ဒါက ဒီလိုရှိပါတယ်.. 4-0 နဲ့ရှုံးပါတယ်….. အာတီတာ

အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ အာဆင်နယ်ပွဲမှာ နှစ်ဖက် နည်းပြတွေဟာ

ဒေါသတကြီး အော်ဟစ် ရန်ဖြစ်ခဲ့တာကြောင့် အဝါကဒ်ကိုယ်စီ

ပြသခံခဲ့ရပါတယ်။နှစ်ဖက်အသင်းသား အနည်းငယ် ထိတွေ့မှုဖြစ်ခဲ့တဲ့

အခြေအနေကို နည်းပြနှစ်ဦးက မတူညီတဲ့ အမြင်တွေနဲ့

ကာကွယ်မှုတွေ လုပ်ရာက စကားများခဲ့ကြတာဖြစ်ပြီး အဆိုပါ

အခိုက်အတန့်ကပဲ ပွဲရဲ့ အနေအထားကို သက်ရောက်မှုတွေ ရှိစေခဲ့တာဖြစ်ပါတယ်။

အာတီတာနဲ့ အချင်းများခဲ့တဲ့ အကြောင်းအရင်းကို

ကလော့ပ်က “ဒီကိစ္စဟာ သိပ်ပြီး ကြီးကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော် ဒီကိစ္စကို ပြောပြဖို့ လိုအပ်ပါတယ်။ ဖြစ်ခဲ့တဲ့

အခြေအနေကတော့ တကယ် ရှင်းလင်းပါတယ်။ ဘာမှ ကြီးကြီးမားမား

မဟုတ်ခဲ့ပါဘူး။ ကစားသမား ၂ ဦး အပြိုင်ခုန်ခဲ့ကြပြီး တစ်ဦးနဲ့ တစ်ဦး

မထိခဲ့ကြပါဘူး။ အနည်းဆုံးတော့ foul ဘော မဟုတ်ခဲ့ပါဘူး။

အာဆင်နယ် အရန်ခုံတန်းဟာ ဒီအတွက် အပြင်းအထန်

စောဒကတက်ခဲ့ကြတာကြောင့် ကျွန်တော်က ‘ဒီအတွက်

မင်းတို့ ဘာလိုချင်လို့လဲ? ဘာလိုချင်လို့လဲ?’ လို့ ပြောခဲ့ပါတယ်။”

“ထိတွေ့မှု မရှိခဲ့ပေမယ့် သူတို့ အားလုံးဟာ ဆာဒီယိုကို

အဝါကတ် ထိစေချင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေမှာ အားလုံးဟာ

ဆာဒီယိုကို အဝါကတ်ထိအောင် ကြိုးစားမှုတွေ အပေါ်

ကျွန်တော် စိတ်ပျက်နေပါပြီ။ သူဟာ တွန်းတွန်းတိုက်တိုက်

ကစားတဲ့သူပါ။ ဒါပေမယ့် သူဟာ ပြိုင်ဘက်ကို ထိခိုက်အောင် foul

လုပ်တဲ့သူ မဟုတ်ပါဘူး။ ခင်ဗျားတို့ မှတ်မိမလား မသိပါဘူး။

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲတုန်းကလည်း သူဟာ ဘာမှ မလုပ်ဘဲ

အဝါကတ် ထိခဲ့ကာ လုံးဝကို out of game ဖြစ်ခဲ့ပါတယ်။

အက်သလက်တီကိုနဲ့ ပွဲတုန်းကလည်း ဒီအတွက်ကြောင့်ပဲ သူ့ကို

လူစားလဲခဲ့ရပါတယ်။ ဒါကတော့ သိပ်မဟုတ်တော့ပါဘူး။ ဒါကြောင့်

အဲဒီအခြေအနေမှာ ကျွန်တော် ဒီလို ပြောခဲ့တာပါ။” လို့ ရှင်းပြလိုက်ပါတယ်။

အာတီတာကတော့ “ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ သူဟာ

သူ့အသင်းအတွက် ကာကွယ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်ကလည်း ကိုယ့်အသင်းအတွက် ကာကွယ်ခဲ့တာပါ။

ဒါပါပဲ။ ဒီကိစ္စဟာ ပြိုင်ဘက်ကို အကူအညီ ဖြစ်စေခဲ့သလား ဆိုတာ

မသိပေမယ့် အန်ဖီးရဲ့ atmosphere ဟာ ပွဲအစကတည်းက

အရမ်းကို ကောင်းနေခဲ့တာပါ။ ပရိသတ်တွေ အတွက် ဒါမျိုးကို

မလိုအပ်ပါဘူး။ ဒါကြောင့် ဒီကိစ္စဟာ ကြီးမားတဲ့ ခြားနားချက်

ဖြစ်စေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ပွဲအပြီးမှာ ကျွန်တော်

ကလော့ပ်နဲ့ စကားပြောခဲ့ပြီး သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ

ကွင်းထဲမှာ ကျန်ခဲ့ပါပြီ။” လို့ ရှင်းပြပါတယ်။

zawgyi

ဒါက ဒီလိုရွိပါတယ္.. 4-0 နဲ႔ရႈံးပါတယ္….. အာတီတာ

အန္ဖီးမွာ ယွဥ္ၿပိဳင္တဲ့ လီဗာပူးနဲ႔ အာဆင္နယ္ပြဲမွာ ႏွစ္ဖက္ နည္းျပေတြဟာ

ေဒါသတႀကီး ေအာ္ဟစ္ ရန္ျဖစ္ခဲ့တာေၾကာင့္ အဝါကဒ္ကိုယ္စီ

ျပသခံခဲ့ရပါတယ္။ႏွစ္ဖက္အသင္းသား အနည္းငယ္ ထိေတြ႕မႈျဖစ္ခဲ့တဲ့

အေျခအေနကို နည္းျပႏွစ္ဦးက မတူညီတဲ့ အျမင္ေတြနဲ႔

ကာကြယ္မႈေတြ လုပ္ရာက စကားမ်ားခဲ့ၾကတာျဖစ္ၿပီး အဆိုပါ

အခိုက္အတန႔္ကပဲ ပြဲရဲ႕ အေနအထားကို သက္ေရာက္မႈေတြ ရွိေစခဲ့တာျဖစ္ပါတယ္။

အာတီတာနဲ႔ အခ်င္းမ်ားခဲ့တဲ့ အေၾကာင္းအရင္းကို

ကေလာ့ပ္က “ဒီကိစၥဟာ သိပ္ၿပီး ႀကီးၾကယ္တဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ္ ဒီကိစၥကို ေျပာျပဖို႔ လိုအပ္ပါတယ္။ ျဖစ္ခဲ့တဲ့

အေျခအေနကေတာ့ တကယ္ ရွင္းလင္းပါတယ္။ ဘာမွ ႀကီးႀကီးမားမား

မဟုတ္ခဲ့ပါဘူး။ ကစားသမား ၂ ဦး အၿပိဳင္ခုန္ခဲ့ၾကၿပီး တစ္ဦးနဲ႔ တစ္ဦး

မထိခဲ့ၾကပါဘူး။ အနည္းဆုံးေတာ့ foul ေဘာ မဟုတ္ခဲ့ပါဘူး။

အာဆင္နယ္ အရန္ခုံတန္းဟာ ဒီအတြက္ အျပင္းအထန္

ေစာဒကတက္ခဲ့ၾကတာေၾကာင့္ ကြၽန္ေတာ္က ‘ဒီအတြက္

မင္းတို႔ ဘာလိုခ်င္လို႔လဲ? ဘာလိုခ်င္လို႔လဲ?’ လို႔ ေျပာခဲ့ပါတယ္။”

“ထိေတြ႕မႈ မရွိခဲ့ေပမယ့္ သူတို႔ အားလုံးဟာ ဆာဒီယိုကို

အဝါကတ္ ထိေစခ်င္ခဲ့ပါတယ္။ ဒီလို အေျခအေနေတြမွာ အားလုံးဟာ

ဆာဒီယိုကို အဝါကတ္ထိေအာင္ ႀကိဳးစားမႈေတြ အေပၚ

ကြၽန္ေတာ္ စိတ္ပ်က္ေနပါၿပီ။ သူဟာ တြန္းတြန္းတိုက္တိုက္

ကစားတဲ့သူပါ။ ဒါေပမယ့္ သူဟာ ၿပိဳင္ဘက္ကို ထိခိုက္ေအာင္ foul

လုပ္တဲ့သူ မဟုတ္ပါဘူး။ ခင္ဗ်ားတို႔ မွတ္မိမလား မသိပါဘူး။

ရီးရဲလ္မက္ဒရစ္နဲ႔ ပြဲတုန္းကလည္း သူဟာ ဘာမွ မလုပ္ဘဲ

အဝါကတ္ ထိခဲ့ကာ လုံးဝကို out of game ျဖစ္ခဲ့ပါတယ္။

အက္သလက္တီကိုနဲ႔ ပြဲတုန္းကလည္း ဒီအတြက္ေၾကာင့္ပဲ သူ႔ကို

လူစားလဲခဲ့ရပါတယ္။ ဒါကေတာ့ သိပ္မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္

အဲဒီအေျခအေနမွာ ကြၽန္ေတာ္ ဒီလို ေျပာခဲ့တာပါ။” လို႔ ရွင္းျပလိုက္ပါတယ္။

အာတီတာကေတာ့ “ဘာမွ ထူးထူးျခားျခား မဟုတ္ပါဘူး။ သူဟာ

သူ႔အသင္းအတြက္ ကာကြယ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။

ကြၽန္ေတာ္ကလည္း ကိုယ့္အသင္းအတြက္ ကာကြယ္ခဲ့တာပါ။

ဒါပါပဲ။ ဒီကိစၥဟာ ၿပိဳင္ဘက္ကို အကူအညီ ျဖစ္ေစခဲ့သလား ဆိုတာ

မသိေပမယ့္ အန္ဖီးရဲ႕ atmosphere ဟာ ပြဲအစကတည္းက

အရမ္းကို ေကာင္းေနခဲ့တာပါ။ ပရိသတ္ေတြ အတြက္ ဒါမ်ိဳးကို

မလိုအပ္ပါဘူး။ ဒါေၾကာင့္ ဒီကိစၥဟာ ႀကီးမားတဲ့ ျခားနားခ်က္

ျဖစ္ေစတယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ပြဲအၿပီးမွာ ကြၽန္ေတာ္

ကေလာ့ပ္နဲ႔ စကားေျပာခဲ့ၿပီး သူ႔ကို ဂုဏ္ျပဳခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ

ကြင္းထဲမွာ က်န္ခဲ့ပါၿပီ။” လို႔ ရွင္းျပပါတယ္။