“ဒါတွေက ချန်ပီယံတွေပဲ………” ဆိုတဲ့ သီချင်းကြီးကို မုန်းတယ်လို့ ဇာဗီ ပြောဆို

ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင်မှာတော့ ဘာစီလိုနာနည်းပြဇာဗီက

ချန်ပီယံလိဂ်သီချင်းသံကိုမုန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါတွေက ချန်ပီယံတွေပဲ………” ဆိုတဲ့ ပွဲမတိုင်ခင်သံစဉ်နဲ့အတူ

ဥရောပရဲ့အမြင့်ဆုံးကလပ်တွေသာပါဝင်ခွင့်ရတဲ့ ပြိုင်ပွဲရဲ့သီချင်းသံကို

ကျွန်တော်တို့မသီဆိုမိခဲ့ဘူးဆိုရင် ဟန်ဆောင်ရာကျပါလိမ့်မယ်။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ သူ့ရဲ့အိပ်ယာနှိုးစက်မှာ

ဒီသီချင်းသံစဉ်ကိုထည့်ထားပြီး အရမ်းကိုသဘောကျနှစ်ခြိုက်သူဖြစ်တယ်။

ဟာလန်းရဲ့လုပ်ရပ်က နော်ဝေလက်ရွေးစင်အသင်းအတွက်

တရားမျှတမှုမရှိဘူးလို့ဆိုနိုင်ပေမဲ့ ဥရောပညချမ်းတေးသွားကြီးက

ကြက်သီးထဖို့ကောင်းလောက်အောင်ဆွဲဆောင်ထားတာပါ။

ဒါပေမဲ့ ဘာစီလိုနာနည်းပြဇာဗီကတော့ လက်ရှိအနေအထားမှာ

ဒီသီချင်းကိုလိုက်ဆိုချင်စိတ်ရှိမှာမဟုတ်ပါဘူး၊ သူမုန်းတီးနေလို့ပါ။

“အိမ်မှာနေရင်း ချန်ပီယံလိဂ်သီချင်းကိုနားထောင်ရတာကိုက

ကျွန်တော့်အတွက်ဒေါသထွက်စရာအဖြစ်ရှိနေတုန်းပဲ။

သမိုင်းနဲ့ကြီးကျယ်ခမ်းနားမှုအတွက် ငါတို့ အဲ့ဒီမှာရှိနေသင့်တယ်” လို့

ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ

ဇာဗီကပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသင်းဟာ ချန်ပီယံလိဂ်

ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်တော့ မထိုက်တန်ဘူးလို့

ဇာဗီက ဝန်ခံခဲ့ပါတယ်။ “အမှန်တရားကိုရင်ဆိုင်ရမယ်။

ကျန်တဲ့အသင်းတွေလိုပဲ အရမ်းလှပတဲ့ယူရိုပါလိဂ်ပြိုင်ပွဲအတွက်

စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ဆုဖလားအောင်မြင်မှုမရတာ

ရာသီအနည်းငယ်ကြာနေပြီဖြစ်လို့ ဖလားရဖို့ကအရေးကြီးပြီး

အထူးသဖြင့်တော့ ဥရောပပြိုင်ပွဲမျိုးမှာဖြစ်တယ်။

ဥရောပမှာယှဉ်ပြိုင်နိုင်တယ်ဆိုတာကို သံသယဖြစ်စရာမလိုလောက်တဲ့

စမ်းသပ်မှုတစ်ခုပါပဲ” လို့ ဘာစီလိုနာနည်းပြက ပြောဆိုသွားပါတယ်။

zawgyi

“ဒါေတြက ခ်န္ပီယံေတြပဲ………” ဆိုတဲ့ သီခ်င္းႀကီးကို မုန္းတယ္လို႔ ဇာဗီ ေျပာဆို

ယူႏိုက္တက္နဲ႔ပြဲစဥ္မတိုင္ခင္မွာေတာ့ ဘာစီလိုနာနည္းျပဇာဗီက

ခ်န္ပီယံလိဂ္သီခ်င္းသံကိုမုန္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဒါေတြက ခ်န္ပီယံေတြပဲ………” ဆိုတဲ့ ပြဲမတိုင္ခင္သံစဥ္နဲ႔အတူ

ဥေရာပရဲ႕အျမင့္ဆုံးကလပ္ေတြသာပါဝင္ခြင့္ရတဲ့ ၿပိဳင္ပြဲရဲ႕သီခ်င္းသံကို

ကြၽန္ေတာ္တို႔မသီဆိုမိခဲ့ဘူးဆိုရင္ ဟန္ေဆာင္ရာက်ပါလိမ့္မယ္။

မန္စီးတီးတိုက္စစ္မႉး ဟာလန္းဟာ သူ႔ရဲ႕အိပ္ယာႏႈိးစက္မွာ

ဒီသီခ်င္းသံစဥ္ကိုထည့္ထားၿပီး အရမ္းကိုသေဘာက်ႏွစ္ၿခိဳက္သူျဖစ္တယ္။

ဟာလန္းရဲ႕လုပ္ရပ္က ေနာ္ေဝလက္ေ႐ြးစင္အသင္းအတြက္

တရားမွ်တမႈမရွိဘူးလို႔ဆိုႏိုင္ေပမဲ့ ဥေရာပညခ်မ္းေတးသြားႀကီးက

ၾကက္သီးထဖို႔ေကာင္းေလာက္ေအာင္ဆြဲေဆာင္ထားတာပါ။

ဒါေပမဲ့ ဘာစီလိုနာနည္းျပဇာဗီကေတာ့ လက္ရွိအေနအထားမွာ

ဒီသီခ်င္းကိုလိုက္ဆိုခ်င္စိတ္ရွိမွာမဟုတ္ပါဘူး၊ သူမုန္းတီးေနလို႔ပါ။

“အိမ္မွာေနရင္း ခ်န္ပီယံလိဂ္သီခ်င္းကိုနားေထာင္ရတာကိုက

ကြၽန္ေတာ့္အတြက္ေဒါသထြက္စရာအျဖစ္ရွိေနတုန္းပဲ။

သမိုင္းနဲ႔ႀကီးက်ယ္ခမ္းနားမႈအတြက္ ငါတို႔ အဲ့ဒီမွာရွိေနသင့္တယ္” လို႔

ယူႏိုက္တက္နဲ႔ပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ

ဇာဗီကေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔အသင္းဟာ ခ်န္ပီယံလိဂ္

ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ေတာ့ မထိုက္တန္ဘူးလို႔

ဇာဗီက ဝန္ခံခဲ့ပါတယ္။ “အမွန္တရားကိုရင္ဆိုင္ရမယ္။

က်န္တဲ့အသင္းေတြလိုပဲ အရမ္းလွပတဲ့ယူ႐ိုပါလိဂ္ၿပိဳင္ပြဲအတြက္

စိတ္လႈပ္ရွားေနပါတယ္။ ကြၽန္ေတာ္တို႔ဆုဖလားေအာင္ျမင္မႈမရတာ

ရာသီအနည္းငယ္ၾကာေနၿပီျဖစ္လို႔ ဖလားရဖို႔ကအေရးႀကီးၿပီး

အထူးသျဖင့္ေတာ့ ဥေရာပၿပိဳင္ပြဲမ်ိဳးမွာျဖစ္တယ္။

ဥေရာပမွာယွဥ္ၿပိဳင္ႏိုင္တယ္ဆိုတာကို သံသယျဖစ္စရာမလိုေလာက္တဲ့

စမ္းသပ္မႈတစ္ခုပါပဲ” လို႔ ဘာစီလိုနာနည္းျပက ေျပာဆိုသြားပါတယ္။