဆမ်ရက်ရှ်၊

ဝုဗ်အကြီးအကဲဟောင်းဂျက်ဇ်မိုဆေး တို့ပါဝင်တဲ့

General Sports Worldwide ရဲ့ကမ်းလှမ်းထားမှုထက်ပိုများလို့

ဖြစ်နိုင်ချေရှိနေတာပါ။ ဒါဘီကိုပြီးခဲ့တဲ့နိုဝင်ဘာလက

အမေရိကန်လုပ်ငန်းရှင် ခရစ္စခရစ်ရှ်နာ ကဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့်

နောက်ဆုတ်သွားခဲ့လို့ ပွက်လောရိုက်ခဲ့ပါသေးတယ်။

အက်ရှ်လေ ကသာဒါဘီကိုပိုင်ဆိုင်ခဲ့မယ်ဆိုရင်

သူဟာဘောလုံးလောကထဲကိုအမြန်ဆုံးပြန်လည်ဝင်ရောက်လာတဲ့

ပိုင်ရှင်ဖြစ်လာပါလိမ့်မယ်။

သူဟာ နယူးကာဆယ်ကို ၁၄ နှစ်ကြာပိုင်ဆိုင်ခဲ့ပြီး

အသင်းအတွက်လုံလောက်တဲ့ထောက်ပံ့မှုမပေးနိုင်လို့

ပရိသတ်အများစုက သူ့ကိုမကျေမနပ်ဖြစ်ခဲ့ကြတာပါ။

ဒါကြောင့်ဒါဘီကိုတန်းမဆင်းရအောင် ရုန်းတင်ပေးနေတဲ့

နည်းပြ ရူနီနဲ့လည်းရေရှည်မဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဒါဘီဟာချန်ပီယံရှစ်မှာ ၂၁ မှတ်လျှော့ခံခဲ့ရပေမယ့် ရူနီရဲ့ရုန်းကန်ပေးမှုနဲ့အတူ

၁၁ မှတ်ပြန်ရထားလို့ တန်းမဆင်းရရေးမျှော်လင့်ချက် အနည်းငယ်ရှိနေပါသေးတယ်။

သူတို့ဟာဒီကနေ့ညမှာလည်း အက်ဖ်အေဖလားတတိယအဆင့်အဖြစ်

ကွန်ဗန်ထရီနဲ့အဝေးကွင်းကစားရမှာဖြစ်ပါတယ်။

zawgyi

ဒါဘီေကာင္တီအသင္းကိုေပါင္သန္း ၅၀ နဲ႔ဝယ္ယူဖို႔  နီးစပ္ေနတဲ့ မိုက္အက္ရွ္ေလ

အဝတ္အစားေတြထုတ္လုပ္ေရာင္းခ်ေနတဲ့ Sports Direct အႀကီးအကဲနဲ႔

နယူးကာဆယ္အသင္းပိုင္ရွင္ေဟာင္းျဖစ္တဲ့ မိုက္အက္ရွ္ေလ ဟာ

ဒါဘီေကာင္တီအသင္းကိုေပါင္သန္း ၅၀ နဲ႔ဝယ္ယူဖို႔

ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

ဒီသိုးထီးေတြဟာ ဘ႑ာေရးျပႆနာေတြေၾကာင့္ စက္တင္ဘာလကတည္းက

အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာအေျပာင္းအလဲကို ခံယူခဲ့ရၿပီးအသင္းလည္း

၂၁ မွတ္ေလွ်ာ့ခံလိုက္ရလို႔ နည္းျပ ဝိန္း႐ူနီ ကအတင္းဆြဲတင္ေပးေနရပါတယ္။

ဒါေၾကာင့္လည္း ဒါဘီအတြက္ပိုင္ရွင္သစ္ေတြကိုလိုအပ္ေနတာျဖစ္ၿပီး

ဒါမွသာလ်င္ကစားသမားေကာင္းအခ်ိဳ႕ေခၚယူအင္အားျဖည့္ကာ

ဒါဘီကိုတန္းမဆင္းရေအာင္လုပ္ႏိုင္လိမ့္မယ္လို႔ ဆိုေနၾကတာပါ။

မိုက္အက္ရွ္ေလ ဟာၿပီးခဲ့တဲ့ေအာက္တိုဘာလကနယူးကာဆယ္အသင္းကို

ေဆာ္ဒီလူမ်ိဳးပိုင္ရွင္ေတြဆီေပါင္ ၃၀၅ သန္းနဲ႔ေရာင္းခ်ခဲ့သူျဖစ္ပါတယ္။

လက္ရွိမွာသူဟာ ဒါဘီကိုတကယ္ဝယ္ယူဖို႔လည္းႀကိဳးစားေနလို႔

ပိုင္ဆိုင္ဖို႔နီးစပ္ေနၿပီလို႔လည္း The Mirrorသတင္းစာႀကီးကေဖာ္ျပပါတယ္။

လက္ရွိမွာ ဒါဘီအသင္းကိုယာယီစီမံခန႔္ခြဲေနတဲ့ Quantuma အဖြဲ႕ဟာ

ၿပီးခဲ့တဲ့ ၄၈ နာရီအတြင္းမွာမိုက္အက္ရွ္ေလနဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီး

တိုးတက္မႈေတြလည္းရွိေနလို႔ မၾကာခင္မွာ အက္ရွ္ေလ က

ဒါဘီကိုပိုင္ဆိုင္သြားၿပီဆိုတာကို အတည္ျပဳႏိုင္လိမ့္မယ္လို႔လည္း

The Telegraph သတင္းစာႀကီးကေဖာ္ျပခဲ့ပါတယ္။

အက္ရွ္ေလဘက္က ကမ္းလွမ္းတဲ့တန္ေၾကးဟာဒါဘီဥကၠဌေဟာင္း

အန္ဒ႐ူးအက္ပဲလ္ဘိုင္၊ အမႈေဆာင္အရာရွိေဟာင္း ဆမ္ရက္ရွ္၊

ဝုဗ္အႀကီးအကဲေဟာင္းဂ်က္ဇ္မိုေဆး တို႔ပါဝင္တဲ့

General Sports Worldwide ရဲ႕ကမ္းလွမ္းထားမႈထက္ပိုမ်ားလို႔

ျဖစ္ႏိုင္ေခ်ရွိေနတာပါ။ ဒါဘီကိုၿပီးခဲ့တဲ့ႏိုဝင္ဘာလက

အေမရိကန္လုပ္ငန္းရွင္ ခရစၥခရစ္ရွ္နာ ကဝယ္ယူဖို႔ကမ္းလွမ္းခဲ့ေပမယ့္

ေနာက္ဆုတ္သြားခဲ့လို႔ ပြက္ေလာ႐ိုက္ခဲ့ပါေသးတယ္။

အက္ရွ္ေလ ကသာဒါဘီကိုပိုင္ဆိုင္ခဲ့မယ္ဆိုရင္

သူဟာေဘာလုံးေလာကထဲကိုအျမန္ဆုံးျပန္လည္ဝင္ေရာက္လာတဲ့

ပိုင္ရွင္ျဖစ္လာပါလိမ့္မယ္။

သူဟာ နယူးကာဆယ္ကို ၁၄ ႏွစ္ၾကာပိုင္ဆိုင္ခဲ့ၿပီး

အသင္းအတြက္လုံေလာက္တဲ့ေထာက္ပံ့မႈမေပးႏိုင္လို႔

ပရိသတ္အမ်ားစုက သူ႔ကိုမေက်မနပ္ျဖစ္ခဲ့ၾကတာပါ။

ဒါေၾကာင့္ဒါဘီကိုတန္းမဆင္းရေအာင္ ႐ုန္းတင္ေပးေနတဲ့

နည္းျပ ႐ူနီနဲ႔လည္းေရရွည္မျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။

ဒါဘီဟာခ်န္ပီယံရွစ္မွာ ၂၁ မွတ္ေလွ်ာ့ခံခဲ့ရေပမယ့္ ႐ူနီရဲ႕႐ုန္းကန္ေပးမႈနဲ႔အတူ

၁၁ မွတ္ျပန္ရထားလို႔ တန္းမဆင္းရေရးေမွ်ာ္လင့္ခ်က္ အနည္းငယ္ရွိေနပါေသးတယ္။

သူတို႔ဟာဒီကေန႔ညမွာလည္း အက္ဖ္ေအဖလားတတိယအဆင့္အျဖစ္

ကြန္ဗန္ထရီနဲ႔အေဝးကြင္းကစားရမွာျဖစ္ပါတယ္။